" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 25, 2020

ဘူးသီးတောင်မှာ ရွာထဲ လက်နက်ကြီးကျည်ကျ နှစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ

B B C

ဘီဘီစီ မြန်မာပိုင်း
2020.01.25  

လက်နက်ကြီးပစ်ခတ်မှုကို တပ်မတော်နဲ့အေအေ နှစ်ဖက်စလုံးက ငြင်းပါတယ်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် ကင်းတောင် မွတ်ဆလင် ကျေး ရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁ နာရီလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူနှစ်ဦးဟာ အသက် ၁၈ နှစ်အရွယ် မနိုရ်ဘာဟာနဲ့ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်သည် ဒေါ်အူမာဟာဘီဖြစ်တယ်လို့ သူတို့ မိသားစုတွေက ပြောပါတယ်။

"မနေ့ကည ၁ နာရီမှာကျတာပါ။ တပ်ရင်း ၅၅၁ ရှိတဲ့နေရာကနေ ပစ်တဲ့အတွက် ကင်းတောင်ရွာထဲမှာ ကျ တာပါ။ မိန်းကလေးအပျိုလေးတစ်ယောက်သေတယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်က ဆေးရုံမှာ သေတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်နက်ကြီး သုံးလုံးပစ်တာမှာ တစ်လုံးက ရွာထဲကိုကျပါတယ်"လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ တပ်မတော်ဘက်ကတော့ အဲဒီပစ်ခတ်မှုက အေအေဘက်က ပစ်တာလို့ ပြောသလို အေအေဘက် လည်း တပ်မတော်ဘက်က ပစ်တာလို့ ပြောပါတယ်။

"ဖုန်ညိုလိပ်တံတားကို ၁ နာရီကနေ ၁ နာရီခွဲအချိန်ထိ လာပစ်ပါတယ်။ နေရာ နှစ်နေရာကနေ အေအေက အရှေ့မြောက်ဘက်ကနေ ပစ်ပါတယ်။ အဲဒီ ပစ်ရင်းကနေ ကင်းတောင်ကျေးရွာထဲကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ အတွက်ကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပါတယ်" လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဘူးသီးတောင်မှာ တိုက်ပွဲမရှိဘဲ စိုင်းဒင်တံတားအနီးမှာ အခြေစိုက်ထားတဲ့ ခမရ ၅၅၁ က စစ်ကြောင်း တစ်ခု ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါ တယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၃ နှစ်ခွဲ ကလေး တစ်ဦး အပါအဝင် အသက် ၂၀ ကနေ ၃၀ ကြားရှိသူတွေ ဖြစ်ပြီး သူတို့ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးဟာ မိသားစုနှစ်စုက လူတွေဖြစ်ကြပြီး လက်နက်ကြီးကျည်ဟာ နေအိမ်နှစ်အိမ်အကြားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ဇန်နဝါရီ ၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပထမအပတ်အတွင်း မင်းပြား၊ မြောက်ဦး၊ ပလက်ဝနဲ့ မြေပုံမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန် ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုတွေ လျော့နည်းသွားခဲ့ပါတယ်။

ဒါ့ပေမဲ့ ဘူးသီးတောင်မြို့နယ်မှာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ရွာတွေထဲကို မကြာခ ဏ ဆိုသလို ကျရောက်ပေါက်ကွဲတာတွေ ဖြစ်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */