" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 26, 2019

ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ် တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019
  ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ်တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

ဘူးသီး တောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဒီကနေ့ နို ဝင်ဘာ ၂၆ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အေပီသတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လအတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက် တွေ ကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင် အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေ ရှိတယ်လို့ ပါဝင်ပါတယ်။

'' စစ်ဖက်တရားရုံးရဲ့တရားစီရင်ရေးပြီးသွားတဲ့အခါမှာတော့ ထုတ်ပြန်သွားမှာပါ။ အခုလောလောဆယ် ကျွန် တော်ပြောနိုင်တာကတော့ ပြစ်မှုကျူးလွန်သူလို့ ကနဦးတွေ့ရှိသူများအပေါ်မှာဆောင်ရွက် သွား မှာဖြစ်ပါတယ်။ အဲထဲမှာ အရာရှိအဆင့်နဲ့ အခြားအဆင့်ဆင့် စစ်သည်တွေပါဝင်ပါတယ်။''လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အေပီသတင်းဌာနကဖော်ပြခဲ့တဲ့ထဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြတဲ့ ဂူတာပြင် ရုပ်အလောင်းတွေဟာ ဖျောက်ဖျက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ဆက်စပ်သတင်း။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */