" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 11, 2020

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်တားဆီးရေး ဒေါ်လာ ၂.၂ သန်း ကုလကူညီ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
11 ဧပြီ၊ 2020   
COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ကုလသမဂ္ဂအနေနဲ့ အကူ အညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ကြေညာလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ COVID-19 ရောဂါ မပြန့်ပွားရအောင် ကာကွယ်တားဆီးဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော် သုံးစွဲသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီအကူအညီတွေကိုတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံက ထောက်ပံ့ပေးထားတဲ့ အသက်မွေး ဝမ်း ကျောင်း မှုနဲ့ စားနပ်ရိက္ခာလုံခြုံရေး ရန်ပုံငွေ (LIFT) အစီအစဉ်အောက်ကနေ ပေးတာဖြစ်ပြီး ရခိုင်ပြည် နယ်တွင်းက အကူ အညီတွေ လိုအပ်နေတဲ့ ထိခိုက်နစ်နာလွယ်သူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ပေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။



ကုလသမဂ္ဂအနေနဲ့ ယာယီစခန်းတွေမှာရှိတဲ့ လူတွေအတွက် တကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာ ရေး အထောက်အပံ့ပစ္စည်းတွေ အပါအဝင် ပိုကောင်းမွန်တဲ့ ရေနဲ့ မိလ္လာစနစ် ရရှိစေဖို့အတွက် အစိုးရဌာန တွေ၊ ဒေသခံ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း အကူ အညီပေးနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တွေနဲ့ ဘူးသီးတောင်မြို့တွေမှာလည်း ရောဂါကာကွယ်ရေးအတွက် လက်ဆေးစင်တွေဆောက် လုပ်တာ အပါအဝင် ဆပ်ပြာနဲ့ လက်သန့်စင်ဆေးရည်လို တကိုယ်ရေသုံး ပစ္စည်းတွေကိုလည်း ဖြန့်ဖြူး ပေး ခဲ့ပြီး ရွှေ့ ပြောင်းလာသူတွေအတွက် လုပ်ပေးထားတဲ့ စခန်းတွေနဲ့ ကျေးရွာတွေမှာလည်း COVID-19 နဲ့ပတ် သက်တဲ့ သ တင်း အချက်အလက်တွေကို ဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Ola Almgren ကတော့ ရောဂါကာကွယ်ရေးအတွက် အား လုံး စည်းစည်းလုံးလုံး လုပ်ဆောင်နေတဲ့အပေါ်မှာ ဂုဏ်ယူကြောင်း၊ လုပ်ငန်းတွေအောင်မြင်ဖို့ အကူအ ညီတွေ ပံ့ပိုးပေးတဲ့သူတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */