" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 9, 2024

ဘူးသီးတောင်တွင် အာဆာအဖွဲ့က ပစ်ခတ်သဖြင့် ရွာသား ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

DVB
January 9, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညပိုင်း ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က သေ နတ်နဲ့ ပစ်ခတ်ခဲ့လို့ မွတ်စလင် ရွာသား ၃ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ဘူးသီးတောင်မြို့နယ် တပ်မချောင်းကျေးရွာမှာ မနေ့ည ၈ နာရီ ၁၅ မိနစ်မှာ မျက်နှာဖုံးစွပ်ထားတဲ့ ARSA အဖွဲ့ ဝင် ၅ ယောက် ရောက်ရှိလာပြီး ရွာသား ၆ ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် တပ်မချောင်းကျေးရွာက အသက် ၃၀ အရွယ် အမီရာကိန်း၊ အသက် ၁၈ နှစ်အရွယ် အမီ နိုရ်လုနဲ့ အသက် ၁၅ နှစ်အရွယ် မာမောက်ဂျူပိုင်တို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ် မှူး အသက် ၅၂ နှစ်အရွယ် အာဘူကာလောင်၊ အသက် ၂၃ နှစ်အရွယ် နိုရ်ဟာကိန်း၊ အသက် ၄၀ အရွယ် ဆာ လာမာခမ်းတို့မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ရာအိမ်မှူး အာဘူကာလောင်နဲ့ ၃ ယောက်ကတော့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံမှာ အရေး ပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

တင်းမချောင်းရွာသားတွေဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ARSA အဖွဲ့ဝင် မော်လဝီအူလီနဲ့ နောက်တယောက်ကို ဖမ်းဆီးပြီး ဘူးသီးတောင်အခြေစိုက် စခက ၁၅ လက်အောက်ခံ ခမရ ၃၅၃ စစ်ကောင်စီတပ်ရင်းကို အပ်နှံလိုက် တာကြောင့် အခုလို လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ARSA အဖွဲ့ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */