" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 20, 2019

AA နဲ့ တပ်မတော်တို့ကြောင့် လူထုထိခိုက်သေဆုံးမှု တွေကို ANP စုံစမ်းမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-20
 ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ် 


ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့က သမိုင်းဝင်ရှေး ဟောင်း အမွေအနှစ် ပျက်စီးမှုတွေ အပါအ၀င် ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို နိုင်ငံ တော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြဖို့ ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။


အဲဒီကော်မရှင်မှာ ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဦးဆောင်ပြီး  မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူး သီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဦးလှစော၊ ဒေါ်ခင်စောဝေ၊ ဦးမောင်သန်းစိန်၊ ဦးထွန်းအောင်သိန်း၊ ဦးအောင်သန်းတင် နဲ့ ဦးထွန်းသာစိန် တို့ ပါဝင်ပါ တယ်။
ကော်မရှင်ဟာ ၇ရက်အတွင်း အပြီးသတ် အစီရင်ခံစာပြုစုပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြရမှာဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ညက မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါ တယ်။ အဲဒီပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ AA နဲ့ တပ်မတော်တို့က အပြန်အလှန်စွပ်စွဲထားတဲ့ ကြေညာချက် တွေ ထုတ်ပြန်ထားကြပါတယ်။

https://www.rfa.org/burmese/news/anp-investigation-commission-03202019052452.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */