" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သေဆုံး. Show all posts
Showing posts with label သေဆုံး. Show all posts

Thursday, May 2, 2024

မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ

RFA
RFA Burmese
2024.05.02 

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးအား မြဝတီမြို့နယ်စပ်တစ်နေရာတွင် ၂ဝ၂၄ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

“ကျွန်မတို့ရွာက စစ်တပ်ကို လူသုံးဆယ်ပေးရပါတယ်။ လူသုံးဆယ်မပေးရင် ကျွန်မတို့ လုပ်ကိုင်စားသောက်နေတဲ့ ငါးစက်လှေတွေကို ပိတ်မယ်လို့ပြောပါတယ်။ အဲဒီလို ငါးဖမ်းခွင့် ပိတ်မယ်ပြောတော့ ကျွန်မတို့က ကြောက်ပါတယ်။ ဒီ လူသုံးဆယ်ကို ပေးလိုက်ရရင်လည်း ရွာမှာ လူသုံးထောင်လောက် ရှိသေးတယ်။ ဒီလူ သုံးဆယ်သွားရင် ရွာကလူတွေ အဆင်ပြေမယ်။ ငါးဖမ်းခွင့်ပိတ်လိုက်ရင် တစ်ရွာလုံး ငတ်ပြီးသေမယ်။ အဲဒါကြောင့် သူတို့သွားကြတာပါ”

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများကူညီ

နိရဉ္စရာ
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၂ / ၂၀၂၄

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများမှအကူညီ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Tuesday, April 23, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀ ခန့် သေဆုံး

DVB
April 23, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အခုသီတင်း ပတ်တွေအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ အယောက် ၁၀၀ လောက်သေဆုံးခဲ့ရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံထံက သိရပါတယ်။

Friday, April 19, 2024

စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ မွတ်ဆလင် ၈၀ ဦးထက်မနည်း သေဆုံး

DMG
19 Apr 2024

ဆေးသမားဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာ၊ ဘာဆာကျေးရွာမှ မွတ်ဆလင်များမှာ ဧပြီလဆန်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး လက်ရှိတွင် သေဆုံးသူ ၈၀ ဦးထက်မနည်းရှိကြောင်း သိရ သည်။

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက မြင်တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များအပါအဝင် မွတ်ဆလင် ဦးရေ ၈၀ နီးပါးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Tuesday, April 2, 2024

ရခိုင်တိုက်ပွဲအတွင်း သေဆုံးရိုဟင်ဂျာ ရှစ်ဆယ်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၃၀ နီးပါးရှိလာ

RFA
RFA Burmese
2024.04.01 

ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၊ သာဒါကျေးရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့်နေအိမ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: AA Info Desk)
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက် အပြုံ လိုက် ထိခိုက်သေဆုံးတာတွေရှိနေပြီး အခုနောက်ပိုင်း လေယာဉ်သံကြားတိုင်း ကြောက်လန့်နေကြရတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

Friday, March 29, 2024

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

Thursday, March 28, 2024

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

                        ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

Monday, March 18, 2024

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.17

လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

ဧရာဝတီ
မင်းပြားမြို့ သာဒါကျေးရွာ ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် နေအိမ်များ/ APM

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရိုဟင်ဂျာများနေထိုင်သော သာဒါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ရွာသား ၂၃ ဦး သေဆုံးပြီး၊ ၃၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Sunday, March 10, 2024

စစ်တပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်တွေရှိ ရိုဟင်ဂျာ ၈ ဦး သေဆုံး

Myanmar Now
ရောင်နီ
March 10, 2024

အချိန်မရွေးတိုက်ခိုက်ခံရနိုင်ခြေရှိနေသော မြို့တော်စစ်တွေရှိ မြို့ခံအများစုသည် တိမ်းရှောင်နေပြီး ရိုဟင်ဂျာ အများစုသည် စစ်ကောင်စီကြောင့် ထွက်ခွာခွင့်မရဘဲ ကျောက်ဖြူတွင် နေထိုင်သူများက ပြည်သူ့စစ်စုဆောင်း ခြင်းများပါ ခံနေရသည်။

၂၀၂၃ မေလအစောပိုင်းက မိုခါမုန်တိုင်းအတွင်း စက်လှေများ မျောပါမသွားစေရန် ကြိုတင်ပြင်ဆင်နေသည့် သဲချောင်းရွာမှ ရိုဟင်ဂျာစက်လှေတချို့။ (ဓာတ်ပုံ-Myanmar Now)

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ယမန်နေ့ (မတ် ၉) ည ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ရိုဟင်ဂျာ ၈ ဦး သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု မြို့ခံများထံမှ သိရသည်။

စစ်တွေမြို့ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၅ ဦး သေဆုံးကာ ကလေးငယ်များအပါအဝင် ၁၀ ကျော်ထိခိုက်ဒဏ်ရာရ

Narinjara
ရက်စွဲ: ၁၀ မတ် ၂၀၂၄ 

ယမန်နေ့ ညက စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် စစ်တွေမြို့ လူနေရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၅ဦး ပွဲချင်းပြီးသေဆုံးကာ ၁၀ ကျော် ထိခိုက် ဒဏ်ရာရရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမှာ လူနေလူထပ်တဲ့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ သေဆုံးသူ ၇ ဦးအထိရှိလာ

BBC
10.03.2024 

စစ်တွေမြို့က ပြည်နယ်ကောင်စီရုံးအနီးမှာ လုံခြုံရေးတင်းကျပ်ထားတာကို ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကမြင်တွေ့ ရတာဖြစ်ပါတယ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေက ‌အောင်မင်္ဂလာရပ်ကွက်ထဲကို မတ်လ ၉ ရက်ညပိုင်းမှာလက်နက် ကြီးကျခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိမြင့်တက်လာတယ်လို့ သိရပါတယ်။

Friday, March 1, 2024

စစ်တွေစျေးပစ်ခတ်ခံရမှုတွင် သေဆုံးသူ ၂၂ ဦး ရှိလာ

Myanmar Now
ရောင်နီ အောင်ဇေ
March 1, 2024


ရခိုင်ပြည်နယ်မြို့တော်တွင် စျေးတစ်ခု ပစ်ခတ်ခံရသဖြင့် ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနေသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေရှိ စျေးတစ်ခုကို ယမန်နေ့(ဖေဖော်ဝါရီ ၂၉ ) က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ဦး ရှိလာသည်။

မြို့အရှေ့ခြမ်း၊ မိဇံရပ်ကွက်၊ မြို့မဈေးနှင့်ကပ်လျက် ကိုရီးယားဆိပ်ကမ်းရှိ ဈေးကို တိုက်ခိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသူ ရှိသလို ဒဏ်ရာရပြီးမှ သေဆုံးသူလည်း ရှိသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

Wednesday, February 14, 2024

လက်နက်ကြီးကြောင့် လေးရက်အတွင်း ရိုဟင်ဂျာ ၁၂ ဦး သေဆုံးကြောင်း Fortify Rights ထုတ်ပြန်

RFA
RFA Burmese
2024.02.13 

ကျောက်တော်မြို့နယ် လက်ဆောင်ကောက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Arakan Bay News

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက်ကစလို့ လေးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၁၂ ဦးသေဆုံးပြီး၊ ကလေးရှစ်ဦး အပါအဝင် ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ဖေဖော်ဝါရီ ၁၃ ရက်ဒီနေ့ ထုတ်ပြန်ပါတယ်။

Monday, February 5, 2024

စစ်ကောင်စီနဲ့ AA တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ၂ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၅ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jalpaitoli ကျေးရွာမှာ မော်တာကျည် ထိမှန်ပြီး သေဆုံးသွားသူ ရိုဟင်ဂျာအမျိုးသားရဲ့ ရုပ်အလောင်းကို အဝတ်စနဲ့ ဖုံးအုပ်ထားစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြား မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ Jalpaitoli ကျေးရွာမှာ ဒေသစံတော်ချိန် ၂ နာရီကျော်လောက်က မော်တာကျည် ထိမှန်ပြီးအသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီးနဲ့ ရိုဟင်ဂျာ အမျိုးသားတယောက် သေဆုံးခဲ့ကြောင်း ဒေသခံရဲမှူး Abdul Mannan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Friday, January 26, 2024

ဖုံညိုလိပ်ရွာ လက်နက်ကြီးကျလို့ ရိုဟင်ဂျာ ဆယ်ဦးကျော် သေဆုံးကြောင်း ရိုဟင်ဂျာတွေပြော

RFA
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.01.26

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲနေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာစုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်က ဒေသခံတွေနဲ့ အဆက်အသွယ်ရနေတဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

Thursday, January 25, 2024

၂၀၂၃ တွင် ပင်လယ်ပြင်၌ ရိုဟင်ဂျာ ၅၆၉ ဦး သေဆုံး

ဧရာဝတီ
၂၀၂၃ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မြောက်ပိုင်း ကမ်းခြေသို့ ရောက်လာသော ရိုဟင်ဂျာလှေတစီး / AFP
 
၂၀၂၃ ခုနှစ်တွင် မြန်မာသို့မဟုတ် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးရန် ကြိုးစားစဉ် သေဆုံး၊ ပျောက်ဆုံးနေသော ရိုဟင် ဂျာ အနည်ဆုံး ၅၆၉ ဦးရှိပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တခုနီးပါးအတွင်း အမြင့်မားဆုံး အရေအတွက်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်ပြီး ထိုလူမျိုးစုကို ကာကွယ်ရန် အရေးပေါ်လုပ်ဆောင်ရေး တောင်းဆိုလိုက်သည်။

ရခိုင်မှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံးကြောင်း မြောက်ပိုင်းမဟာမိတ် ထုတ်ပြန်

RFA
RFA Burmese
2024.01.25

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

 ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်ဝါရီလ ၂၃ နဲ့ ၂၄ ရက်၊ နှစ်ရက်အတွင်း ဒေသခံ လေးဦး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

Tuesday, January 23, 2024

ရိုဟင်ဂျာ ၅၆၉ ယောက်ပင်လယ်ပြင်မှာသေဆုံး၊ ပျောက်ဆုံး ခဲ့ကြောင်း UNHCR ထုတ်ပြန်

RFA
RFA Burmese
2024.01.23

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။  AFP

၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ယောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇန်နဝါရီ လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Tuesday, January 9, 2024

ဘူးသီးတောင်တွင် အာဆာအဖွဲ့က ပစ်ခတ်သဖြင့် ရွာသား ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

DVB
January 9, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညပိုင်း ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က သေ နတ်နဲ့ ပစ်ခတ်ခဲ့လို့ မွတ်စလင် ရွာသား ၃ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */