" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 13, 2020

မြန်မာနိုင်ငံ - ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကို ပြန်လည်ဖွင့် ပေးရန် တောင်းဆိုခြင်း

HUMAN
RIGHTS
WATCH




 
၁၃ရက် ဖေဖော်ဝါရီလ၊ ၂၀၂၀။

ကမ္ဘာပေါ်ရှိကာလအကြာရှည်ဆုံးမိုဘိုင်းအင်တာနက်ဖြတ်တောက်မှုများ
ထဲမှ တစ်ခုကို ရခိုင်ပြည်နယ်ရှိ မြို့နယ် (၄)ခုတွင် ပြုလုပ်ထားသည်။

ဤပူးတွဲ ထုတ်ပြန်ကြေညာချက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း (၂၉) ခုအနေဖြင့်ချင်းပြည် နယ်ရှိ မြို့နယ်တစ်ခုနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၈)ခုတွင် မိုဘိုင်း အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက် ထားမှုကို ချက်ချင်း ပြန်လည် ဖွင့်ပေးရန် မြန်မာအစိုးရကိုတောင်းဆိုလိုက်သည်။ အစောပိုင်းကာလများက မြို့နယ် (၅) ခုတွင် အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ထားမှုကို ပြန်လည် ဖွင့်ပေးခဲ့ ပြီးနောက်ဖော်ဝါရီလ (၃) ရက် နေ့တွင် အဆိုပါမြို့နယ် (၅) ခု ၌ မိုဘိုင်းအင်တာနက် လိုင်းများ ကို မြန်မာအစိုးရ ကပြန် လည် ဖြတ်တောက်ခဲ့မှု အပေါ် မိမိတို့အနေဖြင့် များစွာစိုးရိမ်ပူပန် မိသည်။

အစိုးရအနေဖြင့် အင်တာနက်ဖြတ်တောက်မှုအတွက် သင့်လျော်သည့် အကြောင်းပြချက်နှင့် အဆိုပါပိတ် ဆို့ဖြတ်တောက်ကန့်သတ်မှုများ လုပ်ဆောင်ရာတွင် ဥပဒေအရကျင့်သုးံသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက် သော သတင်းအချက်အလက်အားလုံးကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ကြေညာရန် မိမိတို့ အနေ ဖြင့် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာအစိုးရသည် ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ပထမဆုံးအကြိမ်အနေဖြင့် ရခိုင်ပြည်နယ်ရှိပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပု ံစသည့် (၈) မြို့ နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့၌ မိုဘိုင်း အင်တာနက်ဆက်သွယ်မှုများကိုဖြတ်တောက်ခဲ့သည်။ စက်တင်ဘာလ (၁) ရက်နေ့တွင် မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့ နယ်များ၌ အင်တာနက် ဖြတ်တောက်ထားမှုကို အစိုးရကပြန်လည်ဖွင့်ပေးခဲ့သည်။

၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကအ ဆိုပါမြို့နယ် (၄) ခုတွင် အင်တာနက်ဖြတ်တောက်မှုကို ပြန်လည်လုပ်ဆောင်ရန် အမိန့်ပေးခဲ့ကြောင်းတယ်လီ ဖုန်း ဆက်သွယ်ရေးလိုင်းများမှတစ်ဆင့် ပြည်သူများကို သတင်းပေးပို့ခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် အဆို ပါအမိန့်ကို ထုတ်ပြန်ရာတွင် “လုံခြုံရေးဆိုင်ရာလိုအပ်ချက်နှင့် အများပြည်သူအကျိုးစီးပွား”ကို ရည်ညွှန်း ပြောဆို ခဲ့ကြောင်း တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် (၈) လတာနီးပါး အင်တာနက် ဖြတ် တောက် ထားမှုသည် ကမ္ဘာပေါ်တွင် အစိုးရများကလုပ်ဆောင်ခဲ့သည့် အရှည်ကြာဆုံးသော မိုဘိုင်းအင်တာ နက်ဆက်သွယ်ရေး ဖြတ်တောက်မှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ထိုကဲ့သို့အင်တာနက် ဖြတ် တောက် ထားမှုက ပဋိပက္ခဒဏ်သင့်နယ်မြေများရှိ အရပ်သားများ၊ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ပေး နေ သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေးရေးလုပ်ငန်းများ၊အသက်မွေးဝမ်း ကျောင်းမှု လုပ်ငန်းများနှင့်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး လုပ်ငန်းများကို ဆိုးဆိုးဝါးဝါး ထိခိုက်စေ လျက်ရှိသည်။

အဆိုပါ အင်တာနက်ဖြတ်တောက်မှုသည် ရခိုင်မျိုးနွယ်စုများဖြင့် ဖွဲ့စည်းထားသည့်ရက္ခိိုင့်တပ်တော်နှင့် မြန် မာတ ပ်မတော်တို့ကြား ယခုလက်ရှိ ဖြစ်ပွားလျက်ရှိသည့် ပဋ္ဋိပက္ခများအပေါ်မြန်မာအစိုးရ၏တုန့်ပြန်လုပ် ဆောင် ချက်တစ်ရပ်ဖြစ်သည်ဟု ထင်မှတ်နိုင်ဖွယ်ရှိသည်။ ၂၀၁၉ခုနှစ်ကတည်းက တိုက်ပွဲ များပြင်းထန်လာ မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွင်းပဋိပက္ခဖြစ်ပွားနေ သည့် မြို့နယ်များရှိ သောင်းနှင့်ချီသော အရပ်သားပြည်သူများကို နေရပ်များစွန့်ခွာ ရွှေ့ပြောင်းစေခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ပြုမူလုပ်ဆောင်ချက်များမှအကာအ ကွယ်ပေးရေးအတွက် ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် “ကြားဝင်စီမံ ဆောင်ရွက်မှု”အမိန့်ချမှတ်ခဲ့ သည့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့်လိုက်နာကျင့်သုံးခြင်း ရှိ၊မရှိ အကဲဖြတ်ရန် ထိုကဲ့သို့အင်တာနက်ဖြတ်တောက်ထားခြင်း ပို၍ခက်ခဲစေသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကမြန်မာအာဏာပိုင်များ ၏ ကန့်သတ်ပိတ်ဆို့မှုများသည် ပဋိပက္ခ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျိုးသက်ရောက်မှုကို “ပြင်းပြင်းထန်ထန်ဆိုးရွား” စေကြောင်း၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက် နေ့တွင် ထုတ်ပြန်သည့် သူမ၏ကိုယ်စားလှယ် သက်တမ်း ပြီးဆုံးကြောင်း ထုတ်ပြန်ကြေညာ ချက်တွင် ပြောကြားခဲ့သည်။

ပထမအကြိမ် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်သည့် ၂၀၁၉ခုနှစ်ဇွန်လ နောက်ပိုင်းတွင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေဖြင့် အင်တာနက်ဖြတ်တောက်ခံရပြီးပဋိပက္ခ နယ်မြေအတွင်းမှ လူများနှင့်ရော အဆိုပါဒေသအပြင်ဘက်မှလူများနှင့်ပါ ဆက်သွယ်ရန်လိုအပ်သည့်အခြေခံနည်းလမ်းများကို ပိတ်ပင်ခြင်းခံထားရသော အရပ်သားများအတွက် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေထိုင်ကြသည့် ပြည်သူများ၏ သတင်းအချက်အလက်ရယူသိရှိနိုင် မှုအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အာမခံချက်ပေးနိုင်စေရေးအတွက်မိုဘိုင်းအင်တာနက် ဝန် ဆောင်မှုဖြတ်တောက်ထားမှုကို ချက်ချင်းပြန်ဖွင့်ပေးရန် အစိုးရအပေါ်လူ့အခွင့်အရေးအထူးကိုယ်စား လှယ်၏ တိုက်တွန်းမှုကို မိမိတို့အနေဖြင့် ပူးပေါင်းတိုက်တွန်းလိုက်သည်။

တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများကို ရပ်တန့်ရန်အတွက်တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများ ကို ညွှန်ကြားချက်ထုတ်ခြင်းအပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို လိုအပ်သည်ထက် ပိုပြီး လုပ်ပိုင်ခွင့်အာဏာပေးထားသည့်ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၇)ကို ဖျက်သိမ်းရန် မြန်မာအစိုးရကို မိမိတို့အနေဖြင့်တိုက်တွန်းတောင်းဆိုလိုက်သည်။

အရေးပေါ်ကာလများတွင် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများအပေါ် ကန့်သတ်ပိတ်ဆို့မှုသည်တရား စီရင်ရေးဆိုင်ရာ သဘောတူညီချက်အရင်ရယူပြီး ဥပဒေအရအကန့်အသတ်ဖြင့်လုပ်ဆောင်သည့် ပုံစံမျိုးဖြင့် သိုသိပ်စွာ အဓိပ္ပာယ်ဖွင့်ဆိုသင့်ပြီး ခြွင်းချက်အခြေအနေများအတွက်လည်းဥပဒေအရ နေရာ လွတ် ချန်ထားသင့်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) တွင်မည်သည့ ် နေရာဒေသတွင် နေထိုင် သည် ဖြစ်စေ၊ မည်သည့်သတင်းမီဒီယာမှတစ်ဆင့်ဖြစ်စေ သတင်းအချက်အလက်နှင့် အတွေးအခေါ်များကို လက်ခံရရှိနိုင်ရန်နှင့် ဖြန့်ဝေနိုင်ရန် အခွင့်အရေးအပါအဝင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သည့် အခွင့် အရေးများကို အကာအကွယ်ပေးထားသည်။

ပထမအနေဖြင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အပေါ်ကန့်သတ်ချက်များသည် ဥပဒေတစ်ခုအမိန့် တစ်ခု ဖြစ်နေသည့်အစား ခြွင်းချက် တစ်ခုဖြစ်သင့်ပြီး ဥပဒေထဲတွင် ထိုကဲ့သို့ပြဌာန်းထားသင့်သည်။

ဒုတိယအနေဖြင့် ပြည်သူ့ကျန်းမာရေး၊ ပြည်သူ့စာရိတ္တ၊ အများပြည်သူသဟဇာတဖြစ်မှု သို့မဟုတ် အမျိုး သားလုံခြုံရေးကို ခိုင်မာသေချာအောင် ပြုလုပ်ခြင်းနှင့်အခြားသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အကာအကွယ် ပေးခြင်း အစရှိသည့်သီးခြားအခြေအနေများတွင်သာ ကန့်သတ်ပိတ်ပင်မှုများ ထားသင့်သည်။

တတိယအနေဖြင့် ဖော်ပြပါရည်ရွယ်ချက်များကို အောင်မြင်ရရှိနိုင်ရန် ကန့်သတ် ချက်များကို ထုတ်ပြန်ရာ တွင် လိုအပ်မှုနှင့်အချိုးကျမှုအပေါ်တွင် မူတည်သင့်သည်။ တစ်နည်းဆိုလျှင် ကန့်သတ်ပိတ်ပင်မှုအနည်းဆုံး ပုံစံမျိုးဖြင့်ဖြစ်သင့်သည်။ ကန့်သတ်ပိတ်ပင်မှု တစ်ခုအတွက် အထက်ဖော်ပြပါ လိုအပ်ချက်သုံးခုသည်လည်းအပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် စံချိန်စံညွှန်းများနှင့်အညီ ဖြစ်ရန် လိုအပ်သည်။


ဤအခွင့်အရေးကို လူသားတစ်ဦးချင်းစီ ကျင့်သုံးနိုင်ရန် အင်တာနက်ကို “အဓိကကျသော အခြေခံနည်း လမ်း” တစ်ခုအနေဖြင့် အသိအမှတ်ပြုသတ်မှတ်ထားသည့်အတွက်လွတ်လပ်စွာ တွေးခေါ်ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့်ပတ်သက်၍ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရန်၊လက်လှမ်းမီမီရရှိနိုင်ရန်နှင့် လူအများသုံးစွဲနိုင်ရန် ထိရောက် ပြီး တိကျသော မူဝါဒများနှင့်မဟာဗျူဟာများ ချမှတ်ကျင့်သုံးရေးအတွက် အစိုးရများတွင် အပြုသဘော ဆောင်သည့်တာဝန်ဝတ္တရားများရှိကြောင်း ဖော်ပြခဲ့သည်။

အင်တာနက်သုံးစွဲမှု လူ့အခွင့်အရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်တစ်ခုတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၎င်းတို့ အနေဖြင့် “အင်တာနက်မှ သတင်းအချက်အလက်များ ကိုလက်လှမ်းမီ ရရှိနိုင်ခွင့်နှင့် ဖြန့်ဝေခွင့် တို့ကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်သော သို့မဟုတ်တားဆီးပိတ်ပင်သော လုပ်ရပ်များကို တညီတညွတ်တည်း ပြတ် ပြတ်သားသားရှုံ့ချကြောင်းနှင့်ထိုကဲ့သို့သော လုပ်ရပ်များကို နိုင်ငံအားလုံးက ရပ်တန့်ရန်နှင့် ရှောင် ကြဉ် ကြ ရန် တိုက်တွန်းကြောင်း”ထုတ်ပြန်ခဲ့သည်။

၂၀၁၉ခုနှစ် စက်တင်ဘာလတွင် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ရခိုင်ပြည်နယ်အတွင်းအင်တာနက် ဆက်သွယ်မှုကို ပြန်လည်ဖွင့်ပေးရန်နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၇) ကို ဖျက်သိမ်းရန်တိုက်တွန်းခဲ့သည်။

ဤထုတ်ပြန်ကြေညာချက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့်လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ လုပ်သားများ၊ လွတ်လပ်၍ ဘက်မလိုက်သော သတင်းသမားများနှင့်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိန်းချုပ်မှုမရှိလွတ်လွတ်လပ်လပ် ထိတွေ့ဆက်ဆံ သွားလာနိုင်ရေးအတွက် ခွင့်ပြုရန် မြန်မာအစိုးရကိုတိုက်တွန်းလိုက်သည်။

လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ
(၁) ASEAN Parliamentarians for Human Rights
(၂) All Arakan Students’ and Youths’ Congress
(၃) Alternative ASEAN Network on Burma (ALTSEAN- Burma)
(၄) Amnesty International
(၅) Arakan Information Center
(၆) Arakan Rivers Network
(၇) Arakka Foundation
(၈) ARTICLE 19
(၉) Athan
(၁၀) Burma Campaign UK
(၁၁) Burma Human Rights Network
(၁၂) Burma Task Force
(၁၃) Burmese Rohingya Organization UK
(၁၄) Chin Human Rights Organization
(၁၅) Christian Solidarity Worldwide
(၁၆) CIVICUS : World Alliance for Citizen Participation
(၁၇) FIDH – International Federation for Human Rights
(၁၈) Fortify Rights
(၁၉) Human Rights Watch
(၂၀) Justice For All
(၂၁) Karen Women’s Organization
(၂၂) Peace and Development Initiative – Kintha
(၂၃) Refugees International
(၂၄) Student Network
(၂၆) The Arakan Project
(၂၇) Robert F. Kennedy Human Rights
(၂၈) Synergy
(၂၉) Women Peace Network

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */