လွတ်လပ်တဲ့ အာရှအသံ
2019-03-12
အမေရိကန်သံအမတ်ကြီး Scot Marciel ကို ၂ဝ၁၉ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်
ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေ လျော့ချနိုင်ဖို့အ တွက် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားရောက် လေ့လာခွင့်ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီ ရယ် က ဒီနေ့ ပြောလိုက်ပါတယ်။
မန္တလေးတက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ကျောင်းသား တစ်ဦး က ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘာတွေ ဆောင်ရွက်ဖို့လိုလဲဆိုတဲ့မေးမြန်း ချက်ကို သံအမတ်ကြီး စကော့မာစီရယ် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ တွေ့ရှိချက်တွေကို ရရှိမယ်လို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ချမ်းသာအောင် လိုက် လုပ်နေစရာမလိုဘဲ မြန်မာနိုင်ငံသားတွေ အချက်အလက်အမှန်ကို သိရှိခွင့်ရနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သံအမတ်ကြီး က ပြောပါတယ်။
ဒုက္ခသည်တွေ သိန်းပေါင်းများစွာ ထွက်ပြေးသွားတဲ့အကြောင်းကို သွားရောက် လေ့လာမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေကို မြန်မာအစိုးအရတာဝန်ရှိသူတွေက ပိတ်ပင်တားဆီးတာတွေရှိခဲ့ကြောင်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့တာကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ် မှန်သမျှကို လက်မခံနိုင်ကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

No comments:
Post a Comment