" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 29, 2019

ဘူးသီးတောင် စည်တောင်ရွာတွင် ပစ်ခတ်မှုဖြစ်ပွား၊ ရွာသား တချို့ ပိတ်မိနေ

DVB
By DVB
28 October 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှု တွေလုပ်ပြီး ရွာထဲကို ဝင်လာတာကြောင့် ကျေးရွာသားတွေအများစုက ထွက်ပြေးခဲ့ကြပြီး တချို့ကတော့ ပိတ်မိနေပါတယ်။
အောက်တိုဘာ ၂၈ ရက်မနက်က တပ်မတော်စစ်ကြောင်းတခုက ကွမ်းတောင်၊ နွားရုံးတောင်ကနေတဆင့် စည်တောင်ကျေးရွာကို သေနတ်ဖောက်ပစ်ခတ်ပြီး ကျေးရွာအတွင်း ဝင်လာတာကြောင့် ရွာသားတွေ ထွက် ပြေးသွားကြသွားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကျေးရွာအတွင်းက ထွက်ပြေးလို့မရတဲ့ မွေးကင်စကလေး မိခင်တဦးနဲ့ သက်ကြီးလူကြီးပိုင်းတွေ အများကြီး ကျန်ခဲ့လို့ စိုးရိမ်နေကြတယ်လို့လည်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“ရွာကို တပ်မတော်စစ်ကြောင်းကနေပြီး မဝင်လာခင်ကတည်းက ပစ်ခတ်မှုတွေ လုပ်တယ်။ အဲဒီမှာ ကျေး ရွာကလူ‌ တွေ အကုန်ထွက်ပြေးကြတယ်။ မနေ့က မွေးကင်းစပဲရှိသေးတဲ့ ကလေးမိခင်တယောက်၊ ပြီးတော့ ရွာထဲက လူကြီးပိုင်း အဘိုး အဘွားအိုတွေ ထွက်ပြေးလို့ မရဘူး။ ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတချို့ နီးစပ်ကျေးရွာတွေကို ထွက်ပြေးနေကြရသလို တချို့တောင်ကုန်းပေါ်မှာ ပုန်းခိုနေကြရတယ်” လို့ စည် တောင်ကျေးရွာက ထွက်ပြေးလာတဲ့ ကျေးရွာသားတွေက ပြောပါတယ်။

စည်တောင်ကျေးရွာသား ဦးစိုးနိုင်က “ကွမ်းတောင်ကနေ တညလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ မနေ့က ည ပိုင်း ကျနော် ရွာနားက စပါးထားရွာကို ရောက်လာတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ၈ နာရီ လောက်မှာ ရွာမဝင်ခင် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သေနတ်တွေနဲ့ပစ်ပြီးတော့ ဝင်လာတယ်။ ရွာက လူတွေက အကုန်ထွက်ပြေးကြတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီအတိုင်းပစ်ပြီးတော့ ဝင်လာတာပါ။ အခုအချိန် ရွာ မှာ ရှိနေတုန်းပဲ။ ရွာသားတချို့က ရွာရဲ့ အပြင်ဘက်ကို ထွက်ပြေးလာကြတယ်။ တချို့ကတော့ နီးစပ်ကျေး ရွာတွေကို သွားကြတယ်။ တချို့ တောင်ကုန်းပေါ်တွေ ပုန်းနေကြတယ်” လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းပြန် လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။ ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီမနက် ဖုန်းနှစ်ကြိမ် နေ့လယ်ပိုင်းက ဖုန်းနှစ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှာ တပ်မတော်ရဲ့ ပစ်ခတ် မှု ကြောင့် လူ ၆ ဦး သေဆုံးသွားပြီး နေအိမ်တချို့ ကျည်ဆန်ထိမှန် ပျက်စီးခဲ့ပါတယ်။

ဝဏ္ဏခွာညို


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */