" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 21, 2022

ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာက သဘောတူဟု ဘင်္ဂလားဒေ့ရှ် ပြော

မဇ္စျိမ 

By Anadolu Agency
21 October 2022

မြန်မာသည် ၂၀၁၇ နိုဝင်ဘာလက လက်မှတ်ထိုးထားသည့် သဘောတူညီချက်တစ်ရပ်အောက်တွင် ရိုဟင်ဂျာဒုက္ခ သည်များကို ပြန်လည်လက်ခံမည်ဟု သဘောတူထားကြောင်း ဘင်္ဂလားဒေ့ရှ်က အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

“သတင်းကောင်းကတော့ လက်ရှိ မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံခေါ်ယူဖို့ သ ဘော တူ ထားတာပဲဖြစ်တယ်။ အဲဒီအတွက် သူတို့ ရခိုင်ပြည်နယ်မှာ အဆောက်အအုံတွေလည်း စီစဉ်ဆောက် လုပ်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန်က မြို့တော် ဒါကာတွင် ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာ၏ အရေးပါသော မဟာမိတ်နိုင်ငံဖြစ်သည့် တရုတ်သည် ရိုဟင်ဂျာနေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို ပံ့ပိုးကူ ညီလိမ့်မည်ဖြစ်သည်ဟု သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် သံတမန်သည် ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ တရုတ်သံအမတ် လီကျီမင်းနှင့် တွေ့ဆုံပြီးနောက် မီဒီယာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာအာဏာပိုင်တို့သည် ရိုဟင်ဂျာများထံမှ သက်သေခံ အထောက်အထားများ တောင်းဆိုရင်း လုပ် ငန်းစဉ်ကို ခက်ခဲရှုပ်ထွေးအောင် လုပ်နေကြောင်း သူက ဝေဖန်သည်။

“ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးရချိန်တုန်းက အခြေအနေက အရမ်းကို အန္တရာယ် ကြီးခဲ့တယ်။ သူတို့ဟာ ခန္ဓာကိုယ်ပေါ်က အဝတ်တစ်စုံကလွဲလို့ အခြား ဘာတစ်ခုမှ မယူနိုင်ဘဲ ဘင်္ဂလားဒေ့ရှ်ကို လာခဲ့ကြရတာဖြစ်တယ်။ ဆိုတော့ သူတို့ဟာ မြန်မာနိုင်ငံသားတွေအဖြစ် သက်သေပြဖို့ ခုချိန်မှာ သူတို့ အထောက်အထားလက်မှတ်တွေကို ဘယ်လိုလုပ် ပေးနိုင်မှာတုန်း” ဟု မိုမန်က မေးခွန်းထုတ်သည်။

ရိုဟင်ဂျာများကို နေရပ်ပြန်ပို့ရန် အစောပိုင်း နှစ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မြန်မာအာဏာပိုင်များအပေါ် ရိုဟင်ဂျာတို့က ယုံကြည်မှု ကင်းမဲ့ခဲ့ခြင်းကြောင့် အထမမြောက်ခဲ့ကြောင်း သူက မှတ်ချက်ပြုသည်။

“ဆိုတော့၊ ဒီတစ်ကြိမ်မှာတော့ ရေရှည်ဖြစ်မယ့် အရာမျိုးကို ကျွန်တော်တို့ လုပ်ချင်ပါတယ်” ဟု သူက ပြေ ာသည်။

ဂျပန်၊ ရုရှ နှင့် ယူကေတို့ကိုလည်း မြန်မာ၏ အခြားသော မဟာဗျူဟာ ပါတနာများအဖြစ် မိုမန်က အလေးပေး ပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုဟင်ဂျာများ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်စေရေးအတွက် အထက်ပါ နိုင်ငံအား လုံးအပြင် အိန္ဒိယနှင့်ပါ ချိတ်ဆက် ဆောင်ရွက်နေသည်ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတောင်ပိုင်း ကော့ဇ် ဘဇားခရိုင်ရှိ ပြွတ်သိပ်နေသော ယာယီကမ့်စခန်းများတွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံနေရာပေးထားသည်။ အဆိုပါ ရိုဟင်ဂျာ အများစုသည် ၂၀၁၇ ခုနှစ် ဩ ဂုတ်လက ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ လူမဆန် ရက်စက်သော ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက် ပြေးခဲ့ကြရသူများ ဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */