မဇျ္စိမ
May 4, 2024
Sunday, May 5, 2024
ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
Tuesday, April 9, 2024
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ ဘာဆက်ဖြစ်ကြသလဲ
Wednesday, April 3, 2024
ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ စစ်မှုထမ်းဖို့ ခေါ်ယူခံရ
VOA
ဗွီအိုအေမြန်မာပိုင်း
အသံဖိုင်
၀၂ ဧပြီ၊ ၂၀၂၄
ကျောက်ဖြူမြို့နယ် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းက ဒုက္ခသည်၁၀၀ ကျော် လောက်ကို စစ်ကောင်စီကစမ်းမှုထမ်းခိုင်းပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေဆီ စေလွတ် တာတွေရှိ တယ်လို့ ဒုက္ခ သည်တွေက ပြောပါတယ်။
Link : HereFriday, March 22, 2024
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း ရိုဟင်ဂျာများကို စစ်ကောင်စီအသုံးချနေ
လွတ်လပ်သော မွန်သတင်း
March 21, 2024
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးအခြေအနေများအတွင်း စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချနေကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတို့က ဆိုသည်။
Wednesday, March 13, 2024
အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်လူငယ်များ သင်တန်းဆင်း
Myanmar Now
စထွန်းအောင်
March 12, 2024
သင်တန်းဆင်းပွဲတွင် ဒံပေါက်ကျွေးကာ၊ တစ်ဦးလျှင် ငွေငါးသောင်းနှင့် စစ်ယူနီဖောင်းတစ်စုံစီပေးသည်ဟု သိရပြီး စစ်ကောင်စီက မည်သို့ခိုင်းစေမည်ကို မသိရသေးပေ။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခုမှ လူငယ် ၁၀၀ ကျော်ကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်က နှစ်ပတ်နီးပါးကြာ အတင်းအကျပ် စစ်သင်တန်းပို့ချပြီးနောက် ယမန်နေ့ (မတ်လ ၁၁) က သင်တန်းဆင်းပေးလိုက်သည်။
Tuesday, March 12, 2024
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အဓမ္မစစ်သားစုဆောင်းခံနေရ
လွတ်လပ်သော မွန်သတင်းအေဂျင်စီ
March 12, 2024
Tuesday, February 27, 2024
စစ်မှုမထမ်းလို၍ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တချို့ ထွက်ပြေး
စထွန်းအောင်
ဖေဖေါ်ဝါရီ ၂ရ ၂၀၂၄
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဏာသိမ်းစစ်တပ်က စစ်ပညာသင်ကြားပေးရန် လူစာရင်းကောက်ယူခြင်း၊ စစ်သင်တန်းကို တက်သုတ်ရိုက် စီစဉ်နေခြင်းတို့ကြောင့် ရိုဟင်ဂျာလူငယ် ဒါဇင်နဲ့ချီပြီး စခန်းမှ ထွက်ပြေးခဲ့ကြသည်။
Wednesday, February 21, 2024
Wednesday, February 14, 2024
ရခိုင်ပြည်နယ်က သံတမန်တွေကို ဘင်္ဂလားဒေ့ရှ်နေရာရွှေ့
RFA
RFA Burmese
2024.02.13
Friday, January 26, 2024
ရခိုင်ပြည်နယ်မှ ထွက်လာသည့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းထား
Myanmar Now
သူရမောင်
January 26, 2024
ရိုဟင်ဂျာ ၁၁၇ ဦး မြန်မာ-ထိုင်း နယ်စပ်တွင် အဖမ်းခံကြောင်း၊ ပြည်ပထွက်ရန် ကြိုးပမ်းစဉ် ယခုနှစ်အတွင်း ပထမ ဆုံးအကြိမ် အစုလိုက် ဖမ်းဆီးမှု ဖြစ်ကြောင်း NUG တာဝန်ရှိသူတစ်ဦးက ပြောသည်။
Saturday, January 20, 2024
ပညာရေးထိခိုက်နေတဲ့ ရခိုင်ပြည်နယ်က လူငယ်များ
VOA
ဒို့အသံအစီအစဉ်
၂၀ ဇန်နဝါရီ၊ ၂၀၂၄
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်ကျောင်းသားတွေ၊ အထူးသဖြင့် ရိုဟင်ဂျာလို့ ခံယူထားတဲ့လူငယ်တွေ ကျောင်းတက် ခွင့် ခက်ခဲတာအပါအဝင် ကြုံတွေ့ရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာတင် ပြထားပါတယ်။
Link : HereTuesday, December 19, 2023
ပေါက်တောက ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အကူ အညီမရလို့ စားဝတ်နေရေးခက်ခဲနေ
RFA
RFA Burmese
2023.12.18
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ
IJBS
ဝေမိုး | Click here for the English language version of this article.
Cite as: ဝေမိုး၊ (၂၀၂၁)၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3228
စာတမ်းအကျဉ်း
ယခု စာတမ်းတွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဘောင်သွပ်သွင်းမှုများနှင့် တပ်မတော်၏ အသားကျနေပြီဖြစ်သည့် စစ်ရေးဆိုင်ရာ အလေ့အကျင့်များကို အနှစ်ချုပ်ဖော်ပြခြင်း အားဖြင့် ရည်ရွယ်ချက်ရှိ ရှိကြံရွယ်ထားသည့် စစ်ဆင်ရေး အခြေအနေများကို ပုံပေါ်လာစေကာ အ ဆို ပါဒေသတွင်း ရိုဟင်ဂျာလူမျိုးများအပေါ်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပုံကို ဆွေးနွေးတင်ပြထား ပါ သည်။ ဤစာတမ်းတွင် စစ်ဆင်ရေးပြု လုပ်ရာတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သည့် အမိန့်ပေး သူ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ငါးဦးအား မီးမောင်းထိုးပြသကာ တပ်မတော် အင်စတီကျူးရှင်းများ ရှိ စစ် သားများ၏ ပညာရေး အခန်းကဏ္ဍသည် သာမန်စစ်သားများ၏တွေးတောစဉ်းဆင်ခြင်နိုင်မှု နှင့် ဓလေ့ တို့ကို ပုံသွင်းရာတွင် အရေးပါကြောင်းကိုလည်း ရှင်းလင်းပြသထားပါသည်။ စစ်သားများ သည် ဗမာ လူမျိုးနှင့် ဗုဒ္ဓဘာသာအပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို အဓမ္မရိုက်သွင်းထား ခံရ ရုံသာမက အထူးရွေးချယ်ခြင်းခံရသည့် စစ်သားအချို့မှာ စစ်ရေးနည်းပညာများ ဆိုင်ရာ အဆင့်မြင့် ပညာ ရပ်များ ကို နိုင်ငံခြားတိုင်းပြည်များ မှသင်ယူလာကြသည်ကိုလည်းတွေ့ရပါသည်။
Thursday, November 23, 2023
BROUK အစီရင်ခံစာသည် ရိုဟင်ဂျာများ တိုးပွားလာနေ သည့် ဒုက္ခသုက္ခများကို မီးမောင်းထိုးပြသည်။
မဇ္ဈိမ
၂၃ နိုဝင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ်အတွင်း လူထောင်ပေါင်းများစွာကို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေး တွန်းအားပေး နေ တာကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ အမိန့် ကို မြန်မာစစ်အစိုးရက လျစ်လျူရှုထားဆဲဖြစ်တယ်လို့ ရိုဟင်ဂျာတွေရဲ့ အစီရင်ခံစာသစ်မှာဖော်ပြထား ပါတယ်။ အဖွဲ့အစည်း UK (BROUK)။
Monday, November 20, 2023
ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကိုရုပ်သိမ်း
Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
(ပင်လယ်ပြင်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ခရီးသွားလာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ် ပင် ထား၍ ဒေသခံလူထု စားဝတ်နေရေး အခက်အခဲရှိနေ)
ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တစ်ခု ကို ရုပ်သိမ်းထားသည့်အပြင် စစ်ကောင်စီက ပင်လယ်ပြင် ငါးဖမ်းခွင့်ကိုလည်း တားမြစ်ခြင်း၊ ခရီးသွား လာ ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ထား၍ လက်လုပ်လက်စား ဒေသ ခံလူထုအနေဖြင့် စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု သတင်းရရှိသည်။
Thursday, November 16, 2023
ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ် တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှထွက်ပြေး တိမ်းရှောင်
ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 16, 2023
ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေ မြို့မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ပြည်နယ်စစ်ကောင်စီ နီးစပ်သူများနှင့် သတင်းရင်းမြစ်များထံ မှ သိရသည်။
ရက္ခိုင့်တပ် သိမ်းပိုက်ခဲ့သည့် ပေါက်တောမြို့ကို လေတပ်၊ ရေတပ်ဖြင့် စစ်တပ်ပစ်ခတ်
Myanmar Now
ရောင်နီ ဟန်သစ်
November 16, 2023
ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ကပ်လျက်တည်ရှိသည့် ပေါက်တောမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက ထိုမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် မြို့ခံများ ထွက်ပြေးနေရသည်။ မြို့လယ်ရှိ ပေါက်တောမြို့မရဲစခန်းနှင့် မြို့နယ်ရဲ စ ခန်းကို AA က ယမန်နေ့ (နိုဝင်ဘာ ၁၅ )၊ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အင် အားပေါင်းထားသော ရဲ ၇၀ ခန့် လက်နက်ချခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရ သည်။ ယနေ့ နံနက် ၉ နာရီခွဲခန့်က ရဟတ်ယာဉ်များ ရောက်လာပြီး ရဲစခန်းအနီးပတ်ဝန်းကျင်ကို ပစ် ခတ်ကြသည်၊ လူနေအိမ်တချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။ ယနေ့ ညနေ ၃ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် စစ်ရေယာဉ်တစ်စီးသည်ကုလားတန်မြစ်နှင့်ကျွဲကူးမြစ်ဆုံရာတောင်း ဖူးရွာအနီး ကျောက်ချ၍ ပေါက်တောမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံအမျိုး သမီး တစ်ဦးက ပြောသည်။
သတင်း၊ တင်ဆက် – ရောင်နီ၊ ဟန်သစ်
Link : Here
Saturday, September 16, 2023
ပြန်လည်မထူထောင်နိုင်သေးတဲ့ မုန်တိုင်းသင့် ဗေဒါရွာ
RFA
RFA Burmese
2023.09.15
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာတွေနေထိုင်တဲ့ ဗေဒါရွာဟာ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရွာ လုံးကျွတ်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်မထူထောင်နိုင် ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Thursday, September 14, 2023
ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း
ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း
1. စစ်တွေ
ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သ ဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။မြို့၏မြောက်ဖက်ကိုဆတ်ရိုးကျချောင်းကပိုင်းဖြတ် ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။
တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။အကျဉ်းဆုံးနေရာသည်ခြောက် ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။
Monday, August 21, 2023
ရိုဟင်ဂျာများ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ခြေမရှိသေး ဟု HRW ပြော
DVB
August 21, 2023
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စပြီး ရက် ရက်စက်စက်နှိပ်ကွပ်ဖြိုခွင်းခဲ့တာ ၆ နှစ်ရှိလာပြီဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရတဲ့ ရိုဟင်ဂျာ ၁ သန်းလောက်အတွက် အခုချိန်ထိ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်မယ့် အရိပ်အ ယောင်မမြင်ရသေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန် ပါတယ်။