" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Monday, November 30, 2020

ဂျပန်အစိုးရ၏ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် ရခိုင်ပြည် နယ်ရောက်ရှိနေ

Myanmar Now
ဖဒူထွန်းအောင်
Published on Nov 28, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များကို သွားရောက်ကြည့်ရှုလျက်ရှိပြီး စစ်တွေမြို့တွင် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိနေ

 ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဂျပန်အစိုးရအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ (ဓာတ်ပုံ - Myanmar State Counsellor Office Facebook) 
 
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းတွင် ရောက်ရှိလာပြီး ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မြို့နယ်များကို သွားရောက်ကြည့်ရှုရန်၊ရခိုင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

Sunday, November 29, 2020

မဲဆန္ဒပေးနိုင်ဖို့အတွက် ဂျပန်အထူးကိုယ်စားလှယ် ရခိုင် ပြည်နယ်ကို သွားရောက်လေ့လာ

NHK WORLD JAPAN
Date: 29.11.2020
တိုက်ပွဲတွေကြောင့် ရွှေ့ဆိုင်းထားတဲ့ ဆန္ဒမဲပေးနိုင်ရေး ကူညီဖို့ အတွက် ဂျပန်အစိုးရက ရခိုင်ပြည်နယ်ကို အထူးကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ပါတယ်။

Saturday, June 13, 2020

မြန်မာနိုင်ငံ - ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကို ပြန်လည်ဖွင့် ပေးရန် တောင်းဆိုခြင်း

HUMAN
RIGHTS
WATCH




 
၁၃ရက် ဖေဖော်ဝါရီလ၊ ၂၀၂၀။

ကမ္ဘာပေါ်ရှိကာလအကြာရှည်ဆုံးမိုဘိုင်းအင်တာနက်ဖြတ်တောက်မှုများ
ထဲမှ တစ်ခုကို ရခိုင်ပြည်နယ်ရှိ မြို့နယ် (၄)ခုတွင် ပြုလုပ်ထားသည်။

ဤပူးတွဲ ထုတ်ပြန်ကြေညာချက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း (၂၉) ခုအနေဖြင့်ချင်းပြည် နယ်ရှိ မြို့နယ်တစ်ခုနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၈)ခုတွင် မိုဘိုင်း အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက် ထားမှုကို ချက်ချင်း ပြန်လည် ဖွင့်ပေးရန် မြန်မာအစိုးရကိုတောင်းဆိုလိုက်သည်။ အစောပိုင်းကာလများက မြို့နယ် (၅) ခုတွင် အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ထားမှုကို ပြန်လည် ဖွင့်ပေးခဲ့ ပြီးနောက်ဖော်ဝါရီလ (၃) ရက် နေ့တွင် အဆိုပါမြို့နယ် (၅) ခု ၌ မိုဘိုင်းအင်တာနက် လိုင်းများ ကို မြန်မာအစိုးရ ကပြန် လည် ဖြတ်တောက်ခဲ့မှု အပေါ် မိမိတို့အနေဖြင့် များစွာစိုးရိမ်ပူပန် မိသည်။

Sunday, May 31, 2020

ရခိုင်ပြည်က မွတ်စလင် ဒုက္ခသည်တွေရဲ့ မြေနေရာမှာ ကျူး ကျော်သူတွေကို ရှင်းလင်းမယ်လို့ အစိုးရပြော

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
31 မေ၊ 2020

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကမ့်ပ်တခုအတွင်း ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၂)
၂၀၁၂ ခုနှစ် ရခိုင်ပြည် ပဋိပက္ခတွေနောက်ပိုင်း အိုးအိမ်စွန့်ခဲ့ရသူတွေရဲ့ အခက်အခဲ၊ အစိုးရဘက်က လက်ရှိ ဘာတွေဖြေရှင်းပေးနေလဲ၊ ဒုက္ခသည်တွေမှာရော ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေ ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။                                                                                           

Saturday, April 11, 2020

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်တားဆီးရေး ဒေါ်လာ ၂.၂ သန်း ကုလကူညီ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
11 ဧပြီ၊ 2020   
COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ကုလသမဂ္ဂအနေနဲ့ အကူ အညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ကြေညာလိုက်ပါတယ်။

Tuesday, March 31, 2020

ကမ္ဘာ့ကပ်ဘေးကြုံရချိန် အင်တာနက်တွေမဖြတ်ဖို့ HRW တောင်းဆို

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
31 မတ်၊ 2020  
 ရခိုင်ပြည်နယ်ရှိ အင်တာနက်သုံးနေတဲ့ အမျိုးသမီးတဦး (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅)

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက် ထား တဲ့ နိုင်ငံတွေ အနေနဲ့ လူ့အသက်တွေ မဆုံးရှုံးစေရအောင် အင်တာနက်ဆက်သွယ်ရေး ပြန်ဖွင့်ပေးဖို့ လူ့အခွင့် အ ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။အင်တာနက်ကို ရည်ရွယ်ချက် ရှိရှိ ဖြတ် တောက်ထားတာ ဒါမှမဟုတ် အသုံးပြုမှု ကန့်သတ်ထားတာဟာ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေ တာဖြစ်သလို COVID-19 လို ကပ်ရောဂါဘေး ကျရောက်နေ ချိန်မှာ လူအသေအပျောက် ပိုများစေနိုင်တယ်လို့ ဒီကနေ့ရက်စွဲနဲ့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

Sunday, March 8, 2020

ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုအပေါ် ဂမ်ဘီ ယာ တရားရေးဝန်ကြီး စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
08 မတ်၊ 2020
ICJ တရားရုံးအပြင်ဘက်တွင် မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုနေသည့် ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambaou. (ဇန်နဝါရီ ၂၃၊ ၂၀၂၀)

ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုတွေဟာဆိုရင် ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေ အတိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံး အစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် မကောင်း ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

Sunday, February 9, 2020

ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုချက်မဲ့ဆောက်သည့် တိုက်ပွဲ ရှောင်စခန်း အမြန်မပိတ်ပါက အရေးယူမည်

မြန်မာတိုင်းမ်အပတ်စဉ်
ခင်မြတ်မြတ်ဝေ
09 Feb 2020
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့ကိုပြသသည့်မြေပုံ။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုချက်မဲ့ဆောက်ထားသည့် တိုက်ပွဲရှောင်စခန်း အမြန် မပိတ်ပါက ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် က မြန်မာတိုင်းမ်သို့ ပြောကြားသည်။

Monday, January 13, 2020

၂၀၂၀ တွင် ရခိုင်ပြည်နယ် လက်ရှိပြဿနာထက် အဆ ပေါင်းများစွာ ကြီးထွားလာနိုင်သည်ဟု သတိပေး


TheVoiceWeekly Journal

  12-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၁

၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်ပြဿနာကို လက်ရှိအခြေအနေအတိုင်း ဖြတ်သန်းမည်ဆိုပါက ပြဿနာသည် အဆပေါင်းများစွာ ကြီးထွားလာနိုင်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန် ကျုံးလျန်က သတိပေးပြောကြားလိုက်သည်။

Sunday, November 3, 2019

ရခိုင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ဗီယက်နမ်လို ဖြစ်လာတော့ မယ်

Media One
3rd October 2019
ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို နာမည်ကျော် အလွတ်သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Jonathan Gorvett ရေးသားပြီး နာမည်ကျော် Foreign Policy မဂ္ဂဇင်းက အောက်တိုဘာ လ ၃၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

Saturday, November 2, 2019

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေမှမဟုတ်ဘူး၊ ဗုဒ္ဓ ဘာသာဝင်တွေလည်း တိုက်ခိုက်ခံနေရတယ်

RFA
လွတ်လပ်တဲ့အာရှအသံ
နေရိန်ကျော်
2019-11-01
ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုဒေသက ရှေးဟောင်းဘုရားပုထိုးတွေကို တွေ့ရစဉ်Photo: RFA
                                                                                      
 နိုင်ငံတကာဖြစ်ရပ်ကြီးတွေကို ကမ္ဘာကျော်စာစောင်တွေမှာ ရေးသားနေတဲ့ အလွတ်သတင်းထောက် Jonathan Gorvett က ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို သမိုင်းနောက်ခံတွေ၊ ဖြစ်ရပ်တွေ၊ ကုလသမဂ္ဂအရာရှိတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေ၊ ပြည်ပသတင်းတွေမှာ ဖော်ပြခဲ့တာ aတွကို ကိုးကားပြီး နာမည်ကျော် Foreign Policy မဂ္ဂဇင်းမှာ အောက်တိုဘာလ (၃၁) ရက်နေ့က ရေးသား လိုက်ပါတယ်။

Monday, June 24, 2019

ရခိုင်ပြည်နယ်အရေး အာဆီယံဆက်လက်ပံ့ပိုးမယ်လို့ ကြေညာ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-24

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ၁ဝ နိုင်ငံ ထိပ်သီးညီလာခံမှာ တွေ့ရသော အာဆီယံနိုင်ငံခေါင်းဆောင်များ။ Photo: AFP

                                          

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ၁ဝ နိုင်ငံ ထိပ်သီး ညီလာခံနဲ့ ပတ်သက်လို့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာ မြန်မာအစိုးရက ရခိုင်ပြည်နယ်အရေးအတွက် ချမှတ်လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ဆက်လက်ပြီး ထောက်ခံပံ့ပိုးသွားမယ်လို့ ဖော်ပြထားပါတယ်။

(RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်း တင်ပြသည်)

 Link : Here

Tuesday, May 21, 2019

ကုလမဟာမင်းကြီး ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာဌာန
21 မေ၊ 2019
မေခ၊ မဆုမွန်
၂၀၁၇ တုန်းက ကုလမဟာမင်းကြီး Filippo Grandi မောင်တောမြို့ရှိ ဒုက္ခသည်များနှင့်တွေ့ဆုံစဉ် (credit- UNHCR/Roger Arnold )
 
 မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရောက်ရှိနေပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ မောင်တော၊ ဘူးသီးတောင် ဒေသတွင်း လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ ဆုံသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ဆက်သွယ်မေးမြန်း ထားပါ တယ်။

Monday, May 20, 2019

ကုလမဟာမင်းကြီး Fillippo Grandiရဲ့ရခိုင်ပြည် နယ်ခရီးစဉ်

RFA 
လြတ္လပ္တဲ့ အာရွအသံ 
2019-05-20
ကုလမဟာမင်းကြီး Fillippo Grandi ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂ဝ၁၉ မေလ ၂ဝ ရက်နေ့က ရောက်ရှိလာစဉ်။
                                                            Photo: RFA


---------------------------------------------------------------------- 
Link : Here 

Thursday, May 2, 2019

ကမ္ဘောဒီးယားက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ ကိုးသောင်း လှူဒါန်း

မဇ္ဈိမ သတင်း
02 May 2019
By ဇေယျာမော်

ဓာတ်ပုံ - AFP
ရန်ကုန် ၊ မေ ၂ ။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ကိုးသောင်း လှူဒါန်းလိုက်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံ ခရီးစဉ် အတွင်း၌ လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။

Tuesday, April 30, 2019

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန်အတွင်းဝန် ပြောကြား

RFA
30 April 2019

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် ထိုင်းနိုင်ငံမှာ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

■ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးကို အထောက်အပံ့ဖြစ်စေ ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည် နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူူက အခုလို ပြောကြားခဲ့တာပါ။

Wednesday, April 17, 2019

မြန်မာနိုင်ငံခရီးသွားသတိပေးချက် တောင်ကိုရီးယား ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
17 ဧပြီ၊ 2019
တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် အခြား မြန်မာနိုင်ငံနယ်စပ် တလျောက် ဒေသ တွေမှာ လုံခြုံရေးအန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ ခရီးမသွားကြဖို့ အမြင့်ဆုံးသတိ ပေးနှိုးဆော်ချက်ကို ဧပြီလ (၁၆)ရက်နေ့ရက်စွဲနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါ တယ်။

Friday, April 12, 2019

အန္တရာယ်ပြည့်လှိုင် ပြည်ရခိုင်

Frontier 
MYANMAR
Thursday, April 11, 2019

အရှိန်မြင့်တက်နေသော ပစ်ခတ်တိုက်ခိုက်မှုများ၊ ခါးသီးသော လူမျိုးရေးတင်းမာမှုများ၊ လက်သည် မပေါ် သော လျှို့ဝှက်သတ်ဖြတ်မှုများဖြင့် ပျက်စီးခြင်းဘေးဆိုက်နေသော ရခိုင်ပြည်နယ်၏ အခြေအနေမှာ လောလောလတ် လတ် တိုးတက်ကောင်းမွန်ဖွယ်ရာအကြောင်း မမြင်ရသေးချေ။
မြတ်ကျော်သူ ရေးသားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */