" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 19, 2022

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်း သန်းပစ်ခတ်၍ ၂ ရက် အတွင်း အရပ်သား ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

CDMM
ချစ်သဲညှာ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်း သန်း ပစ်ခတ်နေသည့်အတွက် အောက်တိုဘာလ ၁၇ နှင့် ၁၈ ရက် နှစ်ရက် အတွင်း အရပ်သား လေးဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ်မှ ဒေါ်ဦးမြစိန်၊ မလှဆန်းယဉ်၊ မဆန်းနွယ်စိုးနှင့် ကျောက်တော် မြို့နယ်မှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးဖြစ်သည့် ယာမီနာတို့ဖြစ်ပြီး မင်းပြားမြို့နယ်မှ ခြောက်ဦးနှင့် ယနေ့ အောက်တိုဘာ လ ၁၈ ရက်နေ့တွင် ဘူးသီတောင်မြို့နယ်မှ ရိုဟင်ဂျာ လူ ငယ်တစ်ဦး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

ကျောက်တော်ဒေသခံတစ်ဦးက “မနေ့က ည ၇ နာရီကျော်လောက်မှာ ကျောက်တော်မှာလည်း လက်နက် ကြီးနဲ့ပစ်တယ်။ မွတ်ဆလင် အမျိုး သမီးတစ်ဦး သေတယ်။ ဗလီမှာလည်း လက်နက်ကြီး ကျတယ်။ ကား တွေလည်း ပျက်စီးသွားတယ်။ မိုတယ်မှာလည်း ကျတယ်။ ကံကြီးရှင် ဘုရားမှာလည်းကျတယ်။ တိုက်ပွဲ မဖြစ်ဘဲ ရမ်းသန်ပစ်ခတ်နေတာ။ ဒါက ပြည်သူလူထုကို ပစ်မှတ်ထားလုပ်တယ်လို့ ပြောချင်တယ်” ဟု ဆို သည်။

ကျောက်တော်မြို့တွင် မြို့အဝင်နေရာများ၌နေရာယူပြီး လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများ ရှိနေသည့်အ တွက် ဒေသခံများမှာ အ သက် အန္တာရာယ်ကို စိုးရိမ်နေကြကြောင်း လည်းသိရသည်။

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သည့် အတွက် လူနေအိမ်၊ ဘုရားစေတီ၊ ဟိုတယ်နှင့် စာသင်ကျောင်းများကို လက်နက်ကြီး ကျည်းကျရောက်ပြီး ပြည်သူများ သေ ဆုံးဒဏ်ရာရရှိမူများရှိနေခြင်းဖြစ်သည်။

မင်းပြားမြို့နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့ ငါးတန်ပျင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော်(AA) က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မင်းပြားမြို့ ကျိန်းတောင်ဘုရားတောင် ထက်မှ ခမရ (၃၈၀)၊ (၅၄၁)တပ်ရင်းနှင့် ခမရ (၃၇၉) တပ်ရင်းများမှ မင်းပြားမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဆင်ကြီးပြင်၊ ဖလောင်းပြင်ကျေရွာနှင့် ထောင့်ချောင်းကြီးကျေရွာများသို့ လက် နက်ကြီးကျည်ကျရောက်ခဲ့ပြီး သုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

မင်းပြားမှ လူငယ်တစ်ဦးက “သူတို့အချင်းချင်းတိုက်တာက ပြဿနာမဟုတ်ပါဘူး။ သူတို့က ပြည်သူတွေ ကိုအ ဓိကထားပြီး ပစ်ခတ်လာတယ်။ ကျနော်တို့က သူတို့ကိုမြင်ရင် မလုံခြုံသလို့ ခံစားရတယ်။ စစ်သား တွေကို ဒီဒေသတွေမှာ မမြင်ချင်တော့ဘူး” ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ဘူးသီတောင်၊ မောင်တော စသည့်နေရာများတွင် AA နှင့် မကြာ ခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းဖြစ် သည်။

စစ်ကောင်စီတပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့ရွာများကို လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသူ ၁၀ ဦးနီးပါနှင့် ဒဏ်ရာရရှိသူအများအပြားရှိနေ သည်။ mizzima

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */