" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 18, 2024

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

ဧရာဝတီ
မင်းပြားမြို့ သာဒါကျေးရွာ ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် နေအိမ်များ/ APM

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရိုဟင်ဂျာများနေထိုင်သော သာဒါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ရွာသား ၂၃ ဦး သေဆုံးပြီး၊ ၃၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ခြင်း ဖြစ်ပြီး သေဆုံးခဲ့သူများထဲ ဘာ သာရေးခေါင်းဆောင်တဦးနှင့် ဇနီးဖြစ်သူအပါအဝင်၊ ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများအနက် ၁၈ ဦးကို AA ဆေးကုသပေးနေပြီး၊ ကျန် ၁၅ ဦးမှာ ဒဏ်ရာ မစိုးရိမ်ရသော ကြောင့် ကျေးရွာဆေးပေးခန်းများ၌ ဆေးကုသမှုခံယူနေကြောင်း ရွာခံတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ဒဏ်ရာရသူ ၁၈ ဦးထဲမှာ တဦးကတော့ အခြေအနေ မကောင်းဘူး။ ကျန်တဲ့သူတွေကတော့ အခြေအနေ ကောင်းတယ်။ အခုဆိုရင် ကိုယ့်ရပ်ရွာမှာ ဘယ်လိုနေရမှာလဲ ဆိုပြီး‌ ကြောက်ရွံ့နေကြတယ်” ဟု ပြောသည်။

သာဒါကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိကာ ရိုဟင်ဂျာလူဦးရေ ၂ ထောင်ကျော်နေထိုင်ကြပြီး အနီးနားကျေးရွာများမှ လာရောက် စစ်ရှောင်နေကြသူများလည်း ရှိကြောင်း သိရသည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “အခုလို ကျူးလွန်မှုတွေအတွက် စစ်တပ်က နိုင်ငံတွင်းမှာ ဘယ် တုန်းကမှ ပြစ်ဒဏ် မချမှတ်ခံရဘူး။ အခုထိလည်း ဆက်လက်ပြီး ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေသေးတော့ ရာဇဝတ်မှု တွေကို ရိုဟင်ဂျာတွေအပေါ်မှာသာ မဟုတ်ဘူး တခြားသော တိုင်းရင်းသား လူမျိုးစုအားလုံးပေါ်မှာ ဆက်ပြီးကျူးလွန် နေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်သွားမှသာ ရာဇဝတ်မှုတွေ အဆုံးသတ်သွားမယ်လို့ ကျနော်ထင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို AA က တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ ကာ အပြည့်ဝထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ထိုသို့ စစ်ကောင်စီ လက်လွှတ်ခဲ့ရသည့် မင်းပြားမြို့အား မကြာခဏ ဗုံးကြဲ ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့ကို စစ်တွေဘက်မှ စစ်ကောင်စီအခြေစိုက်တပ်ရင်းများက မတ်လ ၈ ရက် ည ၁၁ နာရီ ၀န်းကျင်၌ လက် နက်ကြီးများဖြင့် လှမ်းကာ ပစ်ခတ်ခဲ့ရာ ခြိတ်တောင်ရွာနှင့် အိုးသည်ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

မတ်လ ၁၆ ရက်တွင်လည်း ဂျက်တိုက်လေယာဉ် တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ မင်းဘာကြီး ရပ်ကွက် ရှိ အလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ရသလို၊ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီ၀န်းကျင် ခန့်က ဂျက်တိုက်လေယာဉ်တစီးဖြင့် ပစ်ခတ်ရာ ရဲစခန်းနှင့် ထွေအုပ်ရုံးအနီး ကျရောက်ပေါက်ကွဲပြီး မြို့တွင်းနေအိမ်မှ ပစ္စည်းများလာယူကြသည့် အရပ်သားတချို့ ထိခိုက် သေဆုံးခဲ့ရကြောင်း သိရသည်။

မင်းပြားမြို့အပြင် AA သိမ်းပိုက်ထားသည့် မြို့များကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */