" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 18, 2022

စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်သည့် လက်နက် ကြီး ကျရောက် ပေါက်ကွဲ၍ ရိုဟင်ဂျာတစ်ဦး သေဆုံး

THE ARAKAN EXPRESS NEWS
အောက်တိုဘာ ၁၈ ၊ AEN

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာနေ ဦးအီနုစ်သည် အသက် (၄၅)နှစ် သည် စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
 
လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာအနီး စိုက် ခင်းသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၁၁:၀၀ ဝန်းကျင်ခန့်မှ စတင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စိုက်ခင်း အတွင်း ရောက်ရှိနေသည့် အသက်(၄၅)နှစ်အရွယ် ဦးအီနုစ်အား ထိမှန်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရရှိကာ အဆိုပါ ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */