Thursday, March 14, 2019

ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်မှု ရှောင်ရှားကြဖို့ အာဆာ ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
 ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်

 ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်ဆလင်တွေ ခိုလှုံရာ ဒုက္ခ သည်စခန်းတွေမှာ ရာဇဝတ်မှုတွေ ရှောင်ရှားကြဖို့ အာဆာအဖွဲ့က သူ့ရဲ့အဖွဲ့ဝင်တွေကို တိုက်တွန်း လိုက်ကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ အာဆာအဖွဲ့ဝင်တွေက လူသတ် မှုတွေ၊ ပြန်ပေးဆွဲမှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အာဆာ က တိုက်တွန်း ပြော ဆိုလိုက်တာပါ။

အဲဒီလုပ်ရပ်တွေ ကျူးလွန်သူတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်နေရုံသာမက၊ သူတို့ကျုးလွန်ခဲ့တဲ့ ရာဇ ဝတ်မှုတွေအတွက် အာဆာအဖွဲ့အပေါ် တာဝန်ရှိရာရောက်သွားစေကြောင်း၊ သူတို့လုပ်ရပ်တွေကြောင့် ကမ္ဘာ့အလယ်မှာ အာဆာအဖွဲ့တခုလုံး ဂုဏ်သိက္ခာ ထိခိုက်ရကြောင်း၊ အာဆာအနေနဲ့ မိမိတို့ရဲ့ တရားဝင် အခွင့်အရေးတွေအတွက် မြန်မာအကြမ်းဖက်အစိုးရနဲ့ လူမျိုးဖြုတ် စစ်တပ်ကို ဆက်လက်ဆန့်ကျင်သွား မှာဖြစ်ကြောင်း တွစ်တာ လူမှုကွန်ရက်မှာ ဗီဒီယိုကတဆင့် ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာက အာဆာကို လူသိများလာခဲ့ပြီး၊ မြန်မာအစိုးရကလည်း အာဆာကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */