Wednesday, February 14, 2024

လက်နက်ကြီးကြောင့် လေးရက်အတွင်း ရိုဟင်ဂျာ ၁၂ ဦး သေဆုံးကြောင်း Fortify Rights ထုတ်ပြန်

RFA
RFA Burmese
2024.02.13 

ကျောက်တော်မြို့နယ် လက်ဆောင်ကောက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Arakan Bay News

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက်ကစလို့ လေးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၁၂ ဦးသေဆုံးပြီး၊ ကလေးရှစ်ဦး အပါအဝင် ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ဖေဖော်ဝါရီ ၁၃ ရက်ဒီနေ့ ထုတ်ပြန်ပါတယ်။

လက်နက်ကြီးကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရှိတဲ့အနက် ၄၁ အိမ်ပျက်စီးခဲ့ပြီး ဖုန်ညိုလိပ် အပါအ ဝင် အနီးအနားရွာတွေက ဒေသခံ တစ်သောင်းငါးထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုတွေအတွက် စစ်ကောင်စီရဲ့ ခြေမြန်တပ်မ ၂၂၊ ခြေမြန်တပ် ရင်း ခမရ (၅၅၁) နဲ့ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တို့မှာ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဖုန်ညိုလိပ်ရွာက ဒေသခံ လေးဦးအပါအဝင် တိုက်ပွဲအတွင်း အသက်ရှင် ကျန်ရစ်သူ ရိုဟင်ဂျာ ခြောက်ဦးကို အသေအချာမေးမြန်းပြီး အခုလို သတင်းထုတ်ပြန်တာလို့လည်း Fortify Rights ကဖော်ပြပါတယ်။ သေဆုံး၊ ဒဏ်ရာရသူတွေနဲ့ နေအိမ်မီးလောင်ပျက်စီးမှု အခြေအနေတွေအတွက် ရရှိသမျှ မှတ် တမ်းဓာတ်ပုံနဲ့ ဗွီဒီယို အများအပြားကို အသေအချာ စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ဖုန်ညိုလိပ်ရွာတစ်ဝိုက်မှာ ရက္ခိုင့်တပ်တော် (AA) က တပ်ဖြန့်ထားပြီးနောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မရပ်မနားပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာတင် ဒေ သခံ ဆယ်ဦးခန့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဒီလိုတိုက်ခိုက်မှုဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပ ဒေအပြင် နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။

ကျောက်တော်မြို့နယ် လက်ဆောင်ကောက် ရိုဟင်ဂျာရွာမှာလည်း ဖေဖော်ဝါရီ ၁၁ ရက်ညမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ခုနစ်ဦး အစုလိုက် အပြုံလိုက် သေဆုံးပြီး နောက်ထပ် ကိုးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */