" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 30, 2019

ဘူးသီးတောင်မြို့နယ် ကျေးရွာ၄ ရွာထဲတွင်ပိတ်မိနေ ခဲ့သည့် သက်ကြီးရွယ်အို ၁ဝဦးအား ICRC မှကယ် ထုတ်

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၃ဝ/၂ဝ၁၉

  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ ရှပ်ရှားတောင်၊ စံဂိုးထောင်နှင့် နွားရုံတောင် ကျေးရွာ ၄ရွာမှ ရွာတွင် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေခဲ့သည့် သက်ကြီး ရွယ်အို ၁ဝ ဦးအား အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ ICRC မှ ဇူလိုင်လ ၂၈ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

မပြေးနိုင်မလွှားနိုင်ဘဲ ကျေးရွာအတွင်း ကျန်ရှိနေခဲ့သူများမှာ ဥယျာဉ်သာကျေးရွာမှ ဦးစိန်သာခိုင် ( ၈၂)နှစ်၊ ဦးမောင်ကျော်လှ (၇၂)နှစ်၊ ဦးမောင်လူကြီး (၇၄)နှစ်၊ ဦးဘတင် ( ၆၆) နှစ်တို့ဖြစ်ကြပြီး ရှပ်ရှားတောင် ကျေးရွာမှ ဦးလှညွန့် (၄၈)နှစ်၊ စံဂိုးထောင်ကျေးရွာမှ ဦးကျော်စိန် (၈၉)နှစ်၊ ဦးစောလှ (၈၈)နှစ်၊ ဒေါ်မနုစိန် (၈ဝ) နှစ်၊ ဒေါ်ဒါကြွဖြူ (၈၇)နှစ်တို့ ဖြစ်ကြသည်။

နွားရုံတောင်ကျေးရွာမှ စောထွန်းဦး (၉၆)နှစ်၊ ဥယဉ်သာ ဆရာတော် ဦးသုမန သက်တော် (၄၉)နှစ် ဝါတော် (၁၂) ဝါ တို့ဖြစ်ပြီး ၎င်းလူများကိုကယ်ထုတ်ယူပြီး ဘူးသီးတောင် ရန်အောင်မြေစစ်ရှောင်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ရွာလုံးကျွတ် ကြောက်လန့် ထွက်ပြေးသွားကြပြီးနောက် မပြေးလွှားနိုင်ဘဲ ကျန်ရှိနေခဲ့သည့် ဆရာတော်တစ်ပါးနှင့် လူအို ၁ဝ ဦးတို့အား ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၁ခန့်က ICRC မှကားဖြင့် သွားရောက်ကယ်ထုတ် ခဲ့ခြင်းဖြစ်ပြီး ၎င်းသက်ကြီး ရွယ်အိုများမှာ ယခုလက်ရှိတွင် ဘူးသီးတောင်မြို့ ရန်အောင် မြေ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေကြောင်း ရန်အောင် မြေ ဆရာတော်ဘုရားက နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

“ICRC က သွားကယ်ထုတ်တဲ့ ဒီလ ၂၈ ရက် အချိန်က ၁၁ နာရီလောက်ကသွားကြတယ်။ ဦးဇင်းကျောင်းကိုတော့ ညနေ၂ နာရီကျော်လောက်ကရောက်တယ်။ ဒီကနေ့ သူတို့ရဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီကို သွားချင်တယ်ဆိုလည်း ဒီကနေလိုက်ပို့ပေးလိုက်မယ်” ဟု ရန်အောင်မြေ ကျောင်း ဆရာတော်က မိန့်ကြားသည်။

ထိုသို့သွာရောက်ကယ်ထုတ်ခဲ့သည့် ICRC သို့ မည်သို့ကယ်ထုတ်ခဲ့ရသည်နှင့် မည်သည့် အတွက်ကြောင်း ကယ်ထုတ်ပေးသည်ကို နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ICRC ရန်ကုန်ရုံးမှ ကိုဇော်ဝင်းက “ကယ်ထုတ်တဲ့လုပ်ငန်းစဉ်ကို ဘေးအန္တရာယ်မရှိအောင်လုပ်ရဖို့ အဆင့်တွေအများကြီးရှိခဲ့ပါတယ်။ အဓိက ကတော့လုံခြုံရေး နဲ့ဘေးကင်းရေးပါ။ အသက်ကြီး ပိုင်းတွေဖြစ်တဲ့ အဲ့ဒီလူကြီးတွေဟာ ပဋိက္ခရဲ့ရှေ့တန်းနေ ရာမှာရောက်နေခဲ့ကြတဲ့အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေအကုန်လုံး မဖြစ်မနေလုပ်ခဲ့ရပြီး၊ အာ ဏာပိုင်တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ရပါတယ်။ ဒါမှ ကယ်ထုတ်ခံရတဲ့ အရပ်သားတွေရော မိမိ တို့ကြက်ခြေနီအဖွဲ့ဝင်တွေပါ ဘာ အန္တရာယ်မှမဖြစ်မှာပါ။ မြှေမြှုပ်မိုင်းတွေလည်း ဒီနေရာတွေမှာ အမြဲ ရှိနေ နိုင်တာမို့ ဒီကိစ္စတွေကိုလည်းမကြုံရ အောင် သတိထားပြီးလုပ်ခဲ့ရပါတယ်။ နောက်ဆုံးကတော့ အဲ့ဒီလူတွေ ရဲ့အသက်အပိုင်းအခြားပါ။ သူတို့ထဲက အများစုက အသက် ၈ဝ ကျော်တွေဖြစ်ကြတော့ ပိုပြီးတော့ ဂရုတ စိုက်လုပ်ဆောင်ခဲ့ရပါတယ်ဟု ပြောသည်။

ICRCမှ ကယ်ထုတ်လာသည့် သက်ကြီးရွယ်အို ၁ဝဦးအား ဦးစွာပထမ ဘူးသီးတောင်ဆေးရုံသို့ ကျန်းမာရေးအခြေ အနေ စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတဆင့် ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းတွင် ရှိ သည့် စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း ကိုဇော်ဝင်းက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */