" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ရဟတ်ယာဉ်. Show all posts
Showing posts with label စစ်ရဟတ်ယာဉ်. Show all posts

Wednesday, February 19, 2020

ဝန်ကြီးဒေါက်တာဝင်းမြတ်အေး လိုက်ပါတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးမှုမရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဖေဖော်ဝါရီ၊ 2020
ကိုနိုင်ကွန်းအိန်

ရခိုင်ခရီးစဉ်များတွင် သယ်ယူပို့ဆောင်ပေးလေ့ရှိသည့် တပ်မတော် ရဟတ်ယာဉ် (ဖေဖော်ဝါရီ ၀၉၊ ၂၀၁၉)
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ စီးလာတဲ့ ရဟတ်ယာဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ တပ်မတော်ဘက်ကတော့ ဒါဟာ ရခိုင်လက်နက် ကိုင် အဖွဲ့ AA က ပစ်တာလို့ စွပ်စွဲပါတယ်။ ဒီအပေါ် AA ဘက်က တုံ့ပြန်တာတော့ ချက်ခြင်း ထွက်မလာ သေး ပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

လူကယ်ပြန် ဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ လိုက် ပါလာသည့် ရဟတ်ယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ

TheVoiceWeekly Journal
နေပြည်တော်၊
ဖေဖော်ဝါရီ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့ လိုက်ပါလာသည့် ရဟတ်ယာဉ်သည် စစ်တွေ မွ ဘူးသီးတောင် အသွားတွင် သေနတ်ဖြင့် အပစ်ခံရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ မွ ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက အတည်ပြုသည်။

လူကယ်ပြန်ဝန်ကြီး စီးနင်းလိုက်ပါလာသည့် စစ်ရဟတ် ယာဉ် ပစ်ခတ်ခံရ

ဧရာဝတီ

ထက်နိုင်ဇော်
19 February 2020
ရခိုင်ပြည်နယ် ခရီးစဉ်တခုတွင် တွေ့ရသည့် တပ်မတော် ရဟတ်ယာဉ် / ကျော်ခ / ဧရာဝတီ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါသွားသည့် တပ်မတော် ရဟတ်ယာဉ်သည် ယနေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ အနီးတွင် လက်နက်ငယ်ဖြင့်အပစ်ခံခဲ့ရကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောသည်။

Thursday, April 4, 2019

စိုင်းတင်ချောင်းတွင် စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှု ၀ါးခုတ်သမား ၆ ဦးသေပြီး ၁၉ ဦးဒဏ်ရာရ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းတွင် ဧပြီလ ၃ ရက် နေ့က ၀ါးခုတ်နေသူများအား စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ ဘင်္ဂလီ လူမျိုး ၀ါးခုတ်သမား ၆ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ ရှိသွား ကြောင်း သတင်းရရှိသည်။

ဖုန်ညိုလိပ်ကျေးရွာမှ မူဆလင်အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍ၀ါက “ သေဆုံးတာ ၆ ဦး ဖြစ်ပါတယ်။ ရေချမ်းပြင်က ၂ ဦးပါ၊ ကင်းတောင် ၁ ဦး၊ သပြုချောင်း ၂ ဦး အပါအ၀င် စုစုပေါင်း ၆ ဦးလို့ သိရပါတယ်။ ဒဏ်ရာ ရ တာက တစ်ဆယ်ကျော်ရှိတယ်လို့ သိရပါတယ်။ ကျောက်ရန်ရွာက ဒဏ် ရာရတာ ၅ ယောက်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

(ဒဏ်ရာရသူ တစ်ဦးကို ဘူးသီးတောင်ဆေးရုံတွင် တွေ့ရစဉ်။)

ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရ သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */