" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 14, 2019

မြန်မာ-ဂမ်ဘီယာ ICJ အမှုမှာ ဂမ်ဘီယာအားသာလို့ သုံးသပ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
ကိုနေမျိုးထွန်း
2019-12-13

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ဘက်က ဥပဒေပညာရှင်တွေ၊ နိုင်ငံကိုယ်စားပြုသူတွေ ၃ ရက်ကြာ လျှောက်လဲချက်တွေကို အပြိုင်အဆိုင်ချေပ တင်သွင်းခဲ့ကြတာကို ဥပဒေရှုထောင့်အရ သုံးသပ်တဲ့ အခါ ဂမ်ဘီယာနိုင်ငံဘက်က အားသာနေတယ်လို့ ပြည်တွင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။

 နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ဘက်က ဥပဒေပညာရှင်တွေ၊ နိုင်ငံကိုယ်စားပြုသူတွေ ၃ ရက်ကြာ လျှောက်လဲချက်တွေကို အပြိုင်အဆိုင်ချေပ တင်သွင်းခဲ့ကြတာကို ဥပဒေရှုထောင့်အရ သုံးသပ်တဲ့ အခါ ဂမ်ဘီယာနိုင်ငံဘက်က အားသာနေတယ်လို့ ပြည်တွင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။

၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ်ကို ချိုးဖောက်မှုနဲ့ စွဲဆိုပြီးတော့ ဂမ်ဘီယာနိုင်ငံကမြန်မာနိုင် ငံ ကို ICJ တရားရုံးကနေ ကြားဖြတ်အရေးယူမှု Provisional Measure ကို ချမှတ်ပေးဖို့တင်ပြခဲ့ပါတယ်။ မြန် မာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်တဲ့ Middlesex University of London ရဲ့ ပါမောက္ခ ဝီလီယံ ရှဘတ်စ် က တပ်မတော်ရဲ့ဆောင်ရွက်ချက်က လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတစ်ခုလို့ဆိုနိုင်ပေမယ့်၊ ရည် ရွယ်ချက်ရှိရှိ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာ မဟုတ်ဘူးလို့ ချေပငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျူးလွန်ခဲ့သူတွေ ကို ပြည်တွင်းဥပဒေတွေနဲ့အညီ အရေးယူနေတာရှိကြောင်း၊ ဒါကြောင့် ဂမ်ဘီယာဘက်က တောင်းဆိုတဲ့ ကြားဖြတ်စီရင်ချက်တစ်ရပ်ကို မဆောင်ရွက်သင့်ကြောင်း၊ မြန်မာကို ICJ အမှုကနေ ပယ်ဖျက်ပေးသင့် ကြောင်း လျှောက်ထားခဲ့ပါတယ်။

ICJ ကြားနာချက်တွေအပေါ် နှစ်ဖက်စလုံးက ဥပဒေတွေ၊ အချက်အလက်တွေနဲ့ သေချာတင်ပြခဲ့ကြကြောင်း နဲ့ ဒီအမှုရဲ့ အဓိက အဆုံးအဖြတ်ဟာ စီရင်ပိုင်ခွင့်ရှိ မရှိဆိုတဲ့ ကိစ္စဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သုံးသပ်ပါတယ်။                                                                                        kyimyint-350.JP
“ဒီမှုမှာ အဓိက အဆုံးအဖြတ်က စီရင်ပိုင်ခွင့် ရှိမရှိဆိုတဲ့ ကိစ္စပဲ။ စီရင် ပိုင် ခွင့်မရှိဘူးလို့ မြန်မာနိုင်ငံ ခုခံတဲ့ လမ်းကြောင်းဘက်က ခုခံတာဟာ ကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် အဲဒီအမှုက ဖယ်ရှားလိုက်ယုံပဲ ဆက်သွားစရာမလိုတော့ဘူး။ တကယ်လို့ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဂမ်ဘီ ယာ ဘက်က လျှောက်လဲချက်ကို အသားပေးလိုက်မယ်ဆိုရင် ဒီအမှု က ဆက်သွားမယ်။ အဲဒီလို စီရင်ပိုင်ခွင့်ရှိတယ်လို့ ပြောလိုက်တယ် ဆို ရင်တော့ ကြားဖြတ်အမိန့်ချဖို့ကတော့ သေချာသလောက်ပဲ။ ဘာ လို့လဲဆိုတော့ ကျွန်တော်တို့က ဒီဟာရဲ့ သဘော သဘာဝကို သိနေပြီ”ဒါဟာ မူလအမှုဖြစ်တဲ့ လူမျိုးသတ်ဖြတ်မှုရှိ မရှိနဲ့ မသက်ဆိုင်ဘဲ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကြားဖြတ် အမိန့် ချမှတ်သင့်ကြောင်း လျှောက်လဲချက် စီရင်ပိုင်ခွင့်ရှိ မရှိအပေါ် ရှေ့နေဦးကြီးမြင့် သုံးသပ်သွားတာပါ။

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မြန်မာနိုင်ငံဘက်က ထုချေမှုဟာ လူမျိုးတုံးသတ်ဖြတ် ဖို့ မရည်ရွယ်ပါဘူးလို့ လမ်းကြောင်းကနေ သွားနေတာ ဖြစ်တာကြောင့် သူ့အနေနဲ့ သဘောတူ တယ်လို့ ပြောပါတယ်။
theinthanoo-350.jpg
“အိုင်စီစီရဲ့ အခြေခံစာချုပ် ပုဒ်မ ၆ ပြဌာန်းထားတဲ့အချက်တွေအရ ဖြစ် ပွားကျူးလွန်တဲ့ ပြစ်မှုတွေမှာ အဓိက အားဖြင့် တင်သွင်းသူ လူမျိုးအုပ် စုတစ်စု၊ ယဉ်ကျေးမှု အုပ်စုတစ်စု၊ ဘာသာရေး အုပ်စုတစ်စုတွေထဲက အ စိတ် အပိုင်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ချေမှုန်းတယ်၊ အခုလို ဖြစ် ပျက်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို မရည်ရွယ်ပါဘူးဆိုတဲ့အချက်လမ်းကြောင်းကနေ သွားနေတာကို တွေ့ရပါတယ်။ ဒါအမှန် ပါပဲ ဒီလမ်းကြောင်းက ထုချေလို့ရမှာ။ မဟုတ်ဘူး၊ မသိဘူး၊ အလကားပြောတာ၊ လုပ်ကြံတာ၊ လိမ်ညာတာ အဲဒီလိုတော့ ပြောလို့ ရမှာမဟုတ်ဘူး။ နိုင်ငံတကာအဆင့် ပညာရှင်တွေ ပါဝင်တဲ့ ခုံရုံဖြစ် တယ်။ အဲဒီတော့ သဘောတူပါတယ် ကျွန်တော်တို့ဘက်က ထုချေမှုကို”

ဂမ်ဘီယာဘက်က စွဲချက်တင်ထားတဲ့ ကြားဖြတ်အရေးယူမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အချက် ၇ ချက်လောက် ထုချေ တင်သွင်းစရာတွေ ရှိနေတာကြောင့် ဥပဒေရှု့ထောင့်အရ ဂမ်ဘီယာနိုင်ငံဘက်က အား သာနေတယ်လို့ ဦးသိန်းသန်းဦး က သုံးသပ်ပါတယ်။

“ကျွန်တော်အထင်တော့နော် ကြားဖြတ်ကြားနာမှုနဲ့ ပတ်သက်လို့ ၇ ချက်လောက်ပေါ့ဗျာ မြန်မာဘက်က ထုချေတင်သွင်းစရာတွေ ပေါ်တယ်ဗျ။ ရိုဟင်ဂျာ ခုနှစ်သိန်း တစ်ဘက်နိုင်ငံကို ရောက်နေတယ်။ ဘယ်သူကြောင့်လဲ ဘယ်ဝါကြောင့်လဲ ကျွန်တော်တို့လုပ်တာမဟုတ်ဘူးဆိုတာ ငြင်းရလိမ့်မယ်။ အင်းဒင် မှာဖြစ် ပွားတဲ့အမှု စုံစမ်းစစ်ဆေးပြီးတော့ ပြစ်ဒဏ်ကို သာမန်ချပြီး ပြန်လွှတ်လိုက်တာလဲ ကျွန်တော်တို့ မငြင်းနိုင် ဘူး။ အဲဒါတွေနဲ့ ပတ် သက်လို့ ကျွန်တော်တို့ဘက်က ထုချေတင်သွင်းဖို့ရှိတဲ့အတွက် Provisional Measure ယာယီအားဖြင့် ကြိုတင်တောင်းဆိုတဲ့ အချက်မှာတော့ တစ်ဖက်က အားသာနေတယ်လို့ ကျွန်တော် ဥပဒေရှု့ထောင့်ဖက်က မြင်ပါတယ်”

ဒီအမှုရဲ့ အရေးကြီးဆုံးအချက်က ဆုံးဖြတ်မယ့် တရားသူကြီးတွေဖြစ်ပြီး တရားသူကြီးတွေရဲ့ဆုံဖြတ်မဲ ၉ မဲရရှိမှ အနိုင်အရှုံးပေါ်မှာ ဖြစ်တာကြောင့် ဂမ်ဘီယာနိုင်ငံက ၉ မဲရှိဖို့ လွယ်ကူနေသလို မြန်မာနိုင်ငံ ဘက်က တော့ ရဖို့ခက်ခဲတဲ့အတွက် စိုးရိမ်တယ်လို့ ဦးကြီးမြင့်က ဆိုပါတယ်။

အခုလို ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး အနိုင် အရှုံး ရလဒ်တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနိုင်သလို ဆိုးတဲ့အကျိုးဆက်တွေဖြစ်နိုင်လို့ ပေါ့ပေါ့တန်တန် မလုပ်ကြဖို့လည်း ဦးကြီး မြင့်က ပြောပါတယ်။

“နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နိုင်ရင်လည်းပဲ ကျွန်တော်တို့ လူ့အခွင့်အရေးကို ချိုးဖောက်ခံရမှာ ကြောက်တယ်။ နိုင်ငံတကာကလည်း ဘာပဲပြောပြော သူတို့ ပိတ်ဆို့မှာပဲ မြန်မာကိုတော့။ နောက်တစ်ခါ ရှုံးပြီဆိုရင်တော့ ဆိုးတာပေါ့ဗျာ၊ အများကြီးကို ဆိုးတယ်လို့ ဒါကြောင့်မို့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန် ဒါ ကအရေးမကြီးပါဘူးလို့ ပြောနေတာကို ကျွန်တော်က မထောက်ခံဘူး”

မနေ့က မြန်မာနိုင်ငံဘက်က ခုခံချေပမှု အဆုံးသတ်မှာ သဘာပတိဖြစ်တဲ့ တရားသူကြီးက ဒီအမှုပတ်သက် ပြီး ဂမ်ဘီယာရဲ့ ကြားဖြတ်အရေးယူပေးရေး တောင်းဆိုချက် အဆုံးအဖြတ်ကို အများပြည်သူရှေ့မှာ ထုတ်ပြန် ကြေ ညာသွားမှာဖြစ်ပါတယ်။

ဒီကြားဖြတ်အမိန့်နဲ့ ပတ်သက်လို့ ICJ တရားရုံးက နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမှာဖြစ်ပြီး အဲဒီဆုံး ဖြတ် ချက်ပေါ် မူတည်ပြီး ရက် ၄၀ အတွင်း လိုက်နာမှုရှိမရှိ တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်ာ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */