RFA
လွတ်လပ်တဲ့ အာရှအသံ
လွတ်လပ်တဲ့ အာရှအသံ
2019-03-18
၂ဝ၁၉ မတ်လ ၁၈ ရက်နေ့က မြောက်ဦးမြို့ ရွာဟောင်းတောကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်နေစဉ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်က ပစ်ခတ်တဲ့အတွက် နေအိမ်တစ်လုံးမီးလောင်ပြီး အသက် ၁ဝ နှစ်ဝန်းကျင် ကလေး ၂ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ သူတွေက ပြောပါတယ်။မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးက ရွာဟောင်းတောကျေးရွာထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲ တဲ့အတွက် နေအိမ်တစ်လုံး မီးလောင်ပြီး လူတွေဒဏ်ရာရသွားတာလို့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
မြောက်ဦးမြို့အနီးဝန်းကျင်မှာ အစိုးရတပ်မတော်က အင်အားအများအပြား ချထားသလို၊ မနေ့ နေ့လယ်ပိုင်း ကတည်းက ကိုးသောင်းဘုရားအလွန် တောင်တန်းတွေမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ဒေသ ခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။
Link : Here
No comments:
Post a Comment