" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, October 21, 2022

ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာက သဘောတူဟု ဘင်္ဂလားဒေ့ရှ် ပြော

မဇ္စျိမ 

By Anadolu Agency
21 October 2022

မြန်မာသည် ၂၀၁၇ နိုဝင်ဘာလက လက်မှတ်ထိုးထားသည့် သဘောတူညီချက်တစ်ရပ်အောက်တွင် ရိုဟင်ဂျာဒုက္ခ သည်များကို ပြန်လည်လက်ခံမည်ဟု သဘောတူထားကြောင်း ဘင်္ဂလားဒေ့ရှ်က အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

“သတင်းကောင်းကတော့ လက်ရှိ မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံခေါ်ယူဖို့ သ ဘော တူ ထားတာပဲဖြစ်တယ်။ အဲဒီအတွက် သူတို့ ရခိုင်ပြည်နယ်မှာ အဆောက်အအုံတွေလည်း စီစဉ်ဆောက် လုပ်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန်က မြို့တော် ဒါကာတွင် ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရိုဟင်ဂျာ အယောက် ၁ဝဝ ကျော် ရန်ကုန်မှာ ဖမ်ဆီးခံရ

RFA
Radio Free Asia
2022.10.21
ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။ Photo: Citizen Journalist

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁ဝ ရပ်ကွက်၊ ဧရာဝတီလမ်းက နေအိမ်တစ်လုံးမှာ တည်းခိုနေတဲ့ ရိုဟင်ဂျာ ၁၁၇ ဦး အောက်တိုဘာ ၂ဝ ရက်ညက ဖမ်းဆီးခံလိုက်ရပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၇၈ ယောက်၊ အမျိုးသမီး ၃၉ ယောက်အပြင် ကားနှစ်စီးနဲ့ တခြား မြန်မာ လေးယောက်လည်း ပါတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဒီလောက်လူအများကြီးကို အချုပ်ထဲထည့်ဖို့တော့ မဖြစ်နိုင်ဘူး၊ သူတို့ကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ရိုဟင်ဂျာတွေပါ။ အထူးသဖြင့် မလေးရှားကို ထွက်ဖို့ လာကြတာ များပါတယ်။"

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခကြီးထွား လာ

VOA
၂၁ အောက်တိုဘာ၊ ၂၀၂၂
ဆုမွန်

 

Link : Here --

Thursday, October 20, 2022

အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦး အား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

နိရဉ္စရာ၊
အောက်တိုဘာ ၂၀/၂၀၂၂

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော် (AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော် နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။

အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲ ဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။

Wednesday, October 19, 2022

တရုတ် ကွန်မြူနစ်ပါတီ ကွန်ဂရက် အကြောင်း တစေ့တ စောင်း

BBC
၁၄ အောက်တိုဘာ ၂၀၂၂
ဒေးဗစ် ဘရောင်း
BBC News Visual Journalism Team

တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီဟာ ၁၉၇၀ နှစ်တွေတဝိုက်က မော်စီတုန်း နောက်ပိုင်း သြဇာအကြီးဆုံးခေါင်းဆောင်လို့ သတ်မှတ်ရမယ့် ရှီ ကျင့်ဖျင်ကို တတိယအကြိမ်အဖြစ် အာဏာ ၅ နှစ် သက်တမ်းကို လွှဲအပ်လိမ့်မယ် လို့ မှန်းဆ နေကြပါတယ်။

အာဏာသက်တမ်းက နှစ်ကြိမ်သာဆိုတဲ့ ကန့်သတ်ချက်ကို ၂၀၁၈ မှာ ဖျက်သိမ်း ထားပြီးတဲ့နောက် အခုလာတော့မယ့် ဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံအပေါ် သူ့ရဲ့ အာဏာ ထိန်းချုပ်နိုင်တဲ့ စွမ်းအား ထပ်တိုးမြှင့် ပေးလိုက်မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ အသက် ၆၉ နှစ်ရှိနေပြီဖြစ်တဲ့ မစ္စတာ ရှီဟာ အာဏာကို သူ့တသက်လုံး ယူသွားနိုင်ခြေလည်းရှိပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဆိုတာ ဘယ်လိုအဖွဲ့စည်းမျိုးလဲ။

Unicode
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့စည်း (United Nations) ပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်း နဲ့ အဖွဲစည််းရဲ့အခြေခံ အချက် အလက်လေးတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။ကမ္ဘာ‌ေပါ်မှာ လူအသေအပျောက် အမ်ားဆုံး နဲ့ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးနှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၄-၁၉၁၈ ကာလတွင်းမှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့ပြီး၊ ဆယ်စုနှစ် နှစ်ခုပတ်၀န်းကျင်အကြာ ၁၉၃၉-၁၉၄၅ ကာလတွေကိုတော့ ဒုတိယကမ္ဘာစစ်ကလွှမ်းမိုးခဲ့ပါတယ်။

ပထမကမ္ဘာစစ်ကြီးအပြီးမှာတော့ နောက်ထပ်ယခုလိုစစ်ပွဲမျိူး‌ေတွထပ်မဖြစ်အောင်ဆိုပြီး အမေရိကန်နိုင်ငံ သမ္မတ Woodrow Wilson ဦးဆောင်မှုနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations ) ကို ၁၉၂၀ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာ ကနဦး အဖွဲ့၀င် ၄၂ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့် လွှတ်တော်၏ အမေရိကန်အဖွဲ့၀င်ခြင်း အစီစဥ်ကို ကန့်ကွက်မှုကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထိရောက်မှုအားနည်းခဲ့ရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ

 

အရှေ့တောင်အာရှ နိုင်ငံ များအကြောင်းပဲဖြစ်ပါတယ်။ 

အရှေ့တောင်အာရှကတော့ အိန္ဒိယ၊ တရုတ် နှင့် ဩစတြေးလျှ တိုက်တို့ ကြား တည်ရှိပြီး ကုန်းပိုင်းဖြစ်တဲ့အ တွက် ကြောင့် အင်ဒိုချိုင်းနားဟု ခေါ်ခဲ့ကြပါသေးတယ်။ ပြင်သစ်တို့က အာနမ်၊ တုန်ကင်၊ ကိုချင်ချိုင်းနား၊ ကမ္ဘောဒီးယား နှင့် လောနိုင်ငံတွေကို သိမ်းယူလိုက်လို့ပြင်သစ်နိုင်ငံကို ပြင်သစ်အင်ဒိုးချိုင်းနားလို့ ခေါ်ခဲ့ကြပါတယ်။ဖိလစ်ပိုင်ပါဝင်တဲ့ ကျွန်းစုပိုင်းကိုတော့ အရှေ့အိန္ဒိယကျွန်းစု လို့ ခေါ်ဆိုကြပါတယ်။နောက်ပိုင်းမှာတော့ အင်ဒိုးနီးရှားလို့ ပြောင်းလဲခဲ့ပါတယ်။
                                                                               

ဂျနီဗာ ကွန်ဗင်းရှင်း ဆိုတာဘာလဲ



ဂျနီဗာကွန်ဗင်းရှင်းဆိုတာကတော့ ခေတ်သစ် စစ်မြေပြင်မှာ ဘယ်လို အရာတွေကို စစ်ရာဇ၀တ်မှုလို့ သတ်မှတ်မလဲ၊ ဘယ်လို လက်နက်တွေအသုံးပြုနိုင်ပြီး ဘာတွေကိုတော့ တားမြစ်ထားလဲ၊ တစ်နည်းအားဖြင့် လူတွေ စစ်ကို ဘယ်လို တိုက်ရမလဲဆိုတာကို ဖော်ပြထားတဲ့ စာချုပ်တွေပဲဖြစ်ပါတယ်။

၁၉ ရာစုနောက်ပိုင်း နည်းပညာ တိုးတက်မှုနဲ့အတူ လူသားတို့ရဲ့ စစ္ပွဲတွေမှာ သုံးတဲ့ လက်နက်တွေဟာ အဖျက်စွမ်းအားကြီးမားလာတယ်။ စစ်ပွဲတစ်ခုမှာ နှစ်ဖက် စစ်သည်တွေအားလုံးဟာ တိုက်ပွဲတွင်း အကူညီမရဘဲ သေ ဆုံးကြရတယ်။ ဒီ အနိဌာန်အာရံု‌ေတွကို ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ဟင်နရီ ဒူးနန့် က ၁၈၅၉ ခုနှစ်က တိုက်ပွဲတစ်ခုမှာ လေ့လာမိပြီး ဒဏ်ရာရသူ စစ်သည်အားလုံးကို ကူညီဖို့ဆိုပြီး ကြက်ခြေနီ အဖွဲ့ကို ဖွဲ့စည်းခဲ့တော့တယ်။ ဒီနေရာမှာ ကြက်ခြေနီ အဖွဲ့က နှစ်ဖက်စစ္သည် ဒဏ္ရာ ရသူအားလုံးကို လူသားချင်းစာနာမှုအရကူညီဖို့ ဆို နိုင်ငံရေးအရ အသိမှတ်ပြုခံရဖို့ လိုအပ်တဲ့ အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပထမဆုံး ဂျနီဗာ စာချုပ်ကို ၁၈၆၄ မှာ ယူရိုပီယံ နိုင်ငံ ၁၂ နိုင်ငံက ရေးထိုးခဲ့ကြတယ်။

Website လမ်းညွှန် Facebook အသုံးပြုနည်း

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့

ISP-MYANMAR
By ISP Admin
On October 18, 2022

မြန်မာနိုင်ငံ ဒုက္ခသည်အခြေအနေ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတင်ပြ

VOA
အင်ကြင်းနိုင်
၁၉ အောက်တိုဘာ၊ ၂၀၂၂
Ambassador U Kyaw Moe Tun presented the refugee situation in Myanmar at the UN. (October 17 2022)

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေအတွက် ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာထက် လက်တွေ့ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ (၁၇)ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကို တင်သွင်းခဲ့တဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အစီရင်ခံစာအပေါ် သံအမတ်ကြီးက တုံ့ပြန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်း သန်းပစ်ခတ်၍ ၂ ရက် အတွင်း အရပ်သား ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

CDMM
ချစ်သဲညှာ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်း သန်း ပစ်ခတ်နေသည့်အတွက် အောက်တိုဘာလ ၁၇ နှင့် ၁၈ ရက် နှစ်ရက် အတွင်း အရပ်သား လေးဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ်မှ ဒေါ်ဦးမြစိန်၊ မလှဆန်းယဉ်၊ မဆန်းနွယ်စိုးနှင့် ကျောက်တော် မြို့နယ်မှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးဖြစ်သည့် ယာမီနာတို့ဖြစ်ပြီး မင်းပြားမြို့နယ်မှ ခြောက်ဦးနှင့် ယနေ့ အောက်တိုဘာ လ ၁၈ ရက်နေ့တွင် ဘူးသီတောင်မြို့နယ်မှ ရိုဟင်ဂျာ လူ ငယ်တစ်ဦး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

Tuesday, October 18, 2022

ဘင်္ဂလားဒေ့ရှ်၌ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အသတ်ခံရ

မဇ္စျိမ
16 October 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ အသိုက်အဝန်း၏ ခေါင်းဆောင်နှစ်ဦးကို လူအုပ်စု တစ်စုက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။ ဒုက္ခသည်ဦးရေ တစ်သန်းနီးပါး နေ ထိုင် နေကြသည့် ကော့ဇ်ဘဇား ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံရေးအခြေအနေက ယိုယွင်းဆိုးရွားလာနေသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်းမြန်မာနိုင်ငံ၌ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန့်ကျဲရှိနေသော ကမ့်စခန်းများတွင် လက်ခံ နေရာပေးထားခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုသည် ယခုအခါ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးတစ်ခုတွင် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ရင်ဆိုင်ထားရသည်။

လက်နက်ကြီးများဖြင့် သုံးပတ်အတွင်း ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

RFA
လွတ်လပ်တဲ့အာရှအသံ
2022.10.18

(၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရိုဟင်ဂျာကလေးများကို တွေ့မြင်ရစဉ်။) ဓာတ်ပုံ- AFP

ဘူးသီးတောင်မြို့နယ် ဂေါ် တာအုပ်စု စိမ်းပြာအုပ်စု သရက်တောင်မူဆလင်ကျေးရွာတွင် အခြေစိုက်သည့်တပ်မ တော်ကောင်စီမှ တပ်မတော်မှ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဒိန်းနင်းမွတ်စလင်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသားတစ်ဦး ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားကြောင်း၊ တပ်မတော် ကောင်စီက လာရောက်ခေါ်ဆောင်သွားကြောင်း ရခိုင်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်သည့် လက်နက် ကြီး ကျရောက် ပေါက်ကွဲ၍ ရိုဟင်ဂျာတစ်ဦး သေဆုံး

THE ARAKAN EXPRESS NEWS
အောက်တိုဘာ ၁၈ ၊ AEN

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာနေ ဦးအီနုစ်သည် အသက် (၄၅)နှစ် သည် စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
 
လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာအနီး စိုက် ခင်းသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၁၁:၀၀ ဝန်းကျင်ခန့်မှ စတင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စိုက်ခင်း အတွင်း ရောက်ရှိနေသည့် အသက်(၄၅)နှစ်အရွယ် ဦးအီနုစ်အား ထိမှန်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရရှိကာ အဆိုပါ ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

Link: Here

Monday, October 17, 2022

မြန်မာ-အစ္စရေး နက်ရှိုင်းသော ဆက်ဆံရေး စာတမ်းကို ထုတ်ဖော်ခဲ့သည်။

BD News
အယ်ဒီတာ ၁
အောက်တိုဘာ ၈၊ ၂၀၂၂


အစ္စရေးနှင့် မြန်မာ (ယခင် မြန်မာနိုင်ငံ) အကြား နက်ရှိုင်းသော ဆက်ဆံရေးကို မီးမောင်းထိုးပြသည့် စာတမ်း တစ်စောင်ကို အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မြန်မာစစ်တပ်မှ ရိုဟင်ဂျာ မွတ် စလင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

အစ္စရေးမီဒီယာ Haarez ၏ အဆိုအရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရွက်စာတမ်းပေါင်း ၂၅၀၀၀ အရ အစ္စရေးစစ်တပ်သည် မြန်မာနိုင်ငံအား ခေတ်မီအင်အား၊ လက်နက်တပ်ဆင်ရေးနှင့် လေ့ကျင့်ရေးများအဖြစ် ပြန်လည်တည်ဆောက်ရန်နှင့် Bolyan မှ ခေတ်မီစစ်လက်နက်ပစ္စည်းများကို စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များသို့ ပံ့ပိုး ပေ ခဲ့ကြောင်း သိရသည်။ ၎င်းသည် စစ်တပ်အား နိုင်ငံအတွင်း ၎င်း၏အာဏာကို ထိန်းသိမ်းရန် ကူညီပေးခဲ့သည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းကို ပစ်မှတ်ထားသတ်ဖြတ်

BD News
ထုတ်ဝေသူ- 14/08/2022 

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပစ်မှတ်ထား သတ်ဖြတ်မှုများ ဖြစ်ပွားနေပါသည်။ စခန်းကို ကြီး စိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ငွေညှစ်မှု အပါအ၀င် ရာဇ၀တ်မှု အမျိုးမျိုးကို ထိန်းချုပ်ရန် အဖွဲ့ခေါင်းဆောင် များကို သတ်ဖြတ်ခြင်း ခံနေရသည်။ ပြီးခဲ့သည့် လေးလအတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရသူ ၁၂ ဦးရှိသည်။ ရိုဟင်ဂျာ ခေါင်းဆောင်တွေအပြင် စခန်းကို ထိန်းချုပ်တဲ့ အဖွဲ့အစည်း အသီး သီးက ခေါင်းဆောင်တွေလည်း ရှိတယ်။

Saturday, October 15, 2022

မြန်မာ့အရေးက ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာတော့မှာလား

dna
Delta News 
October 15, 2022


၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ စစ်ပွဲဇုန်တွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခ အကျပ်အတည်းတွေအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်။ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်း မြို့နယ်မှာ ကျောင်းတစ်ကျောင်းကို ပစ်ခတ်လို့ ကလေးတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ တိုက်ခိုက်မှုကနေ အ သက်ရှင် လွတ်မြောက်လာသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး စာသင်ကျောင်းဟာ တော်လှန်ရေး အင်အား စုတွေရဲ့ ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ် ဆိုတာမျိုး ဖိအားပေး ထွက်ဆိုစေတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကအစ အ လွှာပေါင်းစုံက ပြည်သူ ၂၀၀၀ လောက်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်ပါတယ်လို့ စွပ်စွဲ သတ်ဖြတ်တာ ခံခဲ့ရပြီးပါပြီ။ လူနေအိမ်တွေ၊ ဘာသာရေးနဲ့ ပညာရေး အဆောက် အ အုံတွေ အပါအဝင် ပြည်သူလူထု ပိုင်ဆိုင်မှုပေါင်း ၂၀၀၀၀ ကျော်လည်း ဖြိုချဖျက်ဆီး ခံခဲ့ရပါတယ်။

ရိုဟင်ဂျာ တစ်ထောင်နီးပါး အဖမ်းခံထားရပြီး ၂၀၀ ကျော် ထောင်မိန့်ချခံထားရ

RFA
Radio Free Asia
2022.10.14
စစ်တွေမြို့ အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်။ Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၉၂ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၂၃ ဦးကို စစ်ကောင်စီတရားရုံးတွေက ထောင်နှစ်နှစ်ကနေ ငါး နှစ်အထိ ချမှတ်ထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ အဲဒီ ၉၉၂ ဦးဟာ တချို့က မလေးရှားနိုင်ငံ၊ တချို့က ပြည်တွင်း နေရာတချို့မှာ ပြောင်း ရွှေ့နေထိုင်ဖို့ ကြိုးစားစဉ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ပြည်တွင်း နေရာတချို့မှာ ဖမ်းဆီးခံလိုက်ရတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တုန်းကတော့ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန် ပို့ တာမျိုး လုပ်ဆောင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ မြို့နယ်တရားရုံးတွေကနေ လဝကဥပဒေနဲ့ ထောင်ချတာမျိုးလုပ်လာတာလို့ စစ်တွေမြို့က ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးတင်လှိုင်က ပြော ပါတယ်။

Wednesday, October 12, 2022

ရက္ခိုင်ပြည်နိုင်ငံရေးအလှုပ်အယမ်းနှင့် နောက်ထပ်စစ်ပွဲ တစ်ခု ဖြစ်နိုင်ခြေ

tni
12 October 2022

နစက အစိုးရ နှင့် ရက္ခိုင့်တပ်တော်ကြားတွင် အလွတ်သဘောအပစ်အခတ်ရပ်စဲမှု (de facto ceasefire) လုပ်ထားသော ရက္ခိုင်ပြည်ထဲတွင် တင်းမာမှုများမှာ မြင့်တက်လျက်ရှိသည်။ အမြင်အားဖြင့်ပြောရလျှင် လွန်ခဲ့ သောနှစ် စစ်အာဏာသိမ်းပြီးကတည်းက စတင်ဖြစ်ပေါ်လာသော တစ်နိုင်ငံလုံးအတိုင်းအတာ မတည်မငြိမ်မှု များ နှင့် ရက္ခိုင်ပြည်ထဲ၌ အတိုင်းအတားတစ်ခုထိ တည်ငြိမ်မှုမှာ ပြောင်းပြန်ဖြစ်လျက် ရှိသည်။ 
 
ယခုရေးသားချက်တွင် ကျော်လင်းမှ ပြောင်းလဲနေသော အခင်းအကျင်းများကို ဆန်းစစ် ထားပြီး၊ နှစ်ဖက်ထိပ် တိုက်တိုးမှုများ ခပ်စိပ်စိပ်ရှိလာသော် လည်း ပြင်းထန်သော အကန့်အသတ်မဲ့ အဆုံးအဖြတ်တိုက်ပွဲများအတွက် နှစ်ဖက်စလုံးမှ အဆင် သင့်မဖြစ်သေးကြောင်း ဆိုထားသည်။ သို့သော် လက်တုန့်ပြန်တိုက်ခိုက်မှုများမှာ မြင့် တက် လျက်ရှိပေသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ပြည်တွင်း စစ်ဘေးရှောင်စခန်းတစ်ခု/ ဓါတ်ပုံ-TNI / Photo credit TNI
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */