လွတ်လပ်တဲ့ အာရှအသံ
2019-03-19
မဝေမာထွန်း
ဒေါက်တာ အေးမောင် ကို ၂၀၁၉ မတ်လ ၃ ရက်နေ့က အချုပ်ကားပေါ်မှာတွေ့ရစဉ်
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော် ပုန် ကန်မှုနဲ့ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်တာဟာ ဒီမိုကရေစီအစိုးရအတွက် အကျည်းတန်စေပြီး မသင့်တော် တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေ ဖန် ထောက်ပြနေကြပါတယ်။
■ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတုန်းက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုမှာ ရခိုင် လက်နက်ကိုင်တော်လှန်ရေးကိစ္စ ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ တရားစွဲခံထားခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို ဒီနေ့စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အဲဒီလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာဟာ လက်ရှိမှာ လွတ်လပ်စွာ ပြောဆိုခွင့်တွေမရှိတာကို မြင်သာ သွားစေတယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါ \တယ်။
“ဦးအေးမောင်ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ် ယောက်ပါ။ ရခိုင်ပြည်သူက လေးစားတဲ့ ရခိုင်ခေါင်းဆောင်တစ်ယောက်ပါနော်။ အဲလိုလူတစ်ယောက်ရဲ့ ဟောပြောမှုအပေါ် မှာ ကြီးမားတဲ့ ပြစ်ဒဏ်ချတယ်။ နိုင်ငံတော်ပုန်ကန်မှု လက်နက်လည်းကိုင်တာ မ ဟုတ် ဘူး။ အပ်တိုတစ်ချောင်း မှလည်း ရှိတာမဟုတ်ဘူး။ သေနတ်လည်းကိုင်တာလည်းမဟုတ်ဘူး။ အဲလိုလူတစ်ယောက်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ချတယ်ဆိုတာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတယ်ဆိုတာကို သက်သေပြရာရောက်သွားတယ်။”
ဒေါက်တာအေးမောင်ကို တရားစွဲဆိုမှုတွေအတွက် တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီး တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ဝင်ရောက်လာခဲ့ချိန်မှာ NLD ပါတီခေါင်း ဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင်၂၀၁၅ အထွေထွေရွေးကောက်ပွဲမကျင်းပခင်မှာ အဲဒီအချိန်က သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ တွေ့ဆုံခဲ့ရာမှာ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စား လှယ် အနေနဲ့ ဒေါက်တာအေးမောင်ပါ ပါဝင်ဆွေးနွေးခွင့်ရခဲ့တဲ့အထိ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ရခိုင်လူထုရဲ့ ထောက်ခံမှု အများအပြားရရှိထားတဲ့ ဒေါက်တာအေးမောင်ကို အခုလိုဆောင်ရွက်လိုက် တာ ဟာ လက်ရှိနိုင်ငံရေးအပေါ် ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်တွေဖြစ်နေတယ်။ ရခိုင်တိုင်းရင်းသား တစ်ဦးဦးကို ဖြစ်ပါစေ ဒီလိုမျိုး ပုဒ်မ အကြီးကြီးတွေ တပ်ပြီးတော့ ဒီလိုမျိုးဆောင်ရွက်တာသည် တစ်နိုင်ငံလုံးမှာရှိတဲ့ တခြားသော တိုင်းရင်း သားခေါင်းဆောင် များကိုလည်း သတိပေးလိုက်သလို ဖြစ်သွားမယ်။ ရခိုင်တွေအများကြီး ထောက်ခံ မှု ရထားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့အခါကျတော့ လူငယ်တွေရဲ့ နိုင်ငံရေးစိတ်ဓါတ်က အတော့်ကို ပြင်းထန် လာမယ့် အခြေ အနေမှာရှိနေမှာပဲရှင်။”
ဒီနေ့ တရားရုံးဆုံးဖြတ်ချက်ဟာ အုပ်ချုပ်ရေးပိုင်းက ပါဝင်ဆောင်ရွက်တဲ့ သဘောမရှိဘူးလို့ သုံးသပ်သူ ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းပါ။
“တရားစီရင်ရေးဟာ သူ့တာဝန်နဲ့ သူ့ဘာသာသူဆုံးဖြတ်တာ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကျနော်သတိထားမိသလောက် တော်တော်လေး ဒါမျိုးဆိုဆင်ခြင်တယ်။ သူ့က ဘာကိုသွားချင် တာ လည်း ဆိုတော့ တရားစီရင်ရေးဟာ အုပ်ချုပ်ရေး၊ နိုင်ငံရေးသမားတွေအနေနဲ့ ဝင်စွက်လို့မသင့်ဘူး ဆိုတဲ့ ဟာမျိုးကို သတိ ထားပြီးတော့ လိုက်နာတာလို့ ကျနော်က ယူဆတယ်။”
တရားရုံး ဆုံးဖြတ်ချက်ပြီးတဲ့နောက် သမ္မတရဲ့လုပ်ပိုင်ခွင့်အရ ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆို တာကို စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
ရခိုင်နိုင်ငံရေးသမားတစ်ဦးကို အခုလို နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် နိုင်ငံရေး လေ့လာသူ ဦးမြအေး က
“ဒေါက်တာအေးမောင်က ကျနော်နဲ့ သဘောထားတိုက်ဆိုင်ချင်မှ တိုက်ဆိုင်လိမ့်မယ်။ သဘောထား တူချင်မှ တူလိမ့်မယ်။ ဒါပေမဲ့ ဒေါက်တာအေးမောင်က နိုင်ငံရေးသမား တစ်ယောက်ဖြစ် တယ်ဆို တာ ကိုတော့ ကျနော်တို့ နားလည်ထားရမယ်လေ။ အခုလိုဖြစ်နေတဲ့အချိန် မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည် ထောင်စုတည်ထောင်ဖို့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေဆွေးနွေးဖို့ ရပ်တံ့နေတဲ့အချိန်မှာ ရခိုင် တိုင်းရင်း သားခေါင်းဆောင်တစ်ယောက်ကို အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာဟာ ငြိမ်းချမ်းရေးဖြစ် စဉ်အပေါ်မှာကော ကောင်းတဲ့သက်ရောက် မှုတော့ မရှိဘူးပေါ့ဗျာ။”
ဒေါက်တာအေးမောင်ဟာ တရားစွဲဆိုဖမ်းဆီးခံရပြီး တရားရုံးချိန်းတွေ ရှိနေချိန်မှာ လွှတ်တော်ကနေ ခွင့်ယူ ထားခဲ့ တာဖြစ်ပြီး အခုဆိုရင် တရားရုံး အမိန့်ချပြီးနောက်ပိုင်း ကိုယ်စားလှယ်အဖြစ်ကနေ အလိုအလျောက် ပယ်ပျက် ပြီးဖြစ်တယ်လို့ လွှတ်တော် အခွင့်အရေးကော်မတီကနေ သိရပါတယ်။
No comments:
Post a Comment