" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 25, 2020

ဘူးသီးတောင်ဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ၂၄ ဦးစာအတွက် ကြိုတင်ပြင်ဆင်ထား

DVB 
25 June 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၄ ဦးထိထားရှိနိုင်အောင် ကြိုတင်ပြင်ဆင် ထားတယ်လို့ ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဘူးသီးတောင်မြို့နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက “လက်ရှိ ပိုးတွေ့ လူနာ ၂ ယောက် ကိုတော့ ခုပြင်ဆင်ထားတဲ့အဆောင်မှာ မထားသေးပါဘူး။ ဒီအဆောင်မှာတော့ ပိုးတွေ့လူနာ၂၄ ဦးအထိ ထား နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လ ၂၅ ရက် မနက်အထို ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တောင်ကုတ်ဆေးရုံမှာ ၁ ဦး၊ သံတွဲဆေးရုံမှာ ၁ ဦး၊ စစ်တွေဆေးရုံမှာ ၁ ဦး၊ ဘူးသီးတောင်ဆေးရုံမှာ ၂ ဦးနဲ့ မောင်တောဆေးရုံမှာ ၈ ဦး စုစုပေါင်း ၁၂ ဦးထိရှိနေပါတယ်။

ခိုင်မြတ်နိုင် (ဓါတ်ပုံ)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */