" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 11, 2019

ဘူးသီးတောင် ကံပြင်ကျေးရွာသားတွေ အခြေအနေ လွှတ်တော်အမတ်စိုးရိမ်

VOA  
ဗွီအိုအေ (မြန်မာဌာန)
11 ဇူလိုင်၊ 2019
နိုင်ကွန်းအိန်
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို မြန်မာစစ်တပ်က ပိတ်ဆို့ပြီး၊ ကျေးရွာသားတွေကို စစ်ဆေး မေးမြန်းနေတာ သီတင်းတပတ်ကျော်သွားပါပြီ။ ဒီအတွက် ကျေးရွာသားတွေရဲ့ နေရေးစားရေး အ တွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်မကင်းရှိနေပါတယ်။

 မြန်မာစစ်တပ်ပြောခွင့်ရသူကတော့ ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက နောက်ဆုံး အခြေအနေတွေကို ကိုနိုင်ကွန်းအိန် က စုံ စမ်းမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို ဇူလှိုင်လ ၂ ရက်နေ့ကတည်းက မြန်မာစစ်တပ်က ပိတ် ဆို့ထားပြီး၊ ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးနေတယ်ဆိုပြီး ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ စားဝတ်နေရေးနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်နေတယ်လို့ ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင်သောင်းရွှေကပြောပါတယ်။

“ကံပြင်မှာလူတွေကို ပိတ်ပြီးမှ ထမင်းတွေ ဘာတွေမကျွေးဘူးလို့ပြောတယ်။ ဆိုတော့အဲဒီမှာ အမျိုးသမီး တွေ ကိုလဲ အခု တော့ဘုန်းကြီးကျောင်းကို ခေါ်ထားပြီးလို့ပြောတယ်။ အကုန်လုံးလေ။ အကုန်လုံး ဆိုလို့ ရှိရင်အခုက (၂၀)ကျော် လောက်ရှိသွားမယ်။”

မြန်မာစစ်တပ်ကနေ ဘာရည်ရွယ်ချက်နဲ့ထိန်းသိမ်းထားတယ်ဆိုတာမသိပေမဲ့ ရခိုင်လက်နက်ကိုင် AAအ ဖွဲ့ နဲ့ ဆက်စပ်မှုကိုစီစစ်နေတယ်လို့ယူဆကြောင်း ရွာကနေ ထွက်ပြေးလာတဲ့ ကံပြင် ရွာသားတဦးက ပြောပါတယ်။

“ကျောင်းမှာ မိန်းကလေးတွေရော ယောကျ်ားလေးတွေရောခေါ်ပြီးမှ အဲဒီဘုန်းကြီးကျောင်းမှာ။ သူတို့က ဘယ်လို ပြောလဲ ဆိုလို့ရှိရင် ခင်ဗျားတို့AAခေါ်လာလို့တဲ့။ AAမခေါ်ရင် ခင်ဗျားတို့ ဒုက္ခမရောက်ဘူး တဲ့။”

ရွာသားတွေ ရွာအပြင်ထွက်ခွင့်မရှိ အလုပ်မလုပ်ကိုင်ရလို့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကြုံနေရတယ်လို့ အဆိုပါရွာ သားကပြောပါတယ်။

မြန်မာတပ်မတော်ပြောခွင့်ရသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကတော့ ကံပြင်ကျေးရွာကို ပိတ်ဆို့ပြီး ကျေးရွာသား တွေကို စစ်ဆေးနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ငြင်းဆိုပါတယ်။

“မရှိပါဘူးဗျာ မလုပ်ပါဘူး။ အဲဒီဘက်မှာကျွန်တော်တို့သိရသလောက် နပခကိုမေးကြည့်တော့ ကျွန်တော်တို့တပ် တောင်မရှိဘူး။”

ပြီးခဲ့တဲ့(၂၀၁၈)ဒီဇင်ဘာလဆန်းမှာ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့မှုကြောင့် ကံပြင် ရွာ သား (၄၀၀)ခန့်ဟာဘူးသီးတောင်မြိုနယ် စည်တောင် စေတီတောင်၊ ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာထဲမှာ လူအနည်း ငယ်သာကျန်ရှိနေတာပါ။

အလားတူ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာအုပ်စု သရက်ပြင်ကျေးရွာကိုလဲ မြန်မာစစ်တပ် ကနေ ဒီနေ့မှာ ဝင်ရောက်စစ်ဆေးနေတယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပြောပါတယ်။

မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ဖက်မှာလဲ ဆန်တင် သွင်းခွင့် ကန့်သတ်ထားတဲ့အခြေအနေကြောင့် ဒေသခံတွေ စားသောက်ရေးမှာ အခက်တွေ့နေပါတယ်။

လက်ရှိပလက်၀ မြို့နယ် အာဏာပိုင်တွေကနေ ပလက်ဝမြို့နယ်အတွင်း ကျေးရွာအုပ်စုတအုပ်စုကို ဆန်အိတ်(၅၀)သာ တင်သွင်း ခွင့်ပြုနေတဲ့အတွက် လုံလောက်မှု မရှိဘူးလို့ တင်ထွန်းအောင် ပရဟိတ လူငယ် အဖွဲ့က ကိုတင်ထွန်းအောင် က ပြောပါတယ်။

“ဆန်တင်သွင်းခွင့်ကအခုအုပ်ချုပ်ရေးဌာနက ကျေးရွာအလိုက် အုပ်စုအလိုက်ကို ဆန်သယ်ယူခွင့် ပေး တယ်။  ဒါပေမဲ့ လုံလုံလောက်လောက်မရကြဘူး။ တရွာထဲမဟုတ်ဘူးတအုပ်စုအတွက် အိတ်(၅၀)ထက် ပိုပြီးတော့အပို တင်လို့မရဘူး။ ရွာမုပ်စုတအုပ်စုမှာ ရွာက(၅)ရွာရှိတယ်။

 တရွာမှာအိမ်ခြေ(၃၀)လောက်ထားလိုက်။ တအိမ်ကို ဆန်ဟာ ပုံမှန်တတောင်း (တင်းဝက်)တပြည်ကျော်ပေါ့။ သတ်မှတ်နှုန်းလောက်ဘဲရတယ်။ တပတ်စာလောက်ဘဲ အစိုးရသတ်မှတ် သယ်ယူခွင့်ပြု တယ်။ လုံလုံလောက်လောက်သယ်ယူခွင့်မပေးဘူး။”

ပလက်ဝမြို့နယ်အတွင်း မြို့နဲ့ဝေးလံတဲ့ကျေးရွာ(၃၀)လောက်အတွက် ဆန်သယ်ယူဖို့ ခက်ခဲနေတဲ့ အခြေ အနေမှာ ရှိတယ်လို့သူကပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း ဆန်ဖြန့်ဝေမှုနဲ့ ပက်သက်လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ တခြားပလက်ဝမြို့နယ် ကူညီရေးအဖွဲ့တခုက ဥက္ကဌဦးဝေတန်းကတော့ အခုလို စနစ်တကျ ဆန်သယ် ယူခွင့်ပေး လာတဲ့အပေါ် အကောင်းဘက်ကိုဦးတည်လာကြောင်းပြောပါတယ်။

“သူတို့က စိတ်ပါဝင်စားစွာနဲ့ ဆောင်ရွက်ပေးတယ်ဆိုတော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့တော့ ထင်တယ်။ အရင်က တော့ ဒီလိုစီစဉ်ပေးမှုတွေမရှိခဲ့လို့ အဆင်မပြေတာတွေကြုံခဲ့ရတယ်ဆိုတာ ကျွန်တော် တို့ အဲဒီလိုဘဲသုံးသပ်တယ်။ အခုတော့အိတ်(၅၀)သယ်ခွင့်ရတယ် စီစဉ်ဆောင်ရွက် ပေးတယ်ဆိုတော့ အရင်နဲ့စာရင်ပိုအဆင် ပြေလိမ့်မယ်လို့ ကျွန်တော်တို့အဲဒီလိုဘဲယုံကြည်တယ်။”

လက်ရှိရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ စစ်ရေးပဋိပက္ခ ဖြစ်ပွားလာနေတာကြောင့် သွားလာရေး မှာလုံခြုံမှုမရှိတော့သလို တောတောင်ဥယာဉ်ခြံထဲ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ဆုံးရှုံးနေတာ ကြောင့် စားဝတ်နေရေးမှာလဲ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း စစ်ရှောင်ဦးရေ(၅၀၀၀၀)ကျော်တိုးပွားလာနေသလို မိုးတွင်းကာ လ မှာ နေထိုင်ရေးနဲ့စားသောက်ရေးအပိုင်းမှာလဲအခက်ခဲတွေနဲ့ကြုံတွေ့နေရတယ်လို့လဲ လူမှုကူညီရေးအဖွဲ့ တာ ဝန် ရှိသူတွေကပြောပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */