B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၁ ရက်
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၁ ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲစခန်း ၅ ခုလောက်နဲ့ ကျောက် တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေထဲက ရဲကင်းစခန်း ၃ ခုထက်မနည်းကို နယ်မြေ မလုံခြုံမှုကြောင့် ရုပ် သိမ်းလိုက်တာဖြစ်ပါတယ်။
ဒီထဲမှာ ရသေ့တောင်မြို့နယ်က အိုးဖောက်နဲ့ ချွတ်ပြင်နယ်ခြားစောင့်စခန်း၊ ဘူးသီးတောင်က စေတီတောင်နယ် ခြား စောင့်စခန်း၊ မင်းပြားက ပန်းမြောင်းရဲကင်းစခန်းတွေ ပါဝင်ပြီး မြို့ပေါ်နဲ့နီးတဲ့ စခန်းတချို့မှာ တပ်ဖွဲ့ဝင် အင် အားတွေ ပူးပေါင်းခဲ့ကြပါတယ်။
'လုံခြုံရေးအခြေအနေအရ အင်အားနည်းတဲ့စခန်းတွေကို ပေါင်းလိုက်ပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းထားလိုက်တာပါ' လို့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးဝင်းသိန်းက ပြော ပါတယ်။မတ်လ ၉ ရက်နေ့ က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ ယိုးတရုပ်ကျေးရွာရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော် (အေအေ) က တိုက် ခိုက်ခဲ့တာကြောင့် ရဲအုပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ် အဆင့်ရှိတဲ တပ်ဖွဲ့ဝင်တွေ အပါ အဝင် ရဲ ၉ ဦး သေဆုံး ခဲ့ပါတယ်။
ဒီလိုအတိုက်ခံရပြီးတဲ့နောက် တပ်မတော်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓောရွာ အနောက်ဘက် တောင်ကြော တွေမှာ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့သလို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် အမြှာက်တပ်ရင်းကလည်း အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံရွာသား တချို့က ဘီဘီစီကို ပြောပါတယ်။
လော လောဆယ်မှာလည်း နယ်မြေမလုံခြုံမှုကြောင့် ကျေးရွာတချို့က ရဲကင်းစခန်းတွေဟာ ဖျက်သိမ်းပြီး မြိုပေါ် နဲ့နီးတဲ့ စခန်းတချို့မှာ ပူးပေါင်းခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးဝင်းသိန်းကတော့ ' လတ်တလောမှာ လုံခြုံရေးအင်အား တောင့်တင်းအောင်လုပ်နေပါတယ်၊ တပ်ဖွဲ့ဝင်တွေကိုတော့ လုံခြုံရေးအခြေအနေကို မစိုးရိမ်ကြဖို့၊ ရဲရဲတင်း တင်းနဲ့ လက်ဦးမှုယူဖို့ အဓိက မှာကြားထားပါတယ်' လို့ ဘီဘီစီကို ပြောပါတယ်။

- လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဘူးသီးတောင်ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီး တပ်မတော် ပြော
- AA ကို ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်လို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြော
လော လောဆယ်မှာလည်း နယ်မြေမလုံခြုံမှုကြောင့် ကျေးရွာတချို့က ရဲကင်းစခန်းတွေဟာ ဖျက်သိမ်းပြီး မြိုပေါ် နဲ့နီးတဲ့ စခန်းတချို့မှာ ပူးပေါင်းခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးဝင်းသိန်းကတော့ ' လတ်တလောမှာ လုံခြုံရေးအင်အား တောင့်တင်းအောင်လုပ်နေပါတယ်၊ တပ်ဖွဲ့ဝင်တွေကိုတော့ လုံခြုံရေးအခြေအနေကို မစိုးရိမ်ကြဖို့၊ ရဲရဲတင်း တင်းနဲ့ လက်ဦးမှုယူဖို့ အဓိက မှာကြားထားပါတယ်' လို့ ဘီဘီစီကို ပြောပါတယ်။
Link : Here
No comments:
Post a Comment