" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 7, 2019

ဘူးသီးတောင် တိုက်ပွဲ ရွာသားတစ်ဦးသေဆုံး၊ ရွာတချို့ မီးလောင်

B B C
ဘီဘီစီ မြန်မာပိုင်း
07th November 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက် ပွဲ တွေက ပစ်ခတ်မှုတွေကြောင့် ကျေးရွာတချို့ မီးလောင်ခဲ့ပြီး ရွာသားတစ်ဦး သေဆုံးကာ အမျိုးသမီးတွေ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် ကြာသပတေးနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ပစ် ခတ်မှုတွေကြောင့် ဖုံညိုလိပ်ကျေးရွာက အသက် ၄၅ နှစ်အရွယ် မွတ်ဆလင်ကျေးရွာသား ဗိုက်မှာ ကျည်ထိ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

"ဒီနေ့မနက် ၁၂ နာရီလောက်မှာ တိုက်ပွဲ ဖြစ်ပါတယ်။ အခုသေသွားတဲ့သူက ရှုတူးအာလောင်ပါ။ သူက လမ်းမကြီးနား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း ဗိုက်ကို ကျည်ထိ သွားတာ ပါ"လို့ ဖုံညိုလိပ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။
     

      ဒါ့အပြင် နိုဝင်ဘာလ ၆ ရက် နေ့လယ်ပိုင်းမှာလည်း အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး လက် နက်ကြီးကျည်တွေ ရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သရက်ပြင် ရခိုင်ရွာနဲ့ ချာကေ မွတ်ဆ လင်ရွာတို့မှာ အိမ်တွေ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

      နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ရွာမီးလောင်မှုမှာ ချာကေ မွတ်ဆလင်ရွာမှာ အိမ်တချို့ မီးလောင် ခဲ့ပြီး နှစ်ရွာပေါင်း အိမ်ဘယ်လောက် လောင်သွားခဲ့တယ်ဆိုတာကိုတော့ တိတိကျကျမပြောနိုင်ဘူးလို့ ရွာသားတွေက ပြောပါတယ်။

      နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ တပ်မတော်စစ်ကြောင်းက ကြာညိုပြင်ကျေးရွာဘက်ကနေ စိုင်းဒင် ကျောင်းကို ဖြတ်ကူးဖို့ပြင်ဆင်နေချိန် သရက်ပြင်ကျေးရွာဘက်ကနေ အေအေတပ်ဖွဲ့တွေက လှမ်းပစ်ခတ် တဲ့ အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

      တပ်မတော်စစ်ကြောင်းကို အေအေဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့် မွတ်ဆ လင်ရွာတွေ မီးလောင်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

      "ကျွန်တော်တို့ စိုင်းဒင်ချောင်းကို ကူးဖို့ လုပ်တဲ့အခါမှာ အေအေကနေပြီးတော့ သရက်ပြင် ဘုန်းကြီးကျောင်း ကနေ ပစ်ခတ်တယ်။ ကြာညိုပြင် ကုလားရွာက ကျွန်တော်တို့နဲ့ တစ်ဖက်တည်းမှာရှိတဲ့ရွာ ဖြစ်တယ်" လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

      "အေအေကနေ အဲ့ဒီရွာကို တမင်ပစ်ချတာ။ တိုက်ပွဲဖြစ်တဲ့ဥစ္စာကို အခွင့်ကောင်းယူပြီးတာ့ တမင်ပစ်ချတဲ့ အတွက်ကြောင့်မို့လို့ တစ်အိမ် မီးလောင်သွားတယ်။ ပြီးရင် တစ်ယောက်စ နှစ်ယောက်စလည်း ဒဏ်ရာရ သွားတယ်လို့ သိရတယ်"လို့ သူက ပြောပါတယ်။

      ဒါ့အပြင် နိုဝင်ဘာလ ၆ ရက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၇ နာရီကျော်လောက်မှာ သရက်ပြင် ရခိုင်ကျေးရွာ စတင် မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပေမဲ့ ဒီအပေါ်မှာတော့ မဖြစ်နိုင်ဘူးလို့ တပ်မတော် ဘက် က ငြင်းဆိုထားပါတယ်။

      ကျည်ထိသေဆုံးသွားခဲ့တဲ့ ဖုံညိုလိပ်ကျေးရွာသားဟာ လမ်းမပေါ်ကိုတက်လာတဲ့အချိန် အေအေဘက်က ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ဆက်လက်ပြောဆိုပါတယ်။

      တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

      အဲ့ဒီကျေးရွာတွေဟာ လက်နက်ကြီးကျည်တွေ ကျပေါက်ကွဲ မီးလောင်တာ ဖြစ်ပြီးတော့ မွတ်ဆလင် အ မျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

      အဲ့ဒီကျေးရွာတွေဟာ ဘူးသီးတောင်မြို့ရဲ့ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာမှာရှိပြီး စိုင်းဒင်ရေတံခွန်းအနီး ဝန်းကျင်က ကျေးရွာတွေဖြစ်တယ်လို့ဆိုပါတယ်။

      တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့ နယ်တွေမှာ ကျေးရွာမီးလောင်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

      တိုက်ပွဲတွေ ဖြစ်တဲ့ တစ်နှစ် ဝန်းကျင်အတွင်း အရပ်သားသေဆုံးသူ ၉၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးနဲ့ ဖမ်းဆီးခံနေရသူ ၁၅၀ ကျော်အထိ ရှိပါတယ်။

      Link : Here

      No comments:

      Post a Comment

      /* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */