By ထက်အာကာကျော်
Tuesday, March 19, 2019
စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်မြတ်ကျော်၊ အဖွဲ့ ဝင်များအဖြစ်ဗိုလ်မှူးကြီးကျော် ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင်တို့ ပါဝင်ပြီး ခုံရုံးလုပ်ငန်းစဉ်ကို ယမန်နေ့ (မတ်လ ၁၈ ရက်)တွင် စတင်မည်ဟု အဆိုပါ ထုတ်ပြန် ချက်၌ ပါဝင်သည်။
ဒုတိယဗိုလ်ချုပ်ကြီးအေး ဝင်းခေါင်းဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ အပြင် Human Rights Watch (လူ့အခွင့်အရေးစောင့်ကြည့်) အ ဖွဲ့၊ Amnesty International (နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်) အဖွဲ့နှင့် ကုလသမဂ္ဂအချက် အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission) တို့၏စွပ်စွဲ ရေးသားဖော် ပြမှုများအပေါ်စစ် ဥပဒေချုပ်ရုံး၏ လေ့လာသုံးသပ် အကြံပြုတင်ပြချက်များအရအ ထက်ပါအစီရင်ခံစာ အသီးသီး၏ ရေးသားဖော်ပြချက်များကိုထပ်မံ စိစစ်အတည်ပြုရန် လိုအပ် ကြောင်း တပ်မတော်က ထုတ်ပြန် သည်။
တပ်မတော်သည် ရခိုင်ပြည် နယ်မြောက်ပိုင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ၂၀၁၇ အောက်တို ဘာတွင် ဒုတိယ ဗိုလ် ချုပ်ကြီးအေး ဝင်းခေါင်းဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်စေခဲ့သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဖော် ထုတ်ချက်များအရ နယ်မြေဒေသ လုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ် ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေး သတင်းများ ကြိုတင်လက်ဦး ဖော်ထုတ်ရယူနိုင်မှု အားနည်း ချက်များကို တွေ့ရှိရသ ဖြင့်လို အပ်သလိုအရေးယူမှုဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားပြီး ဖြစ် သည်။
စွပ်စွဲရေးသားမှုများဟု တပ် မတော်၏ ယမန်နေ့ထုတ်ပြန်ချက် တွင် ပါဝင်သည့်အထက်ပါနိုင်ငံ တကာအဖွဲ့ အစည်းများသည်မြန် မာ့တပ်မတော်ကို လူမျိုးသုဉ်း သတ်ဖြတ်ရန် ရည်ရွယ်ခြင်း၊ ဘင်္ဂါလီများအပေါ်ရက်စက် ကြမ်း ကြုတ်သည့် ရာဇဝတ်မှုများကျူး လွန်ခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခြင်းစသဖြင့် ဖော်ပြဖူးပြီး တပ်မ တော်ကာကွယ်ရေးဦးစီး ချုပ်အပါအင် တပ်မတော်ထိပ် တန်းအရာရှိများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တင်ရန် တောင်းဆိုမှုများရှိခဲ့သည်။
အထက်ပါ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီအရေးနှင့် စပ် လျဉ်း၍ မြန်မာအစိုးရကလည်း အဖွဲ့ဝင်လေးဦးပါ ရခိုင် ပြည်နယ် ဆိုင်ရာလွတ်လပ်သော စုံစမ်း ရေးကော်မရှင်ကို ၂၀၁၈ ဇူလိုင် ၃၀ ရက်တွင် စတင်ဖွဲ့စည်း ကြောင်း ကြေ ညာထားပြီးဖြစ် သည်။
ယင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဖိလစ်ပိုင်သံအ မတ်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန် ယူပြီး ဂျပန်သံအ မတ်ကြီးကင်ဇို အိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဟောင်းဦးမြသိန်းနှင့် ပါမော က္ခ ဒေါက်တာအောင်ထွန်းသက်တို့ က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
အဆိုပါ ကော်မရှင်သည် လည်း ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုပြီး နောက် လူ့အခွင့် အရေး ချိုးဖောက် ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့် ဆက်နွှယ်သည့်ကိစ္စများကို စုံစမ်း စစ်ဆေးမည်ဖြစ်ကာ ကော်မရှင် သက်တမ်းတစ်နှစ်ဖြစ်သည်။
Link : Here
No comments:
Post a Comment