" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Wednesday, October 19, 2022
ကမ္ဘာ့ကုလသမဂ္ဂဆိုတာ ဘယ်လိုအဖွဲ့စည်းမျိုးလဲ။
Unicode
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့စည်း (United Nations) ပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်း နဲ့ အဖွဲစည််းရဲ့အခြေခံ အချက် အလက်လေးတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။ကမ္ဘာ‌ေပါ်မှာ လူအသေအပျောက် အမ်ားဆုံး နဲ့ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးနှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၄-၁၉၁၈ ကာလတွင်းမှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့ပြီး၊ ဆယ်စုနှစ် နှစ်ခုပတ်၀န်းကျင်အကြာ ၁၉၃၉-၁၉၄၅ ကာလတွေကိုတော့ ဒုတိယကမ္ဘာစစ်ကလွှမ်းမိုးခဲ့ပါတယ်။
ပထမကမ္ဘာစစ်ကြီးအပြီးမှာတော့ နောက်ထပ်ယခုလိုစစ်ပွဲမျိူး‌ေတွထပ်မဖြစ်အောင်ဆိုပြီး အမေရိကန်နိုင်ငံ သမ္မတ Woodrow Wilson ဦးဆောင်မှုနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations ) ကို ၁၉၂၀ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာ ကနဦး အဖွဲ့၀င် ၄၂ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့် လွှတ်တော်၏ အမေရိကန်အဖွဲ့၀င်ခြင်း အစီစဥ်ကို ကန့်ကွက်မှုကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထိရောက်မှုအားနည်းခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ လက္ခဏာတွေကို ဆက်ခံတဲ့ ကုလ သမဂ္ဂ အဖွဲ့စည်းကြီးကို အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံ နဲ့ ၁၉၄၅ခု အောက်တိုဘာ ၂၄ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ဆိုဗီယက်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုအပါအ ဝင် မူလ ပါဝင်တဲ့ နိုင်ငံအများစုက ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို တရားဝင်လက်ခံ အတည်ပြု လက်မှတ် ရေး ထိုးပြီး ကုလသမဂ္ဂအဖွဲ့ကြီး တရားဝင်ပေါ်ပေါက်လာခဲ့ပါ‌ေတာ့တယ်။ဒါကြောင့် နှစ်စဉ်အောက်တို ဘာ၂၄ ရက်ကို ကုလသမဂ္ဂနေ့ (United Nations Day) လို့သတ်မှတ်ထားပါတယ်။
United Nations ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်းဆက်ဆံရေး ကောင်းမွန်ရန်၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပြသနာတွေကို ဝိုင်းဝန်းဖြေရှင်းရန်၊ နိုင်ငံအချင်းချင်းညှိ နှိုင်းဆောင်ရွက်ရန် ဆိုပြီး ရည်ရွယ်ချက် (၄)ချက်ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။
ကုလသမဂ္ဂ ဌာနချုပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ မွာ ဖွင့်လှစ်ခဲ့ပြီး ၁၉၅၀မွာ အဖွဲ့ဝင်နိုင်ငံ ၆၀ ၊၁၉၈၀ မွာ ၁၅၄နိုင်ငံအထိဖြစ်လာပါတယ်။၁၉၉၉ တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံအထိတိုးလာပြီး ၂၀၀၂ခု နှစ် စက် တင်ဘာ ၁၀ အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၁ နိုင်ငံ၊ ၂၀၁၆ ခုနှစ် မှာတော့ ၁၉၃ နိုင်ငံရှိခဲ့ပါပြီ ။ မြန်မာနိုင်ငံ အနေနဲ့ကတော့ အဖွဲ့စည်းတည်ထောင်ပြီး သုံးနှစ်အကြာ ၁၉၄၈ ဧပြီ ၁၉ မှာ အဖွဲ၀င် နိုင်ငံအဖြစ်စတင် ရပ်တည်ခဲ့ပါတယ်။ယခုလက်ရှိအချိန် မှာကော ဘယ်နှနိုင်ငံရှိသွားပြီဆိုတာကို သိရင်လည်း comments box မှာဖြေသွားပေးကြပါနော်။
အပတ်စဉ်ကျောင်းသားတိုင်း၊ လူငယ်တိုင်းအတွက် စိတ်၀င်စားစရာ ‌ဗဟုသုတရစရာ တွေကို တင်ဆက်သွား‌ေပးမယ့် အပြင် Youth Program အခွင့်လမ်းတွေကိုပါမိတ်ဆက်သွားပေးမှာမို့ Learnovate ကို follow လုပ်ပေးကြပါဦး။
--------------------------------------------------------------------------------------------------------------------------
Zawgyi
ကမ္ဘာ့ကုလသမဂ္ဂဆိုတာ ဘယ်လိုအဖွဲ့စည်းမျိုးလဲ။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့စည်း (United Nations) ပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်း နဲ့ အဖွဲစည်းရဲ့အခြေခံ အချက် အလက်လေးတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။ကမ္ဘာ‌ပေါ်မှာ လူအသေအပျောက် အမ်ားဆုံး နဲ့ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးနှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၄-၁၉၁၈ ကာလတွင်းမှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့ပြီး၊ ဆယ်စုနှစ် နှစ်ခုပတ်၀န်းကျင်အကြာ ၁၉၃၉-၁၉၄၅ ကာလတွေကိုတော့ ဒုတိယကမ္ဘာစစ်ကလွှမ်းမိုးခဲ့ပါတယ်။
ပထမကမ္ဘာစစ်ကြီးအပြီးမှာတော့ နောက်ထပ်ယခုလိုစစ်ပွဲမျိူး‌တွေထပ်မဖြစ်အောင်ဆိုပြီး အမေရိကန်နိုင်ငံ သမ္မ တ Woodrow Wilson ဦးဆောင်မှုနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations ) ကို ၁၉၂၀ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာ ကနဦး အဖွဲ့၀င် ၄၂ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့် လွှတ်တော်၏ အမေရိကန်အဖွဲ့၀င်ခြင်း အစီစဉ်ကို ကန့်ကွက်မှုကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထိရောက်မှုအားနည်းခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ လက္ခဏာ‌တွေကို ဆက်ခံတဲ့ ကုလ သမဂ္ဂ အဖွဲ့စည်းကြီးကို အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံ နဲ့ ၁၉၄၅ခု အောက်တိုဘာ ၂၄ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ဆိုဗီယက်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုအပါ အဝင် မူလ ပါဝင်တဲ့ နိုင်ငံအများစုက ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို တရားဝင်လက်ခံ အတည်ပြု လက်မှတ် ရေးထိုးပြီး ကုလသမဂ္ဂအဖွဲ့ကြီး တရားဝင်ပေါ်ပေါက်လာခဲ့ပါ‌တော့တယ်။ဒါကြောင့် နှစ်စဉ်အောက်တို ဘာ၂၄ ရက္နေ့ကို ကုလသမဂ္ဂနေ့ (United Nations Day) လို့သတ်မှတ်ထားပါတယ်။
United Nations ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်းဆက်ဆံရေး ကောင်းမွန်ရန်၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပြသနာတွေကို ဝိုင်းဝန်းဖြေရှင်းရန်၊ နိုင်ငံအချင်းချင်းညှိ နှိုင်းဆောင်ရွက်ရန် ဆိုပြီး ရည်ရွယ်ချက် (၄)ချက်ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။
အပတ်စဉ်ကျောင်းသားတိုင်း၊ လူငယ်တိုင်းအတွက် စိတ်၀င်စားစရာ ‌ဗဟုသုတရစရာ တွေကို တင်ဆက်သွား‌ပေးမယ့် အပြင် Youth Program အခွင့်လမ်းတွေကိုပါမိတ်ဆက်သွားပေးမှာမို့ Learnovate ကို follow လုပ်ပေးကြပါဦး။
No comments:
Post a Comment
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */