" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 25, 2020

ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦး သေ၊ ခုနှစ်ဦး ဒဏ်ရာရ



RFA
လွတ်လပ်တဲ့အာရှအသံ
2020.01.25

■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီနေ့မနက် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံး ခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျည် သုံးလုံးမှာ တစ်လုံးက နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ကင်းတောင်ကျေးရွာ ရာအိမ်မှူး ဦးဂျူပိုင်က ပြောပါတယ်။
သေဆုံးသူ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ထဲမှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်ပြီး ဒဏ်ရာအခြေ အနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက တိုက်ပွဲဖြစ်ပွားတာမျိုးမ ဟုတ်ပဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ပစ်ခတ်မှုတွေရှိနေတယ်လို့ ကြားသိရပြီး ကျေးရွာတွေထဲကို လက် နက်ကြီးနဲ့ ပစ်ခတ်တာမျိုးက မလုပ်သင့်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ တိုက်ပွဲဖြစ် ပွားတာမျိုးမရှိပဲ ရွာထဲကနေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ခုနှစ်နှစ်အရွယ် ကလေး တစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရသွားပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင် တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး (REC) က ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းမှာလည်း ပြီးခဲ့တဲ့ဇန်နဝါရီ ၅ ရက်ကနေ ဒီနေ့အထိ အချိန် နှစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ် ရာ ရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ကိုးဦးထက်မနည်းရှိနေပါတယ်။


RFA Facebbok မှ-

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */