" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 19, 2022

အရှေ့တောင်အာရှ နိုင်ငံများ

 

အရှေ့တောင်အာရှ နိုင်ငံ များအကြောင်းပဲဖြစ်ပါတယ်။ 

အရှေ့တောင်အာရှကတော့ အိန္ဒိယ၊ တရုတ် နှင့် ဩစတြေးလျှ တိုက်တို့ ကြား တည်ရှိပြီး ကုန်းပိုင်းဖြစ်တဲ့အ တွက် ကြောင့် အင်ဒိုချိုင်းနားဟု ခေါ်ခဲ့ကြပါသေးတယ်။ ပြင်သစ်တို့က အာနမ်၊ တုန်ကင်၊ ကိုချင်ချိုင်းနား၊ ကမ္ဘောဒီးယား နှင့် လောနိုင်ငံတွေကို သိမ်းယူလိုက်လို့ပြင်သစ်နိုင်ငံကို ပြင်သစ်အင်ဒိုးချိုင်းနားလို့ ခေါ်ခဲ့ကြပါတယ်။ဖိလစ်ပိုင်ပါဝင်တဲ့ ကျွန်းစုပိုင်းကိုတော့ အရှေ့အိန္ဒိယကျွန်းစု လို့ ခေါ်ဆိုကြပါတယ်။နောက်ပိုင်းမှာတော့ အင်ဒိုးနီးရှားလို့ ပြောင်းလဲခဲ့ပါတယ်။
                                                                               
အရှေ့တောင်အာရှ ဆိုတဲ့ အသုံးနှုန်း ကိုတော့ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာမှ စတင်သုံးစွခဲ့တာပါ။ စတင်ခေါ်ဝေါ်ခဲ့တာကလည်းဗြိတိသျှ စစ်တပ်က စတင်ခေါ်ဝေါ်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှ ဒေသကို နှစ်ပိုင်း ကြည့်မယ်ဆိုရင်တော့ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ ပါဝင်တဲ့ ကုန်းပိုင်းအရှေ့တောင်အာရှ၊ ကျန်တစ်ပိုင်းဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဘော်နီယို ကျွန်းပေါ်ရှိ ဘရူနိုင်း ဒါရုစလမ် တို့ပါဝင်တဲ့ ကျွန်းစုပိုင်းအရှေ့တောင်အာရှဆိုပြီး ခွဲခြားနိုင်ပါတယ်။ နှစ် ရာစုပိုင်းအထိအရှေ့တောင်အာရှဒေသကို ဥရောပတိုက်သားလူအများမသိခဲ့ကြပါဘူး။

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ် ၊ ဒတ်ချ်၊ အမေရိကန်၊ သြစတြေးလျ စစ် သားများကို ဂျပန်စစ်တပ်က စစ်သုံးပန်အဖြစ် ဖမ်းဆီးချွေးတပ် ဆွဲ ပြီး ယိုးဒယားနှင့် မြန်မာ ဆက်သွယ်သည့် သေမင်းတမန် မီးရထားလမ်းဖောက်လုပ်ရာမှစပြီး နောက်ပိုင်းတဖြည်းဖြည်းလူသိများလာခဲ့ပါတယ်။

၁၉ ရာစုအကုန်ပိုင်းမှာ ထိုင်းနိုင်ငံက လွဲပြီး ကျန်ရှိတဲ့နိုင်ငံတွေကတော့ အနောက်အရင်းရှင်နိုင်ငံများရဲ့ လက် အောက်ကို ကျရောက်ခဲ့ပါတယ်။မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ ဘရုနိုင်းဒါရုဆလမ် နိုင်ငံတို့က နယ်ချဲ့ အင်္ဂလိပ် လက်အောက်ကို ကျရာက်ခဲ့ပြီး လော၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေကတော့ပြင်သစ်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။အင်ဒိုနီးရှား က ဒတ်ချ် လက်အောက်သို့ကျရောက်ခဲ့ပြီး ဖိလစ်ပိုင် ကတော့စပိန် ၊ အမေရိကန်၊ အရှေ့တီမောကတော့ပေါ်တူဂီလက်အောက်ကိုကျရောက်ခဲ့ပါတယ်။

ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ အရင်း ရှင် လက်အောက်မှ လွတ်မြောက်ရန်အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ဖိလစ်ပိုင်နိုင်ငံကတော့ ၁၉၄၆ ခုနှစ်၊ ဇူလိုင်၄ရက်မှာ အမေရိကန်နိုင်ငံမှ လွတ်လပ်ပြီး ဖိလစ်ပိုင်သမ္မတ နိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံလည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှ လက်အောက်မှ လွတ်လပ်မှုရရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် ဩဂုတ်လ တွင် အင်ဒိုနီးရှားတို့ ဒတ်ချ် လက်အောက်မှ လွတ်မြောက်ခဲ့ပြီး အင်ဒိုနီးရှား သမ္မတ နိုင်ငံကိုထူထောင်ခဲ့ပါတယ်။ တီမောလက်စတေ နိုင်ငံကတော့ ၁၉၇၅ နိုဝင်ဘာ ၂၈ ရက်န့တွင် ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဆိုရင်တော့ ၁၉၅၄ ခုနှစ် ဇူလိုင်လ မှာ ဂျီနီဗာ သဘောတူညီချက်အရ မြောက်ပိုင်းကို ဗီယက်နမ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ တောင်းပိုင်းကို ဗီယက်နမ် သမ္မ တ နိုင်ငံအဖြစ် နှစ်ပိုင်းခွဲပြီး ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့ပါတယ်။၁၉၇၆ ခုနှစ် ဇူလိုင် ၂ရက်နေ့မှာ တောင်နှင့်မြောက် ဗီယက်နမ်တို့ပူးပေါင်းပြီး ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ ၁၉၅၄ တွင် ကမ္ဘောဒီးယား၊ ၁၉၇၅ တွင် လာနိုင်ငံတို့သည် ပြင်သစ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုပြည်သူဒီမိုကရက်တစ် သမ္မတ နိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံက ၁၉၅၇၊ ဩ ဂုတ်လ ၃၁ရက်နေ့တွင် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ပြီး မလေးရှား ဖက်ဒရယ် ပြည်ထောင်စုကိုထူ ထောင်ခဲ့ပါတယ်။ စင်ကာပူ အနေနဲ့ကတော့ ၁၉၆၅ ဩဂုတ် ၉ရက်တွင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်သော စင်ကာပူသမ္မတနိုင်ငံကိုထူထောင်ခဲ့ပါတယ်။

ဘရူနိုင်းနိုင်ငံလည်း ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲဲ့ ပြီးဘရူနိုင်းဒါရုဆလမ်နိုင်ငံကိုတည်ထောင်ခဲ့ပါ‌ေသးတယ်။ထိုင်းနိုင်ငံကတော့ တခြားနိုင်ငံတွေနဲ့မတူဘဲ မည့်သည့်ကိုလိုနီ လက်အောက်ကိုမှကျရောက်ခဲ့ခြင်းမရှိပါဘူး။

အပတ်စဉ်ကျောင်းသားတိုင်း၊ လူငယ်တိုင်းအတွက် စိတ်၀င်စားစရာ ‌ဗဟုသုတရစရာ တွေကို တင်ဆက်သွား‌ေပးမယ့် အပြင် Youth Program အခွင့်လမ်းတွေကိုပါမိတ်ဆက်သွားပေးမှာမို့ Learnovate ကို follow လုပ်ပေးကြပါဦး။

--------------------------------------------------------------------------------------------------------------------------------------

Zawgyi

အရှေ့တောင်အာရှ နိုင်ငံများ

အရှေ့တောင်အာရှကတော့ အိန္ဒိယ၊ တရုတ် နှင့် ဩစတြေးလျှ တိုက်တို့ ကြား တည်ရှိပြီး ကုန်းပိုင်းဖြစ်တဲ့အ တွက်ကြောင့် အင်ဒိုချိုင်းနားဟု ခေါ်ခဲ့ကြပါသေးတယ်။ ပြင်သစ်တို့က အာနမ်၊ တုန်ကင်၊ ကိုချင်ချိုင်းနား၊ ကမ္ဘောဒီးယား နှင့် လောနိုင်ငံတွေကို သိမ်းယူလိုက်လို့ပြင်သစ်နိုင်ငံကို ပြင်သစ်အင်ဒိုးချိုင်းနားလို့ ခေါ်ခဲ့ကြပါတယ်။ဖိလစ်ပိုင်ပါဝင်တဲ့ ကျွန်းစုပိုင်းကိုတော့ အရှေ့အိန္ဒိယကျွန်းစု လို့ ခေါ်ဆိုကြပါတယ်။နောက်ပိုင်းမှာတော့ အင်ဒိုးနီးရှားလို့ ပြောင်းလဲခဲ့ပါတယ်။

အရှေ့တောင်အာရှ ဆိုတဲ့ အသုံးနှုန်း ကိုတော့ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာမှ စတင်သုံးစွခဲ့တာပါ။ စတင်ခေါ်ဝေါ်ခဲ့တာကလည်းဗြိတိသျှ စစ်တပ်က စတင်ခေါ်ဝေါ်ခဲ့ကြပါတယ်။ အရှေ့တောင်အာရှ ဒေသကို နှစ်ပိုင်း ကြည့်မယ်ဆိုရင်တော့ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ ပါဝင်တဲ့ ကုန်းပိုင်းအရှေ့တောင်အာရှ၊ ကျန်တစ်ပိုင်းဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဘော်နီယို ကျွန်းပေါ်ရှိ ဘရူနိုင်း ဒါရုစလမ် တို့ပါဝင်တဲ့ ကျွန်းစုပိုင်းအရှေ့တောင်အာရှဆိုပြီး ခွဲခြားနိုင်ပါတယ်။ နှစ် ရာစုပိုင်းအထိအရှေ့တောင်အာရှဒေသကို ဥရောပတိုက်သားလူအများမသိခဲ့ကြပါဘူး။ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ် ၊ ဒတ်ခ်ျ၊ အမေရိကန်၊ သြစတြေးလျ စစ် သားများကို ဂျပန်စစ်တပ်က စစ်သုံးပန်အဖြစ် ဖမ်းဆီးချွေးတပ် ဆွဲ ပြီး ယိုးဒယားနှင့် မြန်မာ ဆက်သွယ်သည့် သေမင်းတမန် မီးရထားလမ်းဖောက်လုပ်ရာမှစပြီး နောက်ပိုင်းတဖြည်းဖြည်းလူသိများလာခဲ့ပါတယ်။

၁၉ ရာစုအကုန်ပိုင်းမှာ ထိုင်းနိုင်ငံက လွဲပြီး ကျန်ရှိတဲ့နိုင်ငံတွေကတော့ အနောက်အရင်းရှင်နိုင်ငံများရဲ့ လက် အောက်ကို ကျရောက်ခဲ့ပါတယ်။မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ ဘရုနိုင်းဒါရုဆလမ် နိုင်ငံတို့က နယ်ချဲ့ အင်္ဂလိပ် လက်အောက်ကို ကျရာက်ခဲ့ပြီး လော၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေကတော့ပြင်သစ်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။အင်ဒိုနီးရှား က ဒတ်ခ်ျ လက်အောက်သို့ကျရောက်ခဲ့ပြီး ဖိလစ်ပိုင် ကတော့စပိန် ၊ အမေရိကန်၊ အရှေ့တီမောကတော့ပေါ်တူဂီလက်အောက်ကိုကျရောက်ခဲ့ပါတယ်။

ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ အရင်း ရှင် လက်အောက်မှ လွတ်မြောက်ရန်အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ဖိလစ်ပိုင်နိုင်ငံကတော့ ၁၉၄၆ ခုနှစ်၊ ဇူလိုင်၄ရက်မှာ အမေရိကန်နိုင်ငံမှ လွတ်လပ်ပြီး ဖိလစ်ပိုင်သမ္မတ နိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံလည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှ လက်အောက်မှ လွတ်လပ်မှုရရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် ဩဂုတ်လ တွင် အင်ဒိုနီးရှားတို့ ဒတ်ခ်ျ လက်အောက်မှ လွတ်မြောက်ခဲ့ပြီး အင်ဒိုနီးရှား သမ္မတ နိုင်ငံကိုထူထောင်ခဲ့ပါတယ်။ တီမောလက်စတေ နိုင်ငံကတော့ ၁၉၇၅ နိုဝင်ဘာ ၂၈ ရက်န့တွင် ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဆိုရင်တော့ ၁၉၅၄ ခုနှစ် ဇူလိုင်လ မှာ ဂျီနီဗာ သဘောတူညီချက်အရ မြောက်ပိုင်းကို ဗီယက်နမ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ တောင်းပိုင်းကို ဗီယက်နမ် သမ္မတ နိုင်ငံအဖြစ် နှစ်ပိုင်းခွဲပြီး ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့ပါတယ်။၁၉၇၆ ခုနှစ် ဇူလိုင် ၂ရက်နေ့မှာ တောင်နှင့်မြောက် ဗီယက်နမ်တို့ပူးပေါင်းပြီး ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။

 ၁၉၅၄ တွင် ကမ္ဘောဒီးယား၊ ၁၉၇၅ တွင် လာနိုင်ငံတို့သည် ပြင်သစ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီး ကမ္ဘော ဒီးယားနိုင်ငံနှင့် လာအိုပြည်သူဒီမိုကရက်တစ် သမ္မတ နိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံက ၁၉၅၇၊ ဩဂုတ်လ ၃၁ရက်နေ့တွင် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ပြီး မလေးရှား ဖက်ဒရယ် ပြည်ထောင်စုကိုထူထောင်ခဲ့ပါတယ်။ စင်ကာပူ အနေနဲ့ကတော့ ၁၉၆၅ ဩဂုတ် ၉ရက်တွင် မလေးရှားလက်အောက်မှ လွတ် မြောက်ကာ လွတ်လပ်သော စင်ကာပူသမ္မတနိုင်ငံကိုထူထောင်ခဲ့ပါတယ်။ဘရူနိုင်းနိုင်ငံလည်း ၁၉၈၄ ခုနှစ်၊ ဇန်န ဝါရီ ၁ရက်နေ့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ ပြီးဘရူနိုင်းဒါရုဆလမ်နိုင်ငံကိုတည်ထောင်ခဲ့ပါ‌သေးတယ်။ထိုင်းနိုင်ငံကတော့ တခြားနိုင်ငံတွေနဲ့မတူဘဲ မည့်သည့်ကိုလိုနီ လက်အောက်ကိုမှကျရောက်ခဲ့ခြင်းမရှိပါဘူး။

အပတ်စဉ်ကျောင်းသားတိုင်း၊ လူငယ်တိုင်းအတွက် စိတ်၀င်စားစရာ ‌ဗဟုသုတရစရာ တွေကို တင်ဆက်သွား‌ပေးမယ့် အပြင် Youth Program အခွင့်လမ်းတွေကိုပါမိတ်ဆက်သွားပေးမှာမို့ Learnovate ကို follow လုပ်ပေးကြပါဦး။

#SouthEast_Asian_States
#sharing
#Learnovate
See less

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */