" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 30, 2019

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန်အတွင်းဝန် ပြောကြား

RFA
30 April 2019

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် ထိုင်းနိုင်ငံမှာ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

■ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးကို အထောက်အပံ့ဖြစ်စေ ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည် နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူူက အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ သောကြာနေ့အထိ ၃ ရက်ကြာနေထိုင်မယ့် ဒေးဗစ်ဟေးလ် က ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေ အနေဟာ ဒုက္ခသည်တွေ ပြန်လာရေးအတွက် လုံခြုံမှု မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ကို အဓမ္မပြန်လည်နေရာချထားခြင်း မပြုဖို့ သူတင်ပြမှာဖြစ်ကြောင်းနဲ့ မြန်မာ့တပ် မတော် ထိပ်ပိုင်းအရာရှိတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆို ချက်တွေ ပေါ်ပေါက်နေတာကိုလည်း ထည့်သွင်းမေးမြန်းမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့လည်း ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ပါဝင်ပူးပေါင်း ကူညီစေလိုကြောင်း ပြောပါတယ်။

နိုင်ငံရေးအတွင်းဝန် ဒေးဗစ် ဟေးလ် ဟာ အာရှတိုက်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက တဆင့် မြန် မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကို လာမယ့်အပတ်အတွင်း သူ ခရီးဆက် ပါလိမ့်မယ်။

Photo: The Nation
-

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */