" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်မြို့. Show all posts
Showing posts with label ဘူးသီးတောင်မြို့. Show all posts

Thursday, June 25, 2020

ဘူးသီးတောင်ဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ၂၄ ဦးစာအတွက် ကြိုတင်ပြင်ဆင်ထား

DVB 
25 June 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၄ ဦးထိထားရှိနိုင်အောင် ကြိုတင်ပြင်ဆင် ထားတယ်လို့ ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

Saturday, January 25, 2020

ဘူးသီးတောင်မှာ ရွာထဲ လက်နက်ကြီးကျည်ကျ နှစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ

B B C

ဘီဘီစီ မြန်မာပိုင်း
2020.01.25  

လက်နက်ကြီးပစ်ခတ်မှုကို တပ်မတော်နဲ့အေအေ နှစ်ဖက်စလုံးက ငြင်းပါတယ်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် ကင်းတောင် မွတ်ဆလင် ကျေး ရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁ နာရီလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦး သေ၊ ခုနှစ်ဦး ဒဏ်ရာရ



RFA
လွတ်လပ်တဲ့အာရှအသံ
2020.01.25

■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီနေ့မနက် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံး ခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘူးသီးတောင် မွတ်ဆလင်ရွာကို လက်နက်ကြီးကျ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ဧရာဝတီ 
By မင်းအောင်ခိုင်
25 January 2020
 လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသည့် ကင်းတောင်ရွာမှ မွတ်ဆလင် အမျိုးသမီး ၁ ဦး / ဘူးသီးတောင်သတင်းဌာန / Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ရွာထဲသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညအချိန် က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်ရှိ ကျေးရွာသို့ လက်နက်ကြီးကျည်ကျ နှစ်ဦး သေဆုံး ခုနစ်ဦးဒဏ်ရာရ

မြန်မာတိုင်းမ်နေ့စဉ်
25 JAN 2020   |
စိုင်းဝဏ္ဏ
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရှိကာ ဆေးရုံ၌ ကုသမှု ခံယူနေသူအား တွေ့ရစဉ်။ ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မွတ်စလင်အများစုနေထိုင်သည့် ကင်းတောင်ကျေးရွာ အတွင်းသို့ဇန်န ဝါရီ၂၅ ရက် ညသန်းခေါင်ကျော် နံနက် ၁နာရီ မိနစ် ၂၀ ဝန်းကျင်က လက်နက်ကြီးကျည် ကျ၍ အရပ်သား နှစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်။

Monday, December 30, 2019

ဂူတာပြင်အမှု တရားလိုပြသက်သေတွေကို နှစ်ဆန်းပိုင်းမှာ အပြီးစစ်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-30
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးစဉ်။
 
ဂူတာပြင်ကျေးရွာကိစ္စကို နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်ကြားနာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စုစုပေါင်း ငါးကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Wednesday, December 25, 2019

ခရီးသည်တင်စက်လှေပေါ်က လဝက အရာရှိသုံးဦးကို အေအေဖမ်းသွားတယ်လို့ အစိုးရပြော

B B C

ဘီဘီစီ မြန်မာပိုင်း
25 ဒီဇင်္ဘာလ2019

                             ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကနေ တောင်ဘဇာကို ခရီးသည်တင် စက်လှေနဲ့ သွားတဲ့ လဝက အရာရှိ တွေ ကို ဒီဇင်ဘာ ၂၄ ရက်မှာ အေအေက ဖမ်းသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

Tuesday, November 26, 2019

ဘူးသီးတောင် စစ်ခုံရုံးကြားနာမှု ပြည်သူတွေ လေ့လာနိုင်

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-26
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ဂူတာပြင်ရွာခံတွေနဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Information Committee

ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ် သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော်  ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီ ကနေ့စတင် လိုက် ပါတယ်။

ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ် တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019
  ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ်တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

ဘူးသီး တောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဒီကနေ့ နို ဝင်ဘာ ၂၆ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

Thursday, November 7, 2019

ဘူးသီးတောင် တိုက်ပွဲ ရွာသားတစ်ဦးသေဆုံး၊ ရွာတချို့ မီးလောင်

B B C
ဘီဘီစီ မြန်မာပိုင်း
07th November 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက် ပွဲ တွေက ပစ်ခတ်မှုတွေကြောင့် ကျေးရွာတချို့ မီးလောင်ခဲ့ပြီး ရွာသားတစ်ဦး သေဆုံးကာ အမျိုးသမီးတွေ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Tuesday, October 29, 2019

ဘူးသီးတောင် စည်တောင်ရွာတွင် ပစ်ခတ်မှုဖြစ်ပွား၊ ရွာသား တချို့ ပိတ်မိနေ

DVB
By DVB
28 October 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှု တွေလုပ်ပြီး ရွာထဲကို ဝင်လာတာကြောင့် ကျေးရွာသားတွေအများစုက ထွက်ပြေးခဲ့ကြပြီး တချို့ကတော့ ပိတ်မိနေပါတယ်။
အောက်တိုဘာ ၂၈ ရက်မနက်က တပ်မတော်စစ်ကြောင်းတခုက ကွမ်းတောင်၊ နွားရုံးတောင်ကနေတဆင့် စည်တောင်ကျေးရွာကို သေနတ်ဖောက်ပစ်ခတ်ပြီး ကျေးရွာအတွင်း ဝင်လာတာကြောင့် ရွာသားတွေ ထွက် ပြေးသွားကြသွားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Monday, August 19, 2019

ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲတွေဆက်ရှိ

VOA
19 သြဂုတ်၊ 2019
နိုင်ကွန်းအိန်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း မနေ့ကတရက်ထဲ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင်မြို့နယ် (၃) ခုမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့AAတို့ အကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AA တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဖက်ကတော့ မနေ့က ဘူးသီးတောင်မြို့နယ် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်သိမ်းဆီးရရှိခဲ့ တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းတိုက်ပွဲမှာ နှစ် ဖက်ထိခိုက်မှုတွေရှိနေခဲ့တယ် လို့ AAဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်း အိ န်ကနေ သတင်းပေးပို့ထားပါတယ်။

Tuesday, July 30, 2019

ဘူးသီးတောင်မြို့နယ် ကျေးရွာ၄ ရွာထဲတွင်ပိတ်မိနေ ခဲ့သည့် သက်ကြီးရွယ်အို ၁ဝဦးအား ICRC မှကယ် ထုတ်

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၃ဝ/၂ဝ၁၉

  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ ရှပ်ရှားတောင်၊ စံဂိုးထောင်နှင့် နွားရုံတောင် ကျေးရွာ ၄ရွာမှ ရွာတွင် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေခဲ့သည့် သက်ကြီး ရွယ်အို ၁ဝ ဦးအား အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ ICRC မှ ဇူလိုင်လ ၂၈ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

Thursday, July 11, 2019

ဘူးသီးတောင် ကံပြင်ကျေးရွာသားတွေ အခြေအနေ လွှတ်တော်အမတ်စိုးရိမ်

VOA  
ဗွီအိုအေ (မြန်မာဌာန)
11 ဇူလိုင်၊ 2019
နိုင်ကွန်းအိန်
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို မြန်မာစစ်တပ်က ပိတ်ဆို့ပြီး၊ ကျေးရွာသားတွေကို စစ်ဆေး မေးမြန်းနေတာ သီတင်းတပတ်ကျော်သွားပါပြီ။ ဒီအတွက် ကျေးရွာသားတွေရဲ့ နေရေးစားရေး အ တွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်မကင်းရှိနေပါတယ်။

Sunday, August 27, 2017

အာဆာအဖွဲ့မှာ လေးဖွဲ့ထိကွဲနေပြီး အကြမ်းဖက်မှုတွေဆက်လက်ပြုလုပ်နေ

BNA
Border News Agency
ဒါကာ၊သြဂုတ်၂၇။
ဟာရာကာအယ်လ်ရာကင် Harakahal-Yaqinအမည်နဲ့စတင်လှုပ်ရှားခဲ့ပြီး အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် မတော်(Arakan Rohingya Salvation Army)လို့ နာမည်တပ်လှုပ်ရှားခဲ့တဲ့အဖွဲ့ဟာ လေးဖွဲ့ထိကွဲသွားကာ အ ကြမ်းဖက်လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့မောင်တောဒေသခံတွေက ဆိုကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */