RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန ၊
2019-03-06
မြန်မာဌာန ၊
2019-03-06
နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စစ်တွေမြို့မှာ ၂၀၁၉၊ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Photo: Min Thein Aung/ RFA
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံနေကြရတဲ့ ကျေးရွာအုပ်ချုပ် aရးမှူး ၄ ဦးကို ပြန်လွှတ်ပေးဖို့ နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီနေ့တောင်းဆို လိုက်ပါတယ်
နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်တွေမြို့မှာ ဒီနေ့မနက်ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးဟာ အစည်းအဝေးခန်းမထဲကနေ လုပ်ထုံးလုပ် နည်းတွေနဲ့အညီမဟုတ်ဘဲ ဖမ်းဆီးခံရတာဖြစ်သလို အဲဒီ ၄ ဦးစလုံးဟာ မတရားအသင်းနဲ့ ဆက်သွယ်တယ် ဆိုတာ မယုံကြည်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားလာကြရတဲ့အတွက် မြို့နယ်တစ်ခု လုံးက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့လည်းပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

Link: Here
No comments:
Post a Comment