" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 19, 2022

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့

ISP-MYANMAR
By ISP Admin
On October 18, 2022


နိုင်ငံတဝန်းလုံးတွင် တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွား
ကရင်ပြည်နယ်တွင် တိုက်ပွဲ အများဆုံး ဖြစ်ခဲ့

မြို့နယ်ပေါင်း ၁၈၆ ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်လာ


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၁၂ ရက်အထိ နိုင်ငံအနှံ့မှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၇,၇၀၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့ တွေ (EAOs) အကြား တိုက်ပွဲပေါင်း ၄,၅၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ (PDF/LDF/CDF/CNDF/KNDF စသဖြင့်) အ ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်းကတော့ ၂,၁၆၉ ကြိမ်ထက်မနည်း ရှိပါတယ်။ ဒါ့အပြင် EAOs တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်းကလည်း ၉၀၆ ကြိမ်ထက်မနည်း ရှိပါတယ်။

Download as PDF Version

နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် အထဲမှာ အများဆုံးက ကရင်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ကရင် ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပါတယ်။ စစ်ကိုင်း တိုင်းအတွင်းမှာ တော့ တိုက်ပွဲပေါင်း အကြိမ် ၈၃၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းမှု အလွန် လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို မြင့်တက်လာတာနဲ့အမျှ နိုင်ငံအနှံ မြို့နယ်ပေါင်း ၁၈၆ ခု မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါ တယ်။

တဆက်တည်းမှာပဲ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းကတည်းက နှစ်ဖက် အပစ်အခတ်ရပ်နားထားတဲ့ ရခိုင်ပြည် နယ်မှာ လည်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တနှစ်နီးပါး အပစ်ရပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၂ တနှစ်တည်းမှာတင် ရခိုင်ပြည်နယ်က မြို့နယ် ခြောက်ခုမှာ စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲအကြိမ်ရေ ၄၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒေသခံ ၁၀,၉၂၂ ဦးထက်မနည်းမှာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ဆက် စပ်နေတဲ့ အခြင်းအရာတွေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံအပြောင်းအလဲ နဲ့ ပဋိပက္ခရေ ချိန် အတက်၊အကျ စတဲ့ အကြောင်းအရာတွေကို သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့တိုက်ပွဲတွေအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏာ၊ အရပ်သားတွေအပေါ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိကို လေ့လာပြီး အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု​ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်တဲ့ ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။

တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အ ကျိုးဆက် တွေ အရပ်သားထိခိုက်သေဆုံးမှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ တွေကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ အထူးသဖြင့် တိုင်းရင်းသားသတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အခြားလွတ်လပ်သော ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံ စာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */