" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 9, 2020

ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုချက်မဲ့ဆောက်သည့် တိုက်ပွဲ ရှောင်စခန်း အမြန်မပိတ်ပါက အရေးယူမည်

မြန်မာတိုင်းမ်အပတ်စဉ်
ခင်မြတ်မြတ်ဝေ
09 Feb 2020
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့ကိုပြသသည့်မြေပုံ။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုချက်မဲ့ဆောက်ထားသည့် တိုက်ပွဲရှောင်စခန်း အမြန် မပိတ်ပါက ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် က မြန်မာတိုင်းမ်သို့ ပြောကြားသည်။
'' တိုက်ပွဲရှောင်ဆိုပြီး တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲကြား တိုက်ပွဲရှောင်စခန်းဖွင့်တယ်။ ဘယ်လိုလုပ် လုံခြုံမလဲ ၊ အစိုးရ ခွင့်ပြုချက်လည်းမတောင်းဘူး။ အမိန့်ထုတ်လည်း မနာခံသေးဘူး။ မြတန်ဆောင် ဆရာ တော်ဖွင့်ထားတဲ့စခန်း ရန်သူအားပေးတဲ့ နေရာမှာ တိုက်ပွဲရှောင်စခန်းသွားဖွင့်တယ်။ ကျွန်တော် ဥပဒေအ တိုင်း ဆက်သွားမယ်" ဟု ၎င်းက ဆိုသည်။

မြေပုံမြို့နယ်၊ စညှင်းကွင်းရွာတွင် ဇန်နဝါရီ နောက်ဆုံးပတ်က တိုက်ပွဲရှောင်စခန်းတစ်ခု စတင်ဖွင့်လှစ် ထား ခြင်းကို ပိတ်သိမ်းရန်အတွက် နှစ်ကြိမ်တိတိ ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ဆက်လက်ဖွင့်လှစ် ထား ပါက ဥပဒေအတိုင်း ဆက်လက်အရေးယူမည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊မြောက်ဦး၊ပုဏ္ဏားကျွန်း စသည့်မြို့နယ်များတွင် တိုက်ပွဲရှောင်များအ တွက် အစိုးရက အဆောက်အဦများကို ဆောက်လုပ်ပေးထားပြီး ယင်းနေရာများသို့ ရွှေ့ပြောင်းရန်နှင့် ရိက္ခာ အတွက်လည်းစီစဉ်ပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေး ဝန် ကြီး ဦးဝင်းမြင့်က မြန်မာတိုင်းမ်သို့ ပြောသည်။

'' စစ်ရှောင်ဆိုရင် စစ်နဲ့ လွတ်တဲ့နေရာမှာ ဖွင့်လေ။ စစ်နဲ့ နီးစပ်တဲ့နေရာမှာဖွင့်တော့ စစ်ဖြစ်ရင် ပြည်သူထိ မယ်။ အဲဒီအခါကျတော့ အရပ်သားတွေ ထိလာပါတယ်။ ပြည်သူကို ဒုက္ခရောက်လာပါတယ်။ ဖြစ်လာ တယ်''ဟု ၎င်းက ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */