Sunday, March 10, 2019

ရခိုင်ပြည်နယ်မှာ အစိုးရတပ်က လမ်းပြခေါ်သွားသူ တွေ သေဆုံး၊ ဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-10
 ၂ဝ၁၉ မတ်လ ၉ ရက်နေ့တွင် အစိုးရတပ်က လမ်းပြအဖြစ်ခေါ်ဆောင်သွားရာက မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့သည့် မြောက်ဦးမြို့နယ် ခြိပ်ချောင်းကျေးရွာအုပ်စုမှ ဦးစနေအောင်။ 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း အလယ်ရွာက ဒေသခံသုံးဦးကို အစိုးရတပ်က မနေ့က လမ်းပြအဖြစ် ခေါ်ဆောင်သွားရာကနေ မိုင်းနင်းမိတဲ့အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ခဲ့ပါတယ်။

ခြိပ်ချောင်းကျေးရွာအုပ်စု အလယ်ရွာမှာ နေထိုင်တဲ့ ရွာသားသုံးဦးကို လက်မောင်းအမှတ်တံဆိပ်မှာ “၂၂” လို့ရေးထားတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေက မဒီကိုင်းကျေးရွာအလွန်မှာရှိတဲ့ တပ်မတော် ယာယီစခန်းရှိရာကို လမ်းပြအဖြစ် ခေါ်ဆောင်သွားရာမှာ မဒီကိုင်းရွာကိုမရောက်ခင် နှစ်မိုင်လောက်အလိုမှာ နင်းမိုင်းပေါက် ကွဲ ခဲ့တာလို့ လမ်းပြခေါ်ဆောင်ခံရတဲ့ ဦးမောင်သိန်းကျော်က RFA ကို ပြောပါတယ်။

မိုင်းနင်းမိတဲ့အတွက် အသက် ၆၁ နှစ်အရွယ် ဦးကြာထွန်းအောင် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရတဲ့ အသက် ၆ဝ အရွယ် ဦးစနေအောင်ကိုတော့ ဒီနေ့ညနေပိုင်းမှာ စစ်တွေဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ယာဘက်ပေါင်ပြတ်သွားခဲ့တဲ့ ဦးကြာထွန်းအောင်ကို ဆက်သယ်သွားရာမှာ မဒီကိုင်း ကျေး ရွာအလွန်မှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။

မျက်နှာနဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာရခဲ့တဲ့ ဦးစနေအောင်ကိုတော့ ဒီနေ့ညနေ ၄ နာရီလောက်မှာ မြောက်ဦးဆေးရုံ ကို ပို့ဆောင်ခဲ့ပြီး အဲဒီကတစ်ဆင့် စစ်တွေဆေးရုံကို ဆက်လက်ပို့ဆောင်လိုက်ရတာ ဖြစ်ပါတယ်။

လမ်းပြခေါ်ဆောင်တဲ့ အစိုးရတပ်မတော်က သေဆုံးသူ ဦးကြာထွန်းအောင်အတွက် ငွေကျပ်သုံးသိန်းပေးပြီး ဒဏ် ရာရတဲ့ ဦးစနေအောင်ကိုတော့ ငွေကျပ်တစ်သိန်း ပေးလိုက်တယ်လို့ ဦးမောင်သိန်းကျော်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး တို့ကို ဒီနေ့ည ၈ နာရီခွဲမှာ RFA က ဆက်သွယ် ခဲ့ပေ မယ့် ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ဆင်အိုးချေကျေးရွာကနေ ဘုရားကြီးကျေးရွာကို စက်လှေနဲ့ပို့ဆောင်ပေးတဲ့ ဒေသခံတစ်ဦးဟာ တိုက်ပွဲနဲ့ကြုံရတဲ့အတွက် သေနတ်ကျည်ထိမှန်ပြီး စစ်တွေ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */