" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 13, 2020

၂၀၂၀ တွင် ရခိုင်ပြည်နယ် လက်ရှိပြဿနာထက် အဆ ပေါင်းများစွာ ကြီးထွားလာနိုင်သည်ဟု သတိပေး


TheVoiceWeekly Journal

  12-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၁

၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်ပြဿနာကို လက်ရှိအခြေအနေအတိုင်း ဖြတ်သန်းမည်ဆိုပါက ပြဿနာသည် အဆပေါင်းများစွာ ကြီးထွားလာနိုင်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန် ကျုံးလျန်က သတိပေးပြောကြားလိုက်သည်။

အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၁၁ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာ ကုန်တိုက် Grand Ballroom တွင် ပြုလုပ်သော အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ၂၀၂၀ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြား လိုက်ခြင်း ဖြစ် သည်။

နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည် နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

“ဒီပြသနာက မကိုင်တွယ်တတ် လို့ရှိရင် နိုင်ငံတကာ ပြဿနာဖြစ်မှာကို ကျွန်တော်တို့ ကြိုပြီးတော့ သိထား ပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသာ မြန်မာပြည်မှာ မွေးတဲ့နိုင်ငံသားတွေ စုစည်းပြီးတော့ဖွဲ့တာဒီကိစ္စကိုသမ္မတ (သမ္မတဦးသိန်းစိန်) က ကိုင်တွယ်ပြီး လုပ်တော့ ရခိုင်ပြည်နယ် ပြဿနာက တော်တော်လေး အဆင်ပြေ သွား တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဖြစ်တဲ့ ပဋိပက္ခကြတော့ လက်ရှိကိုင်တွယ်တဲ့ အစိုးရကို အပြစ်တင် တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီကလည်း ရခိုင်အ ရေး အခင်းနှင့် ပတ်သက်၍ ငါးနှစ်တာကာလအတွင်းတွင် ပြဿနာကြီးထွားလာခြင်းမှာ ကိုင်တွယ်ဖြေရှင်း သည့်စနစ် ခြားနားခြင်းကြောင့်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က “ကိုယ့်နိုင်ငံ ပြဿနာကို ကိုယ်က မဖြေရှင်းဘဲ တခြားလူကို အားကိုးပြီးတော့ ဖြေရှင်းခိုင်းတာ ကိုယ့်အန္တရာယ်ကို ရှာသလိုဖြစ်နေတယ်” ဟု ဆိုသည်။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ၂၀၂၀ ဆွေးနွေးပွဲတွင် နိုင်ငံရေးလေ့လာ သုံးသပ်သူ နှင့် ယခင် နိုင်ငံတော် သမ္မတ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်၊ ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်ရီ၊ ယခင်နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတကာ ဥပဒေပညာ ရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်တို့ ဆွေးနွေးခဲ့ကြသည်။

နှင်းနုဝင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */