" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 19, 2022

ဂျနီဗာ ကွန်ဗင်းရှင်း ဆိုတာဘာလဲ



ဂျနီဗာကွန်ဗင်းရှင်းဆိုတာကတော့ ခေတ်သစ် စစ်မြေပြင်မှာ ဘယ်လို အရာတွေကို စစ်ရာဇ၀တ်မှုလို့ သတ်မှတ်မလဲ၊ ဘယ်လို လက်နက်တွေအသုံးပြုနိုင်ပြီး ဘာတွေကိုတော့ တားမြစ်ထားလဲ၊ တစ်နည်းအားဖြင့် လူတွေ စစ်ကို ဘယ်လို တိုက်ရမလဲဆိုတာကို ဖော်ပြထားတဲ့ စာချုပ်တွေပဲဖြစ်ပါတယ်။

၁၉ ရာစုနောက်ပိုင်း နည်းပညာ တိုးတက်မှုနဲ့အတူ လူသားတို့ရဲ့ စစ္ပွဲတွေမှာ သုံးတဲ့ လက်နက်တွေဟာ အဖျက်စွမ်းအားကြီးမားလာတယ်။ စစ်ပွဲတစ်ခုမှာ နှစ်ဖက် စစ်သည်တွေအားလုံးဟာ တိုက်ပွဲတွင်း အကူညီမရဘဲ သေ ဆုံးကြရတယ်။ ဒီ အနိဌာန်အာရံု‌ေတွကို ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ဟင်နရီ ဒူးနန့် က ၁၈၅၉ ခုနှစ်က တိုက်ပွဲတစ်ခုမှာ လေ့လာမိပြီး ဒဏ်ရာရသူ စစ်သည်အားလုံးကို ကူညီဖို့ဆိုပြီး ကြက်ခြေနီ အဖွဲ့ကို ဖွဲ့စည်းခဲ့တော့တယ်။ ဒီနေရာမှာ ကြက်ခြေနီ အဖွဲ့က နှစ်ဖက်စစ္သည် ဒဏ္ရာ ရသူအားလုံးကို လူသားချင်းစာနာမှုအရကူညီဖို့ ဆို နိုင်ငံရေးအရ အသိမှတ်ပြုခံရဖို့ လိုအပ်တဲ့ အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပထမဆုံး ဂျနီဗာ စာချုပ်ကို ၁၈၆၄ မှာ ယူရိုပီယံ နိုင်ငံ ၁၂ နိုင်ငံက ရေးထိုးခဲ့ကြတယ်။

၁၈၆၄ မှာတစ်ခါ ၁၉၀၆ မှာတစ်ခါ ၁၉၂၉ မှာတစ်ခါ ဒုတိယကမ္ဘာစစ်ကြီးအပြီးလေးနှစ်ကြာ ၁၉၄၉ မှာတစ်ခါဆိုပြီး လူသမိုင်း‌တစ်‌ေလျှာက် ဂျနီဗာကွန်ဗင်းရှင်း လေးခုကျင်းပခဲ့တယ်။ ပထမ ကွန်ဗင်းရှင်းမှာတော့ နှစ်ဖက်စစ်သည် အားလုံးကို အယုတ်အလတ်မရွေး ကြက်ခြေနီ အဖွဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ အကူညီပေးနိုင်ရေးကို ဦးတည်ဆောင်ရွက်ခဲ့တယ်။ ဒုတိယ ကွန်ဗင်းရှင်းမှာတော့ ရေကြောင်းတိုက်ပွဲတွေမှာ လည်း ကြက်ခြေနီ အဖွဲ့ ရဲ့ ကဏ္ဍ ကိုတိုးချဲ့နိုင်ရေး နဲ့ ဘက်လိုက်ခြင်းမပါဘဲ အရပ်ဘက် ကုန်သွယ်ရေးနဲ့ ပို့ဆောင်ရေး သင်္ဘောတွေဟာလည်း နှစ်ဖက်တိုက်ပွဲ၀င် ရေယာဉ်တွေကိုအကူညီ ပေးနိုင်တဲ့အကြောင်းကို ထည့်သွင်းခဲ့ကြတယ်။ တတိယကွန် ဗင်းရှင်းမှာတော့ သုံ့ပန်းတွေကို ကိုင်တွယ်မှုနဲ့ပတ်သတ်ပြီး ကြပ်မတ်ခဲ့ကြတယ်။ အရေးပါတဲ့ အချက်တွေက တော့ စစ်သုံ့ပန်းတွေကို ညှင်းပန်းမှု မပြုလုပ်ရဘူး၊ သင့်တော်တဲ့ စာ၀တ်နေရေး ပြင်ဆင်ပေးရမယ်၊ စစ်ကြီး‌ပြီးရင် မိခင်နိုင်ငံကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့ အချက်တွေပဲဖြစ်တယ်။ လူဦးရေ သန်းခုနှစ်ဆယ် ပတ်၀န်းကျင် သေဆံငါး ဒုတိယ ကမ္ဘာစစ်အပြီးကျင်းပတဲ့ စတုတ္ထ ကွန်ဗင်းရှင်းမှာတော့ ဘယ်လို စစ်ပွဲမှာမဆို အရပ်သား ထိခိုက်မှု လုံး၀မရှိစေဖို့နဲ့ လူနေမှု စနစ်ကို ဟန်ချက်မပျက်စေတဲ့ တိုက်ပွဲမျိုးကိုသာရွေးချယ်စေဖို့ အတည်ပြုခဲ့ကြတယ်။ ထူးခြားတာက ဒီကွန်ဗင်းရှင်းမှာ ရှေးယခင် က အတည်ပြုခဲ့တဲ့ ဥပဒေ များကိုလည်း သင့်တော်သလို ပြုပြင်မွမ်း မံမှုတွေပြုလုပ်ခဲ့တယ်။စစ်အေးကာလအပြီးမှာလည်း လက်နက်အသုံးပြုမှုနဲ့ပတ်သတ်ပြီး ဂျနီဗာစာချုပ်ကို ပြု ပြင်မှုတွေရှိခဲ့ပါ‌ေသးတယ်။

စစ်ပွဲရဲ့ စရိုက်လက္ခဏာမှာ ဒရုမ်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်း တွေပါ ပတ်သတ်လာတဲ့ ၂၁ ရာစုရဲ့ စစ်မြေ ပြင်မှာတော့ ဂျနီဗာ စာချုပ်ဟာ ပြန်လည် ပြင်ဆင်မှုတွေလိုနေတယ်လို့ဆိုနိုင်ပေမဲ့ ဒီစာချုပ်ဟာ လက်ရှိ လူသားကမ္ဘာရဲ့ စစ်ပွဲတွေကို အထိန်းကွပ်လုပ်နေတဲ့ တစ်ခုတည်းသော အရာဆိုတာတော့ ငြင်းလို့မရပါဘူး။

အပတ်စဉ်ကျောင်းသားတိုင်း၊ လူငယ်တိုင်းအတွက် စိတ်၀င်စားစရာ ‌ဗဟုသုတရစရာ တွေကို တင်ဆက်သွား‌ေပးမယ့် အပြင် Youth Program အခွင့်လမ်းတွေကိုပါမိတ်ဆက်သွားပေးမှာမို့ Learnovate ကို follow လုပ်ပေးကြပါဦး။

-----------------------------------------------------------------------------------------------------------------------------------

Zawgyi

ဂျနီဗာ ကွန်ဗင်းရှင်း ဆိုတာဘာလဲ



ဂျနီဗာကွန်ဗင်းရှင်းဆိုတာကတော့ ခေတ်သစ် စစ်မြေပြင်မှာ ဘယ်လို အရာတွေကို စစ်ရာဇ၀တ်မှုလို့ သတ်မှတ်မလဲ၊ ဘယ်လို လက်နက်တွေအသုံးပြုနိုင်ပြီး ဘာတွေကိုတော့ တားမြစ်ထားလဲ၊ တစ်နည်းအားဖြင့် လူတွေ စစ်ကို ဘယ်လို တိုက်ရမလဲဆိုတာကို ဖော်ပြထားတဲ့ စာချုပ်တွေပဲဖြစ်ပါတယ်။

၁၉ ရာစုနောက်ပိုင်း နည်းပညာ တိုးတက်မှုနဲ့အတူ လူသားတို့ရဲ့ စစ်ပွဲတွေမှာ သုံးတဲ့ လက်နက်တွေဟာ အဖျက်စွမ်းအားကြီးမားလာတယ်။ စစ်ပွဲတစ်ခုမှာ နှစ်ဖက် စစ်သည်တွေအားလုံးဟာ တိုက်ပွဲတွင်း အကူညီမရဘဲ သေဆုံးကြရတယ်။ ဒီ အနိဌာန်အာရုံ‌တွေကို ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ဟင်နရီ ဒူးနန့် က ၁၈၅၉ ခုနှစ်က တိုက်ပွဲတစ်ခုမှာ လေ့လာမိပြီး ဒဏ်ရာရသူ စစ်သည်အားလုံးကို ကူညီဖို့ဆိုပြီး ကြက်ခြေနီ အဖွဲ့ကို ဖွဲ့စည်းခဲ့တော့တယ်။ ဒီနေရာမှာ ကြက်ခြေနီ အဖွဲ့က နှစ်ဖက်စစ်သည် ဒဏ်ရာ ရသူအားလုံးကို လူသားချင်းစာနာမှုအရကူညီဖို့ ဆို နိုင်ငံရေးအရ အသိမှတ်ပြုခံရဖို့ လိုအပ်တဲ့ အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပထမဆုံး ဂျနီဗာ စာချုပ်ကို ၁၈၆၄ မှာ ယူရိုပီယံ နိုင်ငံ ၁၂ နိုင်ငံက ရေးထိုးခဲ့ကြတယ်။

၁၈၆၄ မှာတစ်ခါ ၁၉၀၆ မှာတစ်ခါ ၁၉၂၉ မှာတစ်ခါ ဒုတိယကမ္ဘာစစ်ကြီးအပြီးလေးနှစ်ကြာ ၁၉၄၉ မှာတစ်ခါဆိုပြီး လူသမိုင်း‌တစ်‌လျှောက် ဂျနီဗာကွန်ဗင်းရှင်း လေးခုကျင်းပခဲ့တယ်။ ပထမ ကွန်ဗင်းရှင်းမှာတော့ နှစ်ဖက်စစ် သည် အားလုံးကို အယုတ်အလတ်မရွေး ကြက်ခြေနီ အဖွဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ အကူညီပေးနိုင်ရေးကို ဦး တည် ဆောင်ရွက်ခဲ့တယ်။ ဒုတိယ ကွန်ဗင်းရှင်းမှာတော့ ရေကြောင်းတိုက်ပွဲတွေမှာ လည်း ကြက်ခြေနီ အဖွဲ့ ရဲ့ ကဏ္ဍ ကိုတိုးချဲ့နိုင်ရေး နဲ့ ဘက်လိုက်ခြင်းမပါဘဲ အရပ်ဘက် ကုန်သွယ်ရေးနဲ့ ပို့ဆောင်ရေး သင်္ဘောတွေဟာလည်း နှစ်ဖက်တိုက်ပွဲ၀င် ရေယာဉ်တွေကိုအကူညီ ပေးနိုင်တဲ့အကြောင်းကို ထည့်သွင်းခဲ့ကြတယ်။ တတိယ ကွန်ဗင်းရှင်းမှာတော့ သုံ့ပန်းတွေကို ကိုင်တွယ်မှုနဲ့ပတ်သတ်ပြီး ကြပ်မတ်ခဲ့ကြတယ်။ အရေးပါတဲ့ အချက်တွေကတော့ စစ်သုံ့ပန်းတွေကို ညှင်းပန်းမှု မပြုလုပ်ရဘူး၊ သင့်တော်တဲ့ စား၀တ်နေရေး ပြင်ဆင်ပေးရမယ်၊ စစ်ကြီး‌ပြီးရင် မိခင်နိုင်ငံကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့ အချက်တွေပဲဖြစ်တယ်။ လူဦးရေ သန်းခုနှစ်ဆယ် ပတ်၀န်းကျင် သေဆုံး ဒုတိယ ကမ္ဘာစစ်အပြီးကျင်းပတဲ့ စတုတ္ထ ကွန်ဗင်းရှင်းမှာတော့ ဘယ်လို စစ်ပွဲမှာမဆို အရပ်သား ထိခိုက်မှု လုံး၀မရှိစေဖို့နဲ့ လူနေမှု စနစ်ကို ဟန်ချက်မပျက်စေတဲ့ တိုက်ပွဲမျိုးကိုသာရွေးချယ်စေဖို့ အတည်ပြုခဲ့ကြတယ်။ ထူးခြားတာက ဒီကွန်ဗင်းရှင်းမှာ ရှေးယခင် က အတည်ပြုခဲ့တဲ့ ဥပဒေ များကိုလည်း သင့်တော်သလို ပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့တယ်။စစ်အေးကာလအပြီးမှာလည်း လက်နက်အသုံးပြုမှုနဲ့ပတ်သတ်ပြီး ဂျနီဗာစာချုပ်ကို ပြုပြင်မှုတွေရှိခဲ့ပါ‌သေးတယ်။

စစ်ပွဲရဲ့ စရိုက်လက္ခဏာမှာ ဒရုမ်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်း တွေပါ ပါပတ်သတ်လာတဲ့ ၂၁ ရာစုရဲ့ စစ်မြေပြင်မှာတော့ ဂျနီဗာ စာချုပ်ဟာ ပြန်လည် ပြင်ဆင်မှုတွေလိုနေတယ်လို့ဆိုနိုင်ပေမဲ့ ဒီစာချုပ်ဟာ လက်ရှိ လူသားကမ္ဘာရဲ့ စစ်ပွဲတွေကို အထိန်းအကွပ်လုပ်နေတဲ့ တစ်ခုတည်းသော အရာဆိုတာတော့ ငြင်းလို့မရပါဘူး။

အပတ်စဉ်ကျောင်းသားတိုင်း၊ လူငယ်တိုင်းအတွက် စိတ်၀င်စားစရာ ‌ဗဟုသုတရစရာ တွေကို တင်ဆက်သွား‌ပေးမယ့် အပြင် Youth Program အခွင့်လမ်းတွေကိုပါမိတ်ဆက်သွားပေးမှာမို့ Learnovate ကို follow လုပ်ပေးကြပါဦး။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */