" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 2, 2024

ရခိုင်မြောက်ပိုင်းမှာ အမုန်းစကားနဲ့သတင်းမှားပြန့်နှံ့မှု ကုလစိုးရိမ်မကင်းဖြစ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ မေ၊ ၂၀၂၄

                                        ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ , Stéphane Dujarric

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ပတ်သက်ပြီး သတင်းမှားတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့ အမုန်းစကားတွေ ပြန့်နှံ့နေကြောင်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရုံးက မြေပြင်ကသတင်းအ ချက်အလက်တွေ တင်ပြထားကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကျပ်အတည်းကလွတ်မြောက်ဖို့ ရေရှည်တည်တံ့တဲ့လမ်းကြောင်းကို ဖော်ဆောင်ရာမှာ စနစ်တကျခွဲခြားမှုတွေ၊ ရခိုင်ပြည်ထဲမှာ အပြစ်ပေးအရေးယူခံရမှု ကင်းလွတ်နေတဲ့ဖြစ်စဥ်တွေကို ဖြေရှင်းနိုင်ဖို့က အဓိကကျပါတယ်” လို့ နေ့စဥ်သတင်းထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောခွင့်ရ Dujarric က ထည့်သွင်းပြောသွားပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ ပျက်ကွက်တာက မြန်မာနိုင်ငံအတွက် ဆိုးရွားတဲ့အကြမ်းဖက်မှုသံသရာထဲ နစ်စေဖို့ မီးထိုးပေးသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

တင်းမာမှုတိုးလာနေပြီး အကဲဆတ်တဲ့ လက်ရှိအခြေအနေအောက်မှာ လူမျိုးစုတွေကြား အကြမ်းဖက်မှုကျရောက် နိုင်မယ့်အန္တရာယ်ရှိနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ရပ်ရွာလူထုခေါင်းဆောင်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်အဖွဲ့တွေ စုပေါင်းပြီး လူမှုအသိုင်းအဝန်းတွေကြား သွေးစည်းညီညွတ်နိုင်မှုကို မြှင့်တင်ဖို့ နှစ်ဆတိုး ကြိုးပမ်းလုပ်ဆောင်နေတာကို ကုလသမဂ္ဂအနေနဲ့ ထောက်ခံ အားပေးနေကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ နိုင်ငံအတွင်း အရပ်သားတွေအပေါ် အကြမ်းဖက်မှု ပုံစံအားလုံးကိုရှုတ်ချပြီး အကူအညီပေးရေး လုပ်သားတွေအပါအဝင် အရပ်သားတွေကို အကာအကွယ်ပေးရေး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ ရန်လိုမှုတွေရပ်တန့်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်တွေကို ထပ်လောင်းတောင်းဆိုကြောင်းလည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */