" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 25, 2019

ခရီးသည်တင်စက်လှေပေါ်က လဝက အရာရှိသုံးဦးကို အေအေဖမ်းသွားတယ်လို့ အစိုးရပြော

B B C

ဘီဘီစီ မြန်မာပိုင်း
25 ဒီဇင်္ဘာလ2019

                             ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကနေ တောင်ဘဇာကို ခရီးသည်တင် စက်လှေနဲ့ သွားတဲ့ လဝက အရာရှိ တွေ ကို ဒီဇင်ဘာ ၂၄ ရက်မှာ အေအေက ဖမ်းသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အသက် ၂၅ နဲ့ အသက် ၄၉ နှစ်ကြား အရာရှိ အမျိုးသား သုံးဦးကို မနေ့က ည နေ ၃ နာရီလောက်မှာ အေအေ ရက္ခိုင့်တပ်တော်က ဖမ်းသွားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဖေ့စ် ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်နဲ့ လက်ထောက် လဝကမှူး နှစ်ယောက်ဖြစ်တဲ့ ဦးမျိုးဆွေဦးနဲ့ ဦးအောင်ကျော်ဖြိုးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သူတို့ စီးလာတဲ့ စက်လှေ ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ကမ်းပေါ်က လူ တစ်ယောက်က စက်လှေကိုတားလို့ ကမ်းကပ်ပေးခဲ့တယ်၊ နောက် ချုံထဲက အေအေ အဖွဲ့ဝင် ငါးဦး ထွက်လာပြီး ပစ္စ တိုသေနတ်နဲ့ ချိန်ပြီး ဖမ်းသွားတယ်လို့ ဆိုပါတယ်။ စက်လှေသမားကိုတော့ ပြန်လွှတ်ပေး လိုက် တယ်လို့ လည်း ဖော်ပြထားပါတယ်။

"သူတို့က ဘူးသီးတောင်ကနေ တောင်ဘဇာကို လိုင်းစက်လှေနဲ့ သွားတယ်ဗျာ။ အဲဒီမှာ အဖမ်းခံရတာပါ။ လက် ထောက်ညွှန်မှူး တစ်ယောက်ပါတယ်။ နောက်ထပ်ကတော့ လက်ထောက် လဝကမှူး နှစ်ယောက်ပါ။ (စုစုပေါင်း) သုံးယောက်ပါ" လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။
                                ရွှေနဒီ ရေယာဉ် ဖမ်းဆီးမှုအပြီး စစ်တွေ-ဘူးသီးတောင် ရေယာဉ်စီးသူ လျော့ကျသွားတယ်လို့ဆို
 
သူတို့ဟာ မနေ့က ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အခု အချိန်ထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံး နေပါတယ်။

အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြော ဆိုတဲ့ အတွက် အေအေ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးကြည့်တော့ ဒီသတင်း သူမရရှိသေးဘူးလို့ ပြောပါတယ်။

အခုလို လဝက အရာရှိတွေ အဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ဘူးသီးတောင်မြို့ပေါ်မှာ တာဝန်ထမ်းဆောင် နေ ကြတဲ့ ဝန်ထမ်းတွေရဲ့ အနေအထားကို အဲဒီဒေသက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော် ဇံက

"တာဝန်ထမ်းဆောင်နေတဲ့ အစိုးရပိုင်းမှာတော့ စိုးရိမ်မှုတွေ ရှိနေတာ တွေ့ရတယ်။ စိုးရိမ်မှုတွေ ရှိနေတာ တော့ ကြာနေပါပြီ။ လုံခြုံရေးက မသေချာတဲ့ အနေအထားမှာ ရှိနေတယ်"

"ကျောင်းဆရာတွေကတော့ သွားပြီးတော့ တာဝန်ထမ်းဆောင်နေကြတာ တွေ့တယ်။ တခြားဌာနတွေ တော့ ကျွန်တော်ပြောလို့ မရဘူး" လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှာ မိသားစုတွေ အကြားမှာလည်း စိုးရိမ်မှုတွေ တိုးပွားနေတယ်လို့ ဆိုပါ တယ်။

အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စစ်တွေကနေ ဘူးသီးတောင်ကို ခုတ်မောင်းလာတဲ့ ရွှေနဒီ အမြန်ရေ ယာဉ်ပေါ် အရပ်သား၊ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၈ ဦးကို အေအေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီအထဲက အရပ်သားတွေကို ပြန်လွှတ်ပေးခဲ့ပြီး စစ်ဘက်နဲ့ သက်ဆိုင်သူ ၁၇ ဦးကိုတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */