" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်. Show all posts
Showing posts with label ရခိုင်. Show all posts

Wednesday, March 20, 2019

AA နဲ့ တပ်မတော်တို့ကြောင့် လူထုထိခိုက်သေဆုံးမှု တွေကို ANP စုံစမ်းမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-20
 ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ် 


ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့က သမိုင်းဝင်ရှေး ဟောင်း အမွေအနှစ် ပျက်စီးမှုတွေ အပါအ၀င် ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို နိုင်ငံ တော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြဖို့ ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။

Tuesday, March 19, 2019

ရခိုင်အရေး မြန်မာစစ်ဘက် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စည်းမှု HRW ဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်၊ 19 မတ်၊ 2019 


 A police officer guards near a house which was burnt down during the last days of violence in Maungdaw, northern Rakhine State, Myanmar August 30, 2017. 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း စွပ်စွဲရေးသားထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတ ကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ထပ်မံ စိစစ်ဖို့မြန်မာစစ်တပ်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး ကို အယုံအကြည် လုံးဝမရှိကြောင်း နယူးရောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

ဒေါက်တာအေးမောင် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံရ တဲ့အပေါ် အမြင်များ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-19
မဝေမာထွန်း
 ဒေါက်တာ အေးမောင် ကို ၂၀၁၉ မတ်လ ၃ ရက်နေ့က အချုပ်ကားပေါ်မှာတွေ့ရစဉ်


  

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော် ပုန် ကန်မှုနဲ့ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်တာဟာ ဒီမိုကရေစီအစိုးရအတွက် အကျည်းတန်စေပြီး မသင့်တော် တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေ ဖန် ထောက်ပြနေကြပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ - အေအေနဲ့ အစိုးရတပ်မတော်တို့ကြားတိုက်ပွဲသုံးသပ် ချက်

B B C
ဘီဘီစီ မြန်မာပိုင်း
15 မတ် 2019

အစိုးရတပ်မတော် နဲ့ မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘာကြောင့် ရခိုင်တွေ လက်နက်ကိုင်လာတာလဲ။

ဒီအကြောင်း နိုင်ငံရေးအကဲခတ် ဦးမင်းဇင်ကို ဘီဘီစီမြန်မာပိုင်း အကြီးတန်းသတင်းထောက် ကိုစောရန်နိုင် က မေးမြန်းထားပါတယ်။
------------------------------------------------------------------------------
 ------------------------------------------------------------------------------------------------------
လင့်၊https://www.bbc.com/burmese/media-47586264

ရခိုင်အရေး နိုင်ငံတကာအဖွဲ့များ၏ အစီရင်ခံစာပါရေး သားဖော်ပြချက်များကို တပ်မတော်စိစစ်

7 DAY DAILY
By ထက်အာကာကျော်
 Tuesday, March 19, 2019

ရခိုင်ပြည်နယ်မြောက် ပိုင်းတွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီ များ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပေါ် ထပ်မံစိစစ်အ တည်ပြုရန်တပ်မတော်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့စည်းဆောင် ရွက်နေကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်မြတ်ကျော်၊ အဖွဲ့ ၀င်များအဖြစ်ဗိုလ်မှူးကြီးကျော် ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင်တို့ ပါဝင်ပြီး ခုံရုံးလုပ်ငန်းစဉ်ကို ယမန်နေ့ (မတ်လ ၁၈ ရက်)တွင် စတင်မည်ဟု အဆိုပါ ထုတ်ပြန် ချက်၌ ပါဝင်သည်။

Monday, March 18, 2019

မြောက်ဦးမှာ အစိုးရတပ်ကပစ်လို့ အရပ်သား ၇ ဦး ဒဏ်ရာရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-18

 ၂ဝ၁၉ မတ်လ ၁၈ ရက်နေ့က မြောက်ဦးမြို့ ရွာဟောင်းတောကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်နေစဉ်။


   

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်က ပစ်ခတ်တဲ့အတွက် နေအိမ်တစ်လုံးမီးလောင်ပြီး အသက် ၁ဝ နှစ်ဝန်းကျင် ကလေး ၂ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ သူတွေက ပြောပါတယ်။

Thursday, March 14, 2019

ဒုက္ခသည်စခန်းတွေမှာ ရာဇ၀တ်မှု ရှောင်ရှားကြဖို့ အာဆာ ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
 ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်ဆလင်တွေ ခိုလှုံရာ ဒုက္ခသည်စခန်းတွေမှာ ရာဇ၀တ်မှုတွေ ရှောင်ရှားကြဖို့ အာဆာအဖွဲ့က သူ့ရဲ့အဖွဲ့ဝင်တွေကို တိုက်တွန်း လိုက်ကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်ပြဿနာပြေလည်ရေး အာဆီယံဥက္ကဋ္ဌ က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
 ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်


အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း ဟာ အခုလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားခဲ့ပြီး၊ ရိုဟင်ဂျာတွေပြန်ခေါ်နိုင်မယ့်ကိစ္စ အပါအဝင် နှစ်နိုင်ငံစီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ကထုတ်ပြန်လိုက်ပါတယ်။

Wednesday, March 13, 2019

ရခိုင်စစ်ပြေးဒုက္ခသည် တသောင်းကျော်ထိ တိုးလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
 ရခိုင်စစ်ပြေးဒုက္ခသည်များ (သတင်းဓါတ်ပုံ-Khine Murn Chun )

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ရွာသား (၃၀၀)နီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ခုချိန်မှာ သောင်းဂဏန်းအထိ ရှိလာနေပြီး တိုက်ပွဲဖြစ်ပွားရာဒေ သတွေမှာ ရွာသားတွေကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးတာတွေလည်း ပိုများလာနေပါတယ်။

ရိုဟင်ဂျာအထိမ်းအမှတ်နေ့ လှုပ်ရှားသူတွေကန်လွှတ် တော်တွင်း စုဝေး

VOA
ဗွီအိုအေ (မြန်မာဌာန)
 Rohingya advocacy day

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းမှုတွေကို "Genocide" လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်အထက်လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပေးဖို့နဲ့၊ မြန်မာနိုင်ငံ အ ပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေနဲ့ တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေပါတယ်။

စုံစမ်းရေးအဖွဲ့တွေကို ရခိုင်သွားခွင့်ပေးဖို့ အမေရိကန် သံအမတ် မျှော်လင့်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-12

အမေရိကန်သံအမတ်ကြီး Scot Marciel ကို ၂ဝ၁၉ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်

ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေ လျော့ချနိုင်ဖို့ အတွက် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားရောက် လေ့လာခွင့်ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီ ရယ် က ဒီနေ့ ပြောလိုက်ပါတယ်။

မန္တလေးတက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ကျောင်းသား တစ်ဦး က ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘာတွေ ဆောင်ရွက်ဖို့လိုလဲဆိုတဲ့ မေးမြန်းချက်ကို သံအမတ်ကြီး စကော့မာစီရယ် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

Monday, March 11, 2019

AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ် သောင်းနှစ်ထောင်ကျော်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
 မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်



ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ရှိလာပြီး တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

နယ်မြေမလုံခြုံမှုကြောင့် ရခိုင်က ရဲစခန်းနဲ့ နယ်ခြား စောင့်စခန်းတချို့ ရုပ်သိမ်း

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၁ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲစခန်း ၅ ခုလောက်နဲ့ ကျောက် တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေထဲက ရဲကင်းစခန်း ၃ ခုထက်မနည်းကို နယ်မြေ မလုံခြုံမှုကြောင့် ရုပ် သိမ်းလိုက်တာဖြစ်ပါတယ်။

Sunday, March 10, 2019

ရခိုင်ပြည်နယ်မှာ အစိုးရတပ်က လမ်းပြခေါ်သွားသူ တွေ သေဆုံး၊ ဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-10
 ၂ဝ၁၉ မတ်လ ၉ ရက်နေ့တွင် အစိုးရတပ်က လမ်းပြအဖြစ်ခေါ်ဆောင်သွားရာက မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့သည့် မြောက်ဦးမြို့နယ် ခြိပ်ချောင်းကျေးရွာအုပ်စုမှ ဦးစနေအောင်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း အလယ်ရွာက ဒေသခံသုံးဦးကို အစိုးရတပ်က မနေ့က လမ်းပြအဖြစ် ခေါ်ဆောင်သွားရာကနေ မိုင်းနင်းမိတဲ့အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ခဲ့ပါတယ်။

Saturday, March 9, 2019

စစ်ရေး ပဋိပက္ခကြောင့် ရခိုင်စစ်ပြေး ဒုက္ခသည်ဦးရေ တသောင်းကျော်အထိ တိုးလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊09 မတ်၊ 2019

ရခိုင် ဒုက္ခသည်များ Photo Credit: Rakhine Ethnics Congress

အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ် နေတာမို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် စစ်ဘေးရှောင် ပြည် သူ တသောင်း ကျော်သွားပြီ ဖြစ်ပါတယ်။ အနီးနားကျေးရွာတွေမှာ ယာယီ ဒုက္ခသည် စခန်းငယ်လေးတွေ ပိုတိုးလာသလို စခန်းပေါင်း ၂၀ကျော်က စစ်ပြေး ဒုက္ခသည်တွေအတွက် အဓိက စားနပ်ရိက္ခာ နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေရဲ့ နောက်ဆုံး အခြေအနေ ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Wednesday, March 6, 2019

ရခိုင်ပြည်နယ်မှာတပ်မတော်ကအင်အားဖြည့်တင်း နေကြောင်း AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
 တပ်မတော်သားတချို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ်

 ဒီဇင်ဘာလကုန်ပိုင်းကပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က တပ်သားအင်အား ၈ ထောင် ကျော် စေလွှတ်ထားတယ်လို့ AA ရခိုင့်တပ်မတော်က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။တပ်မ ၂၂၊ ၅၅၊ ၆၆ နဲ့ ၉၉ က တပ်ဖွဲ့ဝင်တွေ၊  ကြည်းရေလေ ပူးပေါင်းတပ်ဖွဲ့တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင် ပြီး စစ်လက်နက် ခဲယမ်းမီးကျောက်တွေလည်း ဆက်လက်ဖြည့်ဆည်းနေတယ်လို့ ဆိုပါတယ်။

မြောက်ဦးက ဖမ်းဆီးခံထားရတဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေ လွှတ်ပေးဖို့တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန ၊2019-03-06

နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စစ်တွေမြို့မှာ ၂၀၁၉၊ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Photo: Min Thein Aung/ RFA


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံနေကြရတဲ့ ကျေးရွာအုပ်ချုပ် aရးမှူး ၄ ဦးကို ပြန်လွှတ်ပေးဖို့ နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီနေ့တောင်းဆို လိုက်ပါတယ်။

Tuesday, March 5, 2019

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် တရက်တည်း ဒေသခံထောင်ချီထွက်ပြေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံများထွက်ပြေး (ဓါတ်ပုံ ခရက်ဒစ်- Khine Murn Chun)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း မနေ့ ညပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြီးမှာပဲ ရွာ သား(၂၅၀၀) ခန့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ရှောင်တွေနဲ့အကူညီပေးရေးအဖွဲ့တွေက ပြော ပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အတွင်း တချိန်တည်း တပြိုင်တည်းမှာ စစ်ဘေးတိမ်းရှောင်ရသူ ပမာဏအများဆုံးဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်း အိန်ကနေ သတင်းပေးပို့ ထားပါတယ်။

AA နဲ့ တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ ၁ ဦး သေနတ်ထိမှန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-05

မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စင်္ဘောကိုင်းရွာကို ထွက်ပြေးလာသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးမှာ မနေ့ ည က ရက္ခိုင့် တပ် မ တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ တာကြောင့် ဒေသခံအရပ်သားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒီနေ့ စစ်တွေဆေး ရုံကြီး ကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

Monday, March 4, 2019

ICC မှာ ရိုဟင်ဂျာအရေးတင်ဖို့ OIC ဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 မတ်၊ 2019

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇ၀တ်မှုတွေ အတွက် မြန်မာတာဝန်ရှိသူတွေကို ICC နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးအရေးယူဖို့ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က တညီတည်းဆုံးဖြတ်လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */