" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Wednesday, October 12, 2022

ဂူတာပြင်ကျေးရွာတွင် ရိုဟင်ဂျာ ကျောင်းဆရာ ၁ ဦး အသတ်ခံရ

DVB
Published By DVB | 12 October, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာကျောင်းဆရာ တယောက်ကို ရက္ခိုင့်တပ်တော်(AA)က ပစ်သတ်ခဲ့တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် အေအေ ကျူးလွန်ခဲ့တဲ့ ရာဇတ်မှုတွေအတွက် အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ဥရောပရောက်ရိုဟင်ဂျာများကောင်စီ (ERC) က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘားအံထောင်မှာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတယ်။

Myanmar Now
Stun Aung
October 12 Released in 2022 .

ထမင်းကို ရေနဲ့ရောပြီး ယားယံလို့ လမ်းတောင်မလျှောက်နိုင်တဲ့ ရိုဟင်ဂျာကျား၊ သူသည် ရခိုင်ပြည်နယ်မှ မိုင် ၅၀၀ ခန့်အကွာ ကရင်ပြည်နယ်ရှိ အကျဉ်းထောင်တွင် မီတာ ၁၅၀ ခန့် ရှိသည်
သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားမှာရှိတဲ့ ကုတူပလောင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်က ထွက်ပြေးလာမှု ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ- မောင်တောခရိုင်

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများမှ အခြားနိုင်ငံသို့ ရေကြောင်းဖြင့် တိတ်တဆိတ် ခရီးသွားလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ လက်ရှိတွင် ကရင်ပြည်နယ် ဗန်းတောင်မြို့နယ် တောင်ကလေးအကျဉ်းထောင်တွင် ရိုဟင်ဂျာ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၅၀ ဦး ဖမ်းဆီးခံထားရသည်။

၁၅ နှစ်သား ရိုဟင်ဂျာကလေး ရေဖိအားသုံး ကစားစရာမြေ ထိုးစက်ငယ် တည်ဆောက်

RFA
တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2022.10.11
အရည်ဖိအားသုံး ကစားစရာ မြေထိုးစက်ငယ်လေးကို တည်ဆောက်ခဲ့သူ ရိုဟင်ဂျာကလေး မိုဟာမက် တိုရပ်။
 Photo: Reuters

အရည်ဖိအားသုံး ကစားစရာ hydraulic မြေထိုးစက်ငယ်လေးကို တီထွင်လိုက်သူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းက အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာကလေး မိုဟာမက် တိုရပ် ပါ။ ဒီမြေထို းစက်လေးကို ဒုက္ခသည်စခန်းအတွင်းက ကောက်ယူရရှိတဲ့ သံတိုသံစ၊ ပလတ်စတစ် အတိုအစတွေနဲ့ ပလတ်စ တစ် ဆေးထိုးပြွန်တွေကို သုံးပြီး ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ မိုဟာမက် က ပြောပါတယ်။

“ဒီစက်ကလေးလှုပ်လာအောင် ပလတ်စတစ်ဆေးထိုးပြွန်ထဲ ရေထည့်ပြီး ထိုးသွင်းလိုက်ပါတယ်။ ဆေးထိုးပြွန်ထဲက ရေဟာ စက်ကလေး အပေါ်အောက်လှုပ်ရှားအောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်သိလိုက်ရလို့ စက်မှာ ထည့်သုံးထားတာပါ”

Monday, October 10, 2022

စစ်ကောင်စီတပ်၏ လိပ်ရနယ်ခြားစောင့်ရဲစခန်းကို ၁ နာရီ အတွင်း AA က သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ၊ စစ်သားအလောင်းတချို့ရရှိသည်ဟု ဆိုသော်လည်း အရေအတွက် မဖော်ပြ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ပွဲအချိန် ၁ နာရီအ တွင်း ယနေ့ သိမ်းပိုက် ရရှိပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း၊ စစ်သားအလောင်းတချို့ရရှိသော်လည်း အရေအတွက်ကို မူ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။
 

မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့် စခန်းကို AA အဖွဲ့က သိမ်းပိုက်လိုက်ပါတယ်။

RFA
Radio Free Asia
2022.10.10
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့၊
Photo: RFA

မောင်တောမြို့နယ် မြောက်ပိုင်းရှိ လော်ရာ နယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်မတော် (AA) က အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မောင်တော နယ်မြေ (၄) စစ်ကောင်စီ စခန်းမှ ပစ်ခတ် သည့် လက်နက်ကြီး တစ်စီး နံနက် ၄ နာရီ ခွဲခန့် က Kurhali ကျေးရွာ အတွင်းသို့ ကျရောက် သဖြင့် အသက် ၃၇ နှစ်အရွယ် Sira Zawdin မှာ ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း Arakan Express News၊ .

မောင်တောမြောက်ပိုင်း AA နဲ့ စစ်ကောင်စီတိုက်ပွဲ ရိုဟင်ဂျာ ရွာသားတဦး ကျည်ထိမှန်သေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၀ အောက်တိုဘာ၊ ၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင် စီတပ်စခန်းကို AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဒီကနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ ရဟတ် ယာဉ်တွေနဲ့ပါ တန်ပြန် တိုက် ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အသက် ၃၅ နှစ်အရွယ် ဆီရာဇုလ်အိစ္စလာမ် ဆိုသူ အရပ် သားတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။

မောင်တောတွင် စစ်တပ် နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းရမိပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ သေ ဆုံး၊ ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀
 

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မနက်အာရုဏ်ပိုင်းအချိန်၌ သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA အတည်ပြုပြောဆိုသည်။

ရခိုင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ AA တပ်တော်မှ ကျဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။ AA တပ်တော်ဘက်မှ စစ်ကောင်စီတပ်၏ သေဆုံးမှု ထိခိုက်မှုနှင့်ပတ်သက်၍ တရားဝင် အတည်ပြုချက် မရရှိသေးပေ။
 

Sunday, October 9, 2022

ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်တိုက်ပွဲမှာ စစ်ကောင် စီ ဘက်က အကျအဆုံးရှိပြီး လက်နက်ခဲယမ်းတွေပါ သိမ်း ဆည်းရမိတယ်လို့ အေအေထုတ်ပြန်

 B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၀၉

အေအေက ထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိလက်နက်များ


ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် (ခမီ)ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေဘက်က အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ကျောက်စာတိုင်ကျေးရွာနဲ့ ၁ ဒသမ ၃ ကီလိုမီတာအကွာမှာ အောက်တိုဘာ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲကစတင်ပြီး ငါးနာရီခန့်အကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၇ ဦးကျဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ ဒါ့အပြင် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီကျော်မှာလည်း ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာရဲ့ အရှေ့ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာလည်း ဖရုံချောင်းကျေးရွာအနောက်ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အခုလအတွင်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Link : Here

ဘူးသီးတောင်မှာ ULA အဖွဲ့ဝင် မွတ်ဆလင်တစ်ဦး ပစ်ခတ် ခံရလို့သေဆုံး

 B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၀၉
ARSA အဖွဲ့က ပစ်ခတ်တာလို့ စစ်ကောင်စီထုတ်ပြန်ထား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာက ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အဖွဲ့ဝင် မွတ်ဆလင် အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ပစ်ခတ်ခံလိုက်ရသူမှာ ဖိုးခေါင်ချောင်းအုပ်စု၊ ကံပြင်ကျေးရွာရာအိမ်မှူး ဦးအာလီအာမောက် ၄၀ နှစ်ခန့်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်တွင်းဝင်ရောက်ကာ ပစ္စတိုနဲ့ ဘယ်ဘက်ရင်အုံကို ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဘူးသီးတောင်က ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသား ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲမှုတွေရှိနေ

B B C


ဘီဘီစီမြန်မာပိုင်း
2022.10.09

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသားတစ်ဦး မနေ့မနက်ပိုင်းက ပစ်သတ်ခံရမှုမှာ အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။

ပရဟိတကျောင်းဆရာ ဦးရှေကုလ်အစ္စလာမ်ဟာ စစ်ရှောင်နေရာကနေ တိရိစ္ဆာန်တွေကို အစာကျွေးဖို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေတဲ့ ဂူတာပြင်ကျေးရွာထဲကို သွားရောက်အချိန်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ တူမတော်စပ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေ နုက ပြောပါတယ်။

Saturday, October 8, 2022

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

ဧရာဝတီ
8 October 2022

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်
 
ပါတီတွင်း အားပြိုင်မှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ တတိယ အကြိမ် ညီလာခံ အပြီးမှာတော့ လဝက ဝန်ကြီးဟောင်း၊ ရဲချုပ်ဟောင်း ဦးခင်ရီဟာ မူလကတည်းက ရေပန်း စားနေသလို ပါတီဥက္ကဌသစ် ဖြစ်လာခဲ့ပါတယ်။

ဦးခင်ရီ ပါတီဥက္ကဌသစ် ဖြစ်လာတာရဲ့နောက်ကွယ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စွက် ဖက် ချယ်လှယ်မှုတွေနဲ့အတူ မိုးကျရွှေကိုယ် စစ်တပ်အငြိမ်းစား အရာရှိတွေက ပါတီရဲ့အရေးပါတဲ့ ခေါင်းဆောင် နေရာတွေမှာ နေရာ ဝင်ယူမယ့် သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဘူးသီးတောင်မှာ ရိုဟင်ဂျာကျောင်းဆရာတစ်ဦး သတ်ဖြတ် ခံရ

RFA
Radio Free Asia
2022.10.08

ပစ်သတ်ခံလိုက်ရသည့် ဂူတာပြင်ရွာခံ ဦးရှေကုလ်။ Photo: Wai Wai Nu Facebook
 

ဦးရှေကုလ်အစ္စလာမ်ဟာ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ဂူတာပြင်ကျေးရွာ နေအိမ် က အိမ်မွေးတိရိစ္ဆာန်တွေကို အစာသွားကျွေးပြီးအပြန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၅ နှစ်အရွယ် ဦးရှေကုလ်အစ္စလာမ်ဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ပညာတတ်ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံရေး လွန်ဆွဲပွဲ တိုင်းရင်းသားတွေ ဘယ်ဘက်ပါမလဲ

VOA
ဦးကျော်ဇံသာ
၀၅ အောက်တိုဘာ၊ ၂၀၂၂

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်။ (ဓာတ်ပုံ - nugmyanmar.org)

လက်ရှိဖြစ်ပါွးနေတဲ့ စစ်ကောင်စီနဲ့ NUG တို့ရဲ့အားပြိုင်မှုမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်မှုဟာ လွန်စွာအ ရေးပါ တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ စစ်ကောင်စီကတော့ တိုင်းရင်းသားပြည်နယ်တွေကို အခွင့် အာ ဏာ ပိုပေးဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လိုအပ်သလို ပြုပြင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တိုင်း ရင်းသားတွေဘက်က အလားအလာ ဘယ်လိုရှိပါသလဲ။ ဖက်ဒရယ်အရေး တက်ကြွသူ တိုင်းရင်းသားခေါင်း ဆောင် တဦးဖြစ်တဲ့ ဒေါက်တာလျံမှုန်းဇာခေါင်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်နဲ့ နွေဦးတော်လှန်ရေး

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၀၆ အောက်တိုဘာ၊ ၂၀၂၂

Northern Alliance - Burma


တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ ပါဝင်တဲ့ ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ FNPCC အစည်း ဝေး ကို 'ဝ' နယ်မြေ ပန်ဆန်းမြို့မှာ ကျင်းပကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ AA ရခိုင်တပ် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။ ဝ ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဖို့သွားတာဖြစ်ပြီး ရလာဒ်ကောင်း ရရှိတယ်လို့လည်း ဆိုပါတယ်။ FNPCC ကော်မတီကို ဝတပ်ဖွဲ့က ဦး ဆောင်ပြီး KIA ကချင်တပ်၊ SSPP ရှမ်းပြည်တိုးတက်ရေးတပ်၊ TNLA တအားင်တပ်၊၊ MNDAA ကိုးကန့်တပ်၊ NDAA မိုင်းလားတပ်နဲ့ AA ရခိုင်တပ်တို့ ပါဝင်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်လို့လည်း ခေါ်ပါတယ်။ ဝနဲ့ မိုင်းလားကလွဲလို့ စစ်ကောင်စီကို တိုက်ခိုက်နေသူတွေ ဖြစ်ပါတယ်။ ရခိုင်အနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတုန်း ကျင်းပခဲ့တဲ့ အစည်းအဝေးဖြစ်လို့ အမျိုး မျိုးထင်ကြေးပေးကြပါတယ်။ ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ အလယ်ပိုင်းက ကျေး သီးမြို့နယ်မှာ စစ်ကောင်စီက ကူညီနေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ် RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးတပ် SSPP တို့ စက်တင်ဘာ စတုတ္ထပတ်မှာ တိုက်ပွဲဖြစ်ကြောင်း သိရပါတယ်။ RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ သြဂုတ်လ နေပြည်တော်ခရီးအပြီးဖြစ်တဲ့ တိုက်ပွဲတွေပါ။

Friday, October 7, 2022

မောင်တောသို့ စစ်ကောင်စီတပ်က အင်အား ၆၀၀ ခန့် ထပ် တိုးချ

DVB
07.10.2022

 

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက နောက်ထပ် စစ် အင်အား ၆၀၀ လောက် တိုးချလာနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ အထူးစိုးရိမ် နေ ကြပါတယ်။

မောင်တောမြို့ခံတယောက်က “ နေ့လယ်ပိုင်းမှာ စစ်ဇက်ရေယာဥ်နဲ့ စစ်အင်အား ၆၀၀ ကျော် ကညင်ချောင်းစီး ပွား ရေးဇုန်ကနေ အင်အားဖြည့်လာတယ်။ ၃၀၀ လောက်က မောင်တောမြို့ သီရိမင်္ဂလာခန်းမမှာ နေရာယူထား တယ်။ ကျန် ၃၀၀ ကျော်က နခခ ၅ မြို့သူကြီးစခန်းကို အင်အားဖြည့်တယ်။ ဒေသခံတွေကတော့ စိုရိမ်ကြ မှာ ပေါ့။ လမ်းတွေလည်း ပိတ်ထားတော့ သွားလာဖို့က အဆင်မပြေ၊ စားနပ်ရိက္ခာက စျေးတက်၊ တိုက်ပွဲတွေ ပိုပြင်း ထန်လာမှာကို စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှ မူဆလင်ရာအိမ်မှူးတစ်ဦး သေနတ် ပစ်ခံရကာသေဆုံး

နိရဉ္စရာ
အောက်တိုဘာ ၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှ မူဆလင်ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရကာ သေဆုံးသွား ကြောင်း သတင်းရရှိသည်။

သေနတ်ပစ်ခံရ၍ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင် မူဆလင်ကျေးရွာမှ ရာအိမ်မှူးဦးဆာလီဟာမောက်(၄၂)ဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီခွဲအချိန်တွင် လူ (၃)ဦးက နေအိမ်ထဲသို့ ပီစတိုဖြင့် ဝင်ရောက် ပစ် ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက နိရဉ္စရာကို ပြောသည်

Tuesday, October 4, 2022

ကျောက်ဖြူနှင့် ဘူးသီးတောင်က အုပ်ချုပ်ရေးမှူးများအပါ အဝင် ၆ ဦးကို စစ်ကောင်စီ တရားစွဲ

DVB
4 October, 2022 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ခရိုင်ဦးစီးမှူးတယောက်အပါအဝင် ၆ ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါ တယ်။

ကျောက်ဖြူမြို့မရဲစခန်းတာဝန်ရှိသူတယောက်က “ခရိုင်ငါးလုပ်ငန်းဦးစီးပါ ၄ ယောက်ကို မနေ့က နေ့လယ် လောက်က ရဲစခန်းကိုလာပို့တယ်။ ပြီးရင် သူတို့ကို ၁၇(၁)ပေါ့။ မတရားအသင်းအက်ဥပဒေပုဒ်မ-၁၇(၁)နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။ ၄ ယောက်စလုံးကို ဖွင့်တာပါ” လို့ ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ် ကမ်းလွန်ပင်လယ်ပြင်၌ ရိုဟင်ဂျာဒုက္ခသည် စက်လှေနစ်မြုပ်၍ လူ ၃ ဦး သေဆုံးပြီး ၂၀ နီးပါး ပျောက်ဆုံး နေ

04 October 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ဒုက္ခသည်များကို တင်ဆောင်လာသည့် စက်လှေတစ် စင်း အောက်တိုဘာ ၄ ရက်တွင် ရာသီဥတု ဆိုးဝါးမှုကြောင့် နစ်မြုပ်ခဲ့ရာ လူ သုံးဦးထက်မနည်း ရေနစ်သေဆုံးပြီး အခြား လူ ၂၀ နီးပါး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တို့က ပြောသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကမ့်စခန်းများရှိ ဆိုးဝါးသည့် အခြေအနေများကြောင့် နှစ်စဉ် လူရာချီခန့်သည် မှောင်ခို သမားများကို ငွေပေးပြီး နိုင်ငံမှ ပြင်ပထွက်ခွာမှုများ ရှိနေသည်။

ရိုဟင်ဂျာလှေတစီး ဘင်္ဂလားဒေ့ရှ်ကမ်းလွန်မှာ တိမ်းမှောက်၊ ၁၀ ဦးကျော် ပျောက်ဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ အောက်တိုဘာ၊ ၂၀၂၂ 
မလေးရှားနိုင်ငံဘက်ကို လှေစီးထွက်ခွါရာက လှေမှောက်ပြီး ပင်လယ်ထဲ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ကမ်းရိုးတမ်းမှာ ကယ်ဆယ်ထားပုံ။ ( အောက်တိုဘာ ၄၊ ၂၀၂၂)

ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့လှေတစင်းဟာ ရာသီဥတုဆိုးဝါးတာကြောင့် ဘင်္ဂလားဒေ့ရှ်ကမ်း ရို တန်းအပြင်မှာ အင်္ဂါနေ့က တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂ လား ဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ငါးဖမ်းလှေဟာ မနက်စောပိုင်းထွက်ခွာပြီး မလေးရှားနိုင်ငံ သွား ဖို့ ဦးတည် ထားတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */