" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 29, 2020

မဲဆန္ဒပေးနိုင်ဖို့အတွက် ဂျပန်အထူးကိုယ်စားလှယ် ရခိုင် ပြည်နယ်ကို သွားရောက်လေ့လာ

NHK WORLD JAPAN
Date: 29.11.2020
တိုက်ပွဲတွေကြောင့် ရွှေ့ဆိုင်းထားတဲ့ ဆန္ဒမဲပေးနိုင်ရေး ကူညီဖို့ အတွက် ဂျပန်အစိုးရက ရခိုင်ပြည်နယ်ကို အထူးကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီးဖြစ်ပေမဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒ နယ် ၉ ခုလုံးမှာ ဆန္ဒမဲပေးမှုကို ရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီဒေသမှာ ဘယ်တော့ ဆန္ဒမဲပေးပွဲ ပြုလုပ်မယ်ဆိုတာကိုတော့ အစိုးရက ပြောကြားခြင်း မရှိသေးပါဘူး။

 Nippon Foundation (NPO) အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ အထူးကိုယ်စားလှယ် Sasakawa Yohei ဟာ တိုက်ပွဲတွပြင်း ပြင်းထန်ထန် ဖြစ်ပွားလျက်ရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို စနေနေ့က ရောက်ရှိသွားခဲ့ပါတယ်။ ဒေသ တွင်းက လက်ရှိလုံခြုံရေး အနေအထားတွေကို သိရှိနိုင်ဖို့ သူက ဒေသခံတွေကို တွေ့ဆုံမေးမြန်းမှုတွေ ပြု လုပ်နေပါတယ်။

မစ္စတာ Sasakawa ဟာ ဆန္ဒမဲပေးရေး သေချာလာစေဖို့ ရွေးကောက်ပွဲအာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ လည်း စီစဉ်နေပါတယ်။

ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်ကိုင်တွေကို နှိမ်နင်းခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး တိုက်ပွဲတွေကြောင့်အဲဒီ ဒေသဟာ ယိုယွင်းလျက်ရှိပါတယ်။ လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်တယ်လို့ ကုလသမဂ္ဂ ကဆိုတဲ့ လှုံ့ဆော်မှုတွေကြောင့် ရိုဟင်ဂျာမွတ်ဆလင် သိန်းနဲ့ချီထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့ လက်တလောမှာအပစ်အခတ်တွေ ရပ်စဲထားပါတယ်။ မဲဆန္ဒပေးရေး အတွက် လုပ်ဆောင်တာဟာ ဒေသတွင်း တည်ငြိမ်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဂျပန်က မျှော်လင့် နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */