" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 2, 2019

ကမ္ဘောဒီးယားက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ ကိုးသောင်း လှူဒါန်း

မဇ္ဈိမ သတင်း
02 May 2019
By ဇေယျာမော်

ဓာတ်ပုံ - AFP
ရန်ကုန် ၊ မေ ၂ ။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ကိုးသောင်း လှူဒါန်းလိုက်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံ ခရီးစဉ် အတွင်း၌ လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။
ယင်းခရီးစဉ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့အကြား တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အာဆီယံနှင့် ဧရာ ဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ အပါအဝင် ဒေသတွင်း အဖွဲ့ အ စည်းများ၌ ပူးပေါင်းဆောင်ရွက်ရေး စသည့်တို့ကို ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရဘက်က သတင်းထုတ် ပြန်ထားသည်။

ယင်းအပြင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေး စာချုပ်၊ အခွန်နှစ်ထပ် ကျသင့်မှု ရှောင်ရှားရေး သဘောတူစာချုပ် ချုပ်ဆိုရေးနှင့် ပညာရေးပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နာ းလည်မှုစာချွန်လွှာ အပါအဝင် လက်မှတ်ရေးထိုးပြီး သဘောတူညီချက်များနှင့် နားလည်မှု စာချွန်လွှာများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရေး၊ ပညာသင်ဆုများ အပြန်အလှန်ဖ လှယ်ပေး အပ်ရေးတို့ ဆွေးနွေးခဲ့ကြသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ဆက်ဆံမှုများ အားနည်းနေသော် လည်း ခရီးသွားလုပ်ငန်းတွင်မူ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံသား နှစ်သောင်းနှစ်ထောင်ကျော် ကမ္ဘောဒီး ယား ကို သွားရောက်လည်ပတ်ခဲ့ကြပြီး၊ နှစ်စဉ် မြန်မာခရီးသွား ၁၈ ရာခိုင်နှုန်း တိုးတက်နေ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */