" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 31, 2020

ကမ္ဘာ့ကပ်ဘေးကြုံရချိန် အင်တာနက်တွေမဖြတ်ဖို့ HRW တောင်းဆို

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
31 မတ်၊ 2020  
 ရခိုင်ပြည်နယ်ရှိ အင်တာနက်သုံးနေတဲ့ အမျိုးသမီးတဦး (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅)

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက် ထား တဲ့ နိုင်ငံတွေ အနေနဲ့ လူ့အသက်တွေ မဆုံးရှုံးစေရအောင် အင်တာနက်ဆက်သွယ်ရေး ပြန်ဖွင့်ပေးဖို့ လူ့အခွင့် အ ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။အင်တာနက်ကို ရည်ရွယ်ချက် ရှိရှိ ဖြတ် တောက်ထားတာ ဒါမှမဟုတ် အသုံးပြုမှု ကန့်သတ်ထားတာဟာ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေ တာဖြစ်သလို COVID-19 လို ကပ်ရောဂါဘေး ကျရောက်နေ ချိန်မှာ လူအသေအပျောက် ပိုများစေနိုင်တယ်လို့ ဒီကနေ့ရက်စွဲနဲ့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည် နယ် မြောက်ပိုင်းက မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်း ကစပြီး အင်တာနက် ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတာပါ။

ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကာလအတွင်း မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မီရဖို့ သိပ် ကိုအရေးကြီးတယ်လို့ HRW က ထောက်ပြထားပါတယ်။ လူထုအနေနဲ့ သူတို့ကိုယ်တိုင်နဲ့ တခြား လူတွေအတွက် အကာအကွယ်ဖြစ်စေဖို့ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ၊ အသွားအလာကန့် သတ် တာတွေ၊ တခြား သက်ဆိုင်တဲ့ သတင်းတွေကိုသိရဖို့ အင်တာနက်ကို အသုံးပြုကြရတယ်လို့လည်း HRW ကပြောပါတယ်။

အင်တာနက်ကို ပိတ်ထားတာကြောင့် လူထုအနေနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေနဲ့ ဝန်ဆောင် မှု တွေကိုရဖို့ အတားအဆီး ဖြစ်သွားစေတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ HRW အကြီးတန်း သုတေ သီ Deborah Brown က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */