မဇျ္စိမ
May 4, 2024
Sunday, May 5, 2024
ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
Tuesday, April 23, 2024
ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်းများမှ နေရပ်စွန့်ခွာ တိုက်ပွဲရှောင် အိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့
ပေါ်ပြူလာဂျာနယ်
Popular Journal
April 23, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်း (၃) ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာအိမ် ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြော င်း န.စ.က. သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Sunday, April 21, 2024
ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏နယ်ခြားစောင့်စခန်းများမှ တပ်ဖွဲ့၀င် များထွက်ပြေး
Yangon & Mandaly Update News
ဇန်နဝါရီလ ၂၄ ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း များမှ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။
ညောင်ချောင်းနယ်ခြားစောင့်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်အင်အား ၁၀၀ ခန့်သည် ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်လာမည်ကိုစိုး၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဖရုံချောင်း၊ ငှက်ပျောချောင်း၊ ဘုရားပေါ်တောင်နှင့် သပိတ်တောင် နယ်ခြားစောင့်စခန်းများမှ တပ်သားများသည်လည်း ယင်းနေ့ တစ်ရက်တည်းတွင်ပင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ။
Friday, April 19, 2024
ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံး
RFA
RFA Burmese
2024.04.19
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်ကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဧပြီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။
Thursday, April 18, 2024
တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ
Tuesday, April 2, 2024
ရခိုင်တိုက်ပွဲအတွင်း သေဆုံးရိုဟင်ဂျာ ရှစ်ဆယ်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၃၀ နီးပါးရှိလာ
RFA
RFA Burmese
2024.04.01
Photo: RFA
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက် အပြုံ လိုက် ထိခိုက်သေဆုံးတာတွေရှိနေပြီး အခုနောက်ပိုင်း လေယာဉ်သံကြားတိုင်း ကြောက်လန့်နေကြရတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
Thursday, March 21, 2024
ဘူးသီးတောင်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို ရိုဟင်ဂျား
DVB
March 20, 2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာလူမျိုးတွေက “AA အလိုမရှိ"၊ “စစ်ပွဲအလိုမရှိ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။
ရခိုင်ဒေသတွင် AA ဆန့်ကျင်ရေးဆန္ဒပြပွဲများ စစ်ကောင်စီ စီစဉ်ဟု ဆို
Myanmar Now
ရောင်နီ
March 21, 2024
ရခိုင်ပြည်နယ်တွင် အထိနေသော စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို စစ်တပ်၏အင်အားအဖြစ် အသုံးချနေသလို AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန်လည်း ခိုင်းစေနေသည်ဟု သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရိုဟင်ဂျာများကို ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ဆန္ဒပြကြစေရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြ သည်။
Thursday, December 7, 2023
ဘူးသီးတောင်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
December 7, 2023
ဖမ်းဆီးခံရသူတွေကတော့ ရွာမရခိုင်ကျေးရွာမှ ဦးရွှီမောင် (၄၅နှစ်)၊ ဦးအောင်ဇံ (၆၀နှစ်)၊ ဦးဖြူထွန်း (၅၀ နှစ်) နဲ့ ဦးမောင်သန်းဝင်း (၅၃ နှစ်) တို့ ဖြစ်ကြပါတယ်။
Sunday, November 19, 2023
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ ပြီး မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေ၍ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေရ
Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အနီး အနားရှိ ကျေးရွာ (၆)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။
Wednesday, November 15, 2023
AA တပ်ဖွဲ့ဆီ စစ်ကောင်စီလက်အောက်ခံ နှစ်ဆယ်ဝန်းကျင် ထပ်မံလက်နက်ချ
dna
Delta News
November 15, 2023
ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ သုံးရက်မြောက် ဒီကနေ့နဲ့ မနေ့က ညပိုင်းတို့မှာရခိုင်အခြေ စိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဝန်းကျင်လောက် ထပ်မံလက်နက်ချခဲ့ကြသလိုစခန်းစွန့်ခွာသွားသူ တွေ လည်းရာချီရှိနေတယ်လို့ AAနဲ့နီးစပ်သူတွေ၊ဒေသခံတွေကပြောကြပါတယ်။
ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အပါ အဝင် ဒေသခံ ရခိုင်နှင့် မွတ်ဆလင် ၇ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Narinjara
ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃
(၃ ရက်အတွင်း ရခိုင်တွင် အရပ်သား ဖမ်းဆီးမှု ၅၀ နီးပါးထိရှိလာ)
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်ရပ်ကွက်အု
ပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့် မွတ်ဆလင် အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည် ။
Saturday, September 2, 2023
အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီ က ရှောင်တခင် ဧည့်စာရင်းဝင်
Narinjara
ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃
အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ
စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက် ဘက်နယ်စပ်
မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို
ပြုလုပ်နေ သည်ဟု မြို့ခံများက ပြောသည်။
မောင်တောမြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊
ရဲတပ်ဖွဲ့ ဝင်များ၊ လဝကဝန်ထမ်းများနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့ သည့် သြဂုတ်လ
၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေ ခြင်း
ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
Monday, August 21, 2023
Tuesday, August 15, 2023
ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့လှုပ်ရှားမှုတွေ ရှိလာတာ ကြောင့် ဒေသခံတွေ စိုးရိမ်
RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.15
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဒီလပိုင်းတွေအတွင်း အာရ်ကန် ရိုဟင်ဂျာကယ်တင် ရေး တပ်မတော် (ARSA) အဖွဲ့ဝင်တွေ အဝင်အထွက်တွေများလာလို့ တိုက်ပွဲတွေ ပြင်းထန်လာမှာနဲ့ ဖမ်းဆီးသတ် ဖြတ်ခံရမှာကို စိုးရိမ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ARSA စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် အယောက်၂၀ လောက်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် မြောက်ပိုင်း လောင်းဒုံရွာအနီးမှာ အခုလ ၁၂ ရက်နေ့က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး ကားပေါ်ပါလာသူ နှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။
Thursday, August 10, 2023
စစ်တွေမှာ ရိုဟင်ဂျာအလောင်း ၁၇ လောင်းတွေ့
BBC
2023-08-10
ဘင်္ဂလားပင်လယ်အော်ထဲမှာ လှေမှောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေထဲက ၁၇ ဦးရဲ့ အလောင်းကို စစ်တွေမြို့နယ်အတွင်းက ကမ်းစပ်တွေမှာ ပြန်လည်ရှာတွေ့ထားတယ်လို့ ဒေသန္တရ အ ကူအညီပေးရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။
ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့စက်လှေတစ်စီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်တုန်းက စစ်တွေမြို့နယ် ထဲက ဆာဘာရွာအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေထဲက ၁၇ ဦးရဲ့အ လောင်းတွေကို ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပြန်တွေ့ထားတာဖြစ်ပါတယ်။
Friday, August 4, 2023
စစ်ရေးပဋိပက္ခများနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် မိအေး နှစ်ခါ နာနေသည့် ရခိုင်ပြည်နယ်
Myanmar Now
August 4, 2023
Wednesday, July 26, 2023
ဘူးသီးတောင်မြို့နယ်မှာ အခြေစိုက်ဖို့ကြိုးစားနေတဲ့အာဆာ ကို အေအေရှင်းလင်း
BNA
Border News Agency
ဘူးသီးတောင်၊
ဇူလိုင် ၁၉ ၂၀၂၃
ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်ခြေအ နီးမှာ
အခြေစိုက်လှုပ်ရှားဖို့ကြိုးစားနေတဲ့
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(Arakan Rohingya Salvation Army)ကို
ရက္ခိုင့်တပ်တော် (AA)က ရှင်းလင်းရေးပြု လုပ်နေတယ်လို့
ဒေသခံတွေကအတည်ပြုပြောကြပါတယ်။
Monday, March 20, 2023
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာလေးဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ
RFA
RFA Burmese
2023.03.20
ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ မိသားစုလေးဦးအား တွေ့ရစဉ်။ရခိုင်နေ့စဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘာလုခါလီဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာလေးဦး
မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့ အဝင်၊ အထွက်
စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတယ်လို့ ရခိုင် ပြည် နယ် စစ်ကောင်စီရဲ့
ရခိုင်နေ့စဉ် သတင်းမှာ မနေ့က ဖော်ပြခဲ့ပါတယ်။
Friday, March 3, 2023
ICJ တွင် ချေပနိုင်ရေး ရိုဟင်ဂျာများကို စစ်ကောင်စီ စည်းရုံး
Myanmar Now
ပိုးဥ
March 3, 2023
လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေ ရသော အမှုအတွက် သွားရောက်ချေပမည့် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာတချို့ကိုမကြာ သေးမီက ထိတွေ့စည်းရုံးနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ တို့တွင် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှ အရာရှိ များ၊ စစ်ထောက်လှမ်းရေးများက ရိုဟင်ဂျာတချို့ကို ခေါ်ယူတွေ့ဆုံကြသည်ဟု ထိုရိုဟင်ဂျာများနှင့် နီးစပ်သူတစ် ဦးက ပြောသည်။