" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 3, 2019

ရခိုင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ဗီယက်နမ်လို ဖြစ်လာတော့ မယ်

Media One
3rd October 2019
ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို နာမည်ကျော် အလွတ်သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Jonathan Gorvett ရေးသားပြီး နာမည်ကျော် Foreign Policy မဂ္ဂဇင်းက အောက်တိုဘာ လ ၃၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
 “ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေမှမဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်တွေလည်း တိုက်ခိုက်ခံနေရတယ်” လို့ အစချီပြီးရေးသားထားတဲ့ သတင်းဆောင်းပါးမှာတော့ မြောက်ဦးဒေသခံတွေရဲ့ ပြောဆိုချက်တွေကို လည်း တွေ့မြင်ကြရမှာပါ။

“ကျနော်ထင်တယ် AA အဖွဲ့အင်အားကောင်းအောင် အဓိကလူစုပေးနေတာက တပ်မတော်ပဲဖြစ်တယ်”လို့ ပင်မန်းလို့ အမည်ပြောင်းပေးထားသူ မြောက်ဦးသား တစ်ယောက်က ပြောတယ်လို့ ဆောင်းပါးရှင်က ဆိုပါ တယ်။

ဒီလိုရေးသားထားတဲ့ ဆောင်းပါးထဲမှာတော့ “ရခိုင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ဗီယက်နမ်လိုဖြစ်လာတော့ မယ်” လို့ ကုလအရာရှိ Assum ပြောတဲ့အကြောင်း “စစ်တွေလေဆိပ်ဟာ အခုဆိုရင် ဝမ်းနည်းကြေကွဲစရာ မြင်ကွင်းတွေတွေ့ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ် မဆိုက်ခင်မှာတင် အရေးပေါ် လူနာ တင်ကား ရောက်လာမယ်၊ ဒဏ်ရာရထားတဲ့ စစ်သားတွေနဲ့ အရပ်သားတွေ ပါလာမယ်၊ ပြီးတော့ လေယာဉ် ပေါ် တင်ပေးလိုက်မယ်။ စစ်တွေဆေးရုံ မှာ မနိုင်တဲ့အတွက် ရန်ကုန်ကို ပို့လိုက်မယ်။” လို့ ဖော်ပြထားတာပါ။

ဒီရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ဆောင်းပါးရှင် Jonathan Gorvett က သမိုင်းနောက်ခံတွေ၊ ဖြစ်ရပ်တွေ၊ ကုလသမဂ္ဂအရာရှိတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေ၊ ပြည်ပသတင်း တွေမှာ ဖော်ပြခဲ့တာတွေကို ကိုးကားပြီး ရေးသားထားတာဖြစ်ပါတယ်။

(အပြည့်အစုံ မြန်မာဘာသာပြန်ဆိုချက်ကိုတော့ RFA သတင်းဌာနရဲ့ အောက်ဖော်ပြ Link မှာ ဖတ်ရှု နိုင်မှာပါ။)
https://www.rfa.org/burmese/program_2/jonathan-gorvett-report-11012019221527.html

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */