" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 25, 2020

ဘူးသီးတောင်ရှိ ကျေးရွာသို့ လက်နက်ကြီးကျည်ကျ နှစ်ဦး သေဆုံး ခုနစ်ဦးဒဏ်ရာရ

မြန်မာတိုင်းမ်နေ့စဉ်
25 JAN 2020   |
စိုင်းဝဏ္ဏ
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရှိကာ ဆေးရုံ၌ ကုသမှု ခံယူနေသူအား တွေ့ရစဉ်။ ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မွတ်စလင်အများစုနေထိုင်သည့် ကင်းတောင်ကျေးရွာ အတွင်းသို့ဇန်န ဝါရီ၂၅ ရက် ညသန်းခေါင်ကျော် နံနက် ၁နာရီ မိနစ် ၂၀ ဝန်းကျင်က လက်နက်ကြီးကျည် ကျ၍ အရပ်သား နှစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းပစ်ခတ်မှုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) က ကျူးလွန်ခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့က ပြောဆိုသည်။ ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်တံတားကို တပ်မတော်က လုံခြုံရေး ယူ ထားပြီး ယင်းတံတား၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့် အကွာရှိနေရာနှစ်ခုမှ အေအေက လက်နက် ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ကင်းတောင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး မနူဟာ ဘာ ဆိုသူ နေရာတွင်သေဆုံးခဲ့ကာ မအိုမာဟာဘီဆိုသူ အမျိုးသမီး ဘူးသီးတောင်ဆေးရုံသို့ပို့ဆောင်ပြီး နောက် သေ ဆုံးခဲ့သည်။ထို့အပြင် ဂျာမာလု ဆောင်း အပါအဝင် မွတ်စလင် ၇ ဦးလည်း ဒဏ်ရာများရရှိခဲ့ သည်ဟု သိရသည်။
 
ယင်းဖြစ်စဉ်သည် ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း အေအေက ငြင်းဆိုသည်။ တပ်မတော် နှင့် အေအေအကြား တိုက်ပွဲ မဖြစ်ပွားခဲ့သလို ကင်းတောင်ရွာအနီး အေအေ၏လှုပ်ရှားမှုမရှိကြောင်း၊ တပ်မတော်က လက် နက်ကြီးများကို ပရမ်းပတာ ပစ်ခတ်ပြီးနောက် ယခုကဲ့သို့ မွတ်စလင်ကျေးရွာအတွင်းကျရောက်ခြင်းဖြစ်ကြောင်း အေအေမှပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မြန်မာတိုင်းမ်နေ့စဉ်သို့ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအနေဖြင့် မွတ်စလင်များအပေါ်အကာအကွယ်ပေးရန် ဇန်နဝါရီ၂၃ ရက်က အမိန့်ချမှတ်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့်ICJ အထိရောက်ရှိခဲ့သည့် ဖြစ်စဉ်၌ မွတ်စလင်တို့အပေါ် အစာမကြေဖြစ်နေသည်ဟု ခိုင်သုခက စွပ်စွဲပြောဆိုသည်။

ကင်းတောင်ရွာသို့ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်၏ဒလက်များ၌ အပေါက်ငယ်များပါရှိသည်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ကသုံးသည့်ဗုံးသီးများ၏ ဒလက်များအကြားတွင် အပေါက်များမပါရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။


Link : Here 



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */