" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 25, 2024

၂၀၂၃ တွင် ပင်လယ်ပြင်၌ ရိုဟင်ဂျာ ၅၆၉ ဦး သေဆုံး

ဧရာဝတီ
၂၀၂၃ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မြောက်ပိုင်း ကမ်းခြေသို့ ရောက်လာသော ရိုဟင်ဂျာလှေတစီး / AFP
 
၂၀၂၃ ခုနှစ်တွင် မြန်မာသို့မဟုတ် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးရန် ကြိုးစားစဉ် သေဆုံး၊ ပျောက်ဆုံးနေသော ရိုဟင် ဂျာ အနည်ဆုံး ၅၆၉ ဦးရှိပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တခုနီးပါးအတွင်း အမြင့်မားဆုံး အရေအတွက်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်ပြီး ထိုလူမျိုးစုကို ကာကွယ်ရန် အရေးပေါ်လုပ်ဆောင်ရေး တောင်းဆိုလိုက်သည်။
သေဆုံး၊ ပျောက်ဆုံးမှုများသည် ကပ္ပလီပင်လယ် သို့မဟုတ် ဘင်္ဂလားပင်လယ်အော်ကို ရိုဟင်ဂျာ ၄,၅၀၀ နီးပါး ဖြတ်သန်းရန် ကြိုးစားစဉ် ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကြေညာချက်တစောင်တွင် ပြောသည်။

“ထိုသေဆုံး၊ ပျောက်ဆုံးမှု အရေအတွက်သည် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးဖြစ်ပြီး ၂၀၁၄ ခုနှစ်က သေ ဆုံး၊ ပျောက်ဆုံးမှု အရေအတွက် ၇၃၀ အထိရှိသည်” ဟု ကြေညာချက်က ဆက်လက်ဖော်ပြသည်။

လွတ်မြောက်လာသူများက ခရီးစဉ်အတွင်း လိင်ခွဲခြား အကြမ်းဖက်မှုများ အပါအဝင် ကြောက်မက်ဖွယ် လူ့အခွင့် အရေး ချိုးဖောက်မှုများ၊ အမြတ်ထုတ်မှုများကို ပြောပြကြောင်း ထိုကြေညာချက်တွင် ဖော်ပြသည်။

“အသေအပျောက်များသော ခရီးစဉ်ကို ဖြတ်သန်းရန် ကြိုးစားသူ အများစုဖြစ်သော ၆၆ ရာခိုင်နှုန်းခန့်သည် က လေးများနှင့် အမျိုးသမီးများ ဖြစ်သည်။ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာသူ အများစုဖြစ်ပြီး မြန်မာမှ ထွက်ခွာသူများလည်း ရှိသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာမှ ရိုဟင်ဂျာ မွတ်ဆလင် တသန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ခရိုင်၊ ကောက်ဘဇားမှ ဝါး၊ ပလပ်စ တစ်တို့ဖြင့် တည်ဆောက်ထားသည့် စခန်းများတွင် နေထိုင်ကြပြီး အများစုမှာ၂၀၁၇ ခုနှစ် မြန်မာမှ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသူများဖြစ်သည်။

မြန်မာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်ချုပ်ရေးအောက်တွင် ကျရောက်နေပြီး စစ်ကောင်စီသည် ရိုဟင်ဂျာများကို ပြန်လည် ခေါ်ယူရန် စိတ်အားထက်သန်ခြင်း မရှိပေ။ ရိုဟင်ဂျာများသည် ပြည်ပမှ ခိုးဝင်လာသူများဖြစ်သည်ဟု မြန်မာတွင် ယူဆကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရကာ လူ့အခွင့်အရေး ချိုးဖောက်ခံရသည်။

သို့သော် ဒုက္ခသည်စခန်းများတွင် အလားအလာမရှိဘဲ မြန်မာသို့ပြန်ရန် သို့မဟုတ် ပြန်လည် နေရာချထားခံရရန် မျှော်လင့်ချက် မရှိသောကြောင့် ပိုမိုဝေးကွာသော နေရာများတွင် ဘဝသစ်စတင်ရန် လှေဖြင့် ထွက်ခွာကြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ရပ်တခုတည်းတွင် ကပ္ပလီပင်လယ်ပြင်၌ လှေနစ်သောအခါ ရိုဟင်ဂျာ ၂၀၀ ခန့် သေဆုံးကြောင်း UNHCR က ဖော်ပြသည်။

ထိုသို့ ကြေကွဲစရာဖြစ်ရပ်များကို အနာဂတ်တွင် တားဆီးရန် ဒေသတွင်း ကမ်းရိုးတန်း အာဏာပိုင်များကိုUNHCR က တောင်းဆိုသည်။ ပို၍ပို၍ မျှော်လင့်ချက် ကင်းမဲ့လာသော ရိုဟင်ဂျာများသည် ကမ်းရိုးတန်းနိုင်ငံများကအချိန် မီ ကယ်ဆယ်မှု မရှိခြင်းနှင့် အနီးဆုံး လုံခြုံရာနေရာများမှ ပင်လယ်ပြင်သို့ ပြန်လည် စေလွှတ်ခြင်းတို့ကြောင့်သေ ဆုံးနေကြသည်။

“ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသူများကို ကယ်ဆယ်ခြင်းသည် လူသားချင်းစာနာမှု တာဝန်ဖြစ်ပြီး နိုင်ငံတကာ ရေကြောင်းဥပဒေအရ သက်တမ်းရှည်ကြာသည့် တာဝန်ဖြစ်သည်” ဟု UNHCR က ဖော်ပြသည်။

ကိုးကား ။ ။ Reuters သတင်း Rohingya death toll at sea in 2023 worst in almost a decade, says UN

You may also like these stories:

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */